သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် SNLD ၏ မြို့နယ် အဆင့် ပါတီညီလာခံအား တောင်ကြီး မြို့၌ သုံးရက်ကြာ ကျင်းပပြီးနောက် သျှမ်းလူထု အပေါ် လူ့အခွင့် အရေးချိုးဖေါက် သည့်စီမံကိန်း များ ရပ်ပေးရန် ပါဝင်သည့် ကြေငြာချက်တစောင် ထုတ်ပြန်ကာ တောင်းဆိုလိုက်ခြင်း ဖြစ်သည်။
၂၀၁၄ မတ်ခ်ျလ ၂၄ မှ ၂၆ အထိ သုံးရက်ကြာ ကျင်းပသည့် အစည်းအဝေး၌ ဗဟိုကော် မတီဝင်များ ပြန်လည်ရွေးချယ်အသိအမှတ်ပြုခဲ့၏။ အစည်းအဝေးအပြီးတွင် မျက်မှောက် နိုင်ငံရေးအပေါ် သဘော ထားရပ်တည်ချက် ဒေသခံလူထုအပေါ်ခြိမ်းခြောက် နေသည့် အစိုးရ၏ စီမံကိန်းကြီးများ ရပ်ပေးရေး နှင့် တရားမဝင်သတ္တုတူးဖေါ်ရေးလုပ်ငန်းများ ပိတ်ပင်တားဆီးပေးရေးအစရှိအချက် များပါဝင်သည့် ကြေငြာချက်တစောင်ထုတ်ပြန်လိုက်သည်ဟု ပြောရေးဆိုခွင့်ရှိသူ စိုင်းလိတ်က ပြောသည်။
“ဒီအစည်းအဝေးကနေ ကျနော်တို့ပါတီရဲ့ သဘောထားကို ကြေငြာချက် ၉ ချက် နဲ့ ထုတ်ပြန်တယ်။ ငြိမ်းချမ်းကိစ္စ၊ ဖွဲ့စည်းပုံကိစ္စ၊ ကျန်ရှိနေသေးတဲ့ နိုင်ငံရေးအကျဉ်းသားတွေလွှတ်ပေးဖို့ကိစ္စတွေအပြင် တိုင်းရင်းသားပြည်သူလူထုရဲ့ အနာဂတ်နဲ့ သဘာဝအရင်းအမြစ်၊ သဘာဝသက်ရှိဖြစ်စဉ်အပေါ် ခြိမ်း ခြောက် လျှက်ရှိနေတဲ့ အစိုးရရဲ့ စီမံကိန်းတွေ ရပ်ပေးဖို့ သဘောထားထုတ်ပြန်လိုက်ပါတယ်” - ဟု ပါတီ၏ တွဲဖက် အတွင်းရေးမှူးလည်းဖြစ်သည့် စိုင်းလိတ်က ပြောသည်။
ထို့အပြင်လာမည့် ကြားဖြတ်ရွေးကောက်ပွဲ နှင့် ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်ရန် ဆန္ဒသဘောထားရှိသည်ဟုဆိုသော်လည်း ၂၀၀၈ ဖွဲ့စည်းပုံပြင်ခွင့်ရမရ၊ ရွေးကောက် ပွဲမျှတမည် မမျှတမည်အပေါ် မူတည်သည်ဟုလည်း ဆိုသည်။
သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် နှစ်ပတ်လည် မြို့နယ်စုံညီ အစည်းအဝေးသို့ ဗဟိုကော် မတီဝင်များ နှင့် မြို့နယ်အဆင့် ကိုယ်စားလှယ်များ စုစုပေါင်း လူအင်အား ၁၅၀ ကျော်တက်ရောက်ခဲ့ သည်။
သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်သည် ရန်ကုန်မြို့ ဗဟိုရုံးချုပ်အပြင် သျှမ်းပြည်နယ် အတွင်း၌ ရုံးခွဲပေါင်း ၃၃ ခု ဖွင့်လှစ်ခဲ့သည်။ သျှမ်းပြည်အရှေ့ပိုင်း၊ မြောက်ပိုင်းတို့တွင်လည်း ထပ်မံ တိုးချဲ့ ဖွင့်လှစ်မည်ဟု ပါတီဥက္ကဌ ခွန်ထွန်းဦးက ပြောသည်။