သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲ မြို့နယ် အတွင်း နေထိုင်သည့် RCSS/SSA ၏ လူထု ကိုယ်စား လှယ် ရွာသားများအား အစိုးရတပ်က ဖမ်းဆီး ရိုက်နှက် အကျဉ်း ချထားသည်ဟု ဒေသ အတွင်း သတင်းရပ် ကွက်ကပြောသည်။
လွန်ခဲ့သည့်မတ်လ ၂၂ ရက်နေ့က သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲခရိုင် ကျောက်မဲမြို့နယ် လွယ် ကုန်ကျေးရွာအုပ်စု၊ ဝမ့်မောက်ငါးဇန့်ကျေးရွာအတွင်း မြန်မာစစ်တပ် ခမရ ၅၀၃ ကလက်နက် ကြီး သုံးကြိမ် ပစ်ခတ်ခဲ့ပြီးနောက် ဝမ့်ကျောင်းလုံကျေးရွာဥက္ကဌ စိုင်းဆန်စံ နှင့် ရွာသား ၅ ဦးအား အစိုးရတပ်နှင့်ပူးပေါင်း တပ်ရင်းတခုက သျှမ်းသူပုန် အဆက်ဟုဆိုကာ ဖမ်းဆီးရိုက် နှက်ခဲ့ ကြောင်း၊ မတ်ခ်ျလ ၂၃ ရက်နေ့က စိုင်းဆန်စံအား ကျောက်မဲမြို့ ရဲစခန်းသို့ ပို့ဆောင် အကျဉ်းချထားကြောင်း ဒေသခံအကြီးအကဲ တဦးက ပြောသည်။
“ရွာသူကြီးလက်ထဲမှာ စကားပြောစက်တလုံးတွေ့လို့သိမ်းသွားတယ်။ ဒါ့ကြောင့် သူ့ကို ဖမ်း တယ် လို့ပြော တယ်။ လမ်းမှာ ရိုက်နှက်သတ်ဖြတ်ပြီး အလောင်းမဖျောက်ပစ်တာ ကံကောင်း တယ်။ ကျောက်မဲ ရဲစခန်းမှာအကျဉ်းချထားတာကြားလို့ လုပ်စရာ ဝိုင်းလုပ်ပေးနိုင်တာပေါ့” - ဟု တောင်ကြီးမြို့ ပြည်နယ်လွှတ်တော် အစည်း အဝေးတက်ရောက်နေသည့် ကျောက်မဲမြို့ ကျားဖြူပါတီ ဥက္ကဌ စိုင်းခမ်းကျော်ကပြောသည်။
ထို့နောက် မတ်ခ်ျ ၂၄ ရက်နေ့ကလည်း ကျောက်မဲမြို့အနီး နမ့်လင်းပွန်းကျေးရွာရှိ စားသောက် ဆိုင်တခုတို့ ဝင်ရောက်ကာ အထက်ဖေါ်ပြပါ အစိုးရတပ်က ဆိုင်ပိုင်ရှင် စိုင်းအောင်လင်းအား ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု ကျောက်မဲမြို့ကျားဖြူပါတီဝင်စိုင်းကွမ်းက သျှမ်းသံတော်ဆင့် သို့ ပြောသည်။
“ရိုက်နှက်ခံရတဲ့ ရွာသားတွေက အိုက်မန်၊ စိုင်းထွေး၊ စိုင်းကျော်စိန်၊ စိုင်းခိုင်၊ စိုင်းထေးပေါ့။ ရွာသူကြီး စိုင်းဆန်စံ နဲ့ အတူပေါ့။ အဲဒီရွာသားတွေကိုတော့ ဒဏ်ရာတွေနဲ့ ပြန်လွှတ်ပေးတယ်။ စိုင်းဆန်စံကိုတော့ ကျောက်မဲခေါ်သွားတယ်။ မနေ့ကတော့ နမ့်လင်းပွန်းက စားသောက်ဆိုင် ပိုင်ရှင် စိုင်းအောင်လင်းကို ထပ်ဖမ်းသွားတယ်။ ဘယ်မှာ သွားချုပ်ထားလဲမသိရသေးဘူး” - ဟု ပြောသည်။
ကျောက်မဲမြို့နယ်အတွင်း သျှမ်းပြည်တပ်မတော် RCSS/SSA , SSPP/SSA တပ်ဖွဲ့ဝင်များ သွားလာလှုပ်ရှား သည်။ အဆိုပါတပ်မတော် နှစ်ခုလုံးသည် ၂၀၁၂ ခုနှစ်ကတည်းက နေပြည် တော်အစိုးရနှင့် ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေးလက်မှတ် ထိုးထားပြီးဖြစ်သည်။