သျှမ်းမြောက် နမ့်ခမ်းမြို့ SNLD ပါတီဝင် သင်းလုံးကျွတ် အစည်း အဝေး ကျင်းပ

သျှမ်းမြောက် နမ့်ခမ်းမြို့ SNLD ပါတီဝင် သင်းလုံးကျွတ် အစည်း အဝေး ကျင်းပ
by -
သျှမ်းသံတော်ဆင့်

သျှမ်းပြည် မြောက်ပိုင်း၊ နမ့်ခမ်းမြို့တွင် SNLD ကျားခေါင်း ပါတီဝင် သင်းလုံးကျွတ် အစည်း အဝေးမှ သျှမ်းပါတီ နှစ်ခု ပူးပေါင်းရေးနှင့် ၂၀၁၅ ရွေးကောက်ပွဲ အကြောင်း အကျယ်တဝင့် ဆွေးနွေးကာ ပါတီတွင်း ဆန္ဒမဲ ပေးခဲ့ကြ သည်ဟု သျှမ်းသံ တော်ဆင့်မှ စုံစမ်း သိရှိ ရသည်။  

နမ့်ခမ်းမြို့SNLD သင်းလုံးကျွတ်အစည်းအဝေး

အစည်းအဝေးကို ကောင်းနောင်မိုရပ်ကွက် SNLD ကျားခေါင်းပါတီရုံးမျက်နှာချင်းဆိုင်ရှိ (တိုင်း)ဧည့်ကြို ခန်းမ၌ မတ်ချ်လ ၁၄ ရက်က ကျင်းပခဲ့ပြီး နမ့်ခမ်းမြို့နယ် ကျားခေါင်းပါတီဝင် ၂၇၅ ဦးတက် ရောက်ခဲ့ သည်ဟု အစည်း အဝေးမှတ်တမ်းအရ သိရသည်။
 
ပါတီဝင်များ၏  ဆန္ဒကိုကောက်ခံသည့်အနေဖြင့် မဲ  (၂) ခုပေးစေကြောင်း နမ့်ခမ်းမြို့ SNLD ပါတီ အတွင်းရေး မှူး စိုင်းမောက်ဆိုင်ကပြောသည်။
 
၄င်းဆန္ဒမဲမှာ A . SNLD ကျားခေါင်းပါတီ နှင့် SNDP ကျားဖြူပါတီ တို့သည် (၁) ၂ ပါတီပူးပေါင်းပြီး တစ်ပါတီအ ဖြစ်ပေါင်းစည်းသင့်သည်။ (၂) ပါတီ ၂ ခုရပ်တည်ပြီး လုပ်ငန်းပူးပေါင်းဆောင်ရွက် သွားသင့်သည်။ (၃) ပါတီ ၂ ခု ရပ်တည်ပြီး လုပ်ငန်းပူးပေါင်းဆောင်ရွက်သွားရန်မသင့် ။ B. SNLD ပါတီသည် ၂၀၁၅ ရွေးကောက်ပွဲတွင် (၁) ၀င်ရောက်သင့်သည် ။ (၂) မဝင်ရောက်သင့်ပါ- ဟူ၍ပါဝင်ပြီး ပါတီဝင်အား မိမိသဘောထားအတိုင်း  ဆန္ဒမဲပေးစေကြောင်း ၄င်းကဆိုသည်။
 
“ ဆန္ဒမဲတွေကို ကျနော်တို့ ရေတွက်ကြည့်တဲ့အခါ A  မေးခွန်းမှာ တပါတီအဖြစ်ပူးပေါင်းဖို့ ထောက်ခံ တာက ၂၀ မဲ၊ ပါတီမပူးပေါင်းဘဲ လုပ်ငန်းပူးပေါင်းစေလိုတာက  ၂၅၂ မဲ၊ ပါတီရော လုပ်ငန်းရော မပူးပေါင်းစေလိုတာက ၃ မဲ နဲ့ ကြားနေမဲက ၁ မဲ ။  B မေးခွန်းမှာကျတော့ ၂၀၁၅ ရွေးကောက်ပွဲ ဝင်ရောက်သင့်တယ်လို့မဲပေးတာက   ၃၁ မဲ ၊ မဝင်ရောက်သင့်ဆိုတာက ၂၄၁ မဲ ၊ကြားနေ ၃ မဲ ဖြစ်တယ်” ဟု မဲရေတွက်ရေးတာဝန်ခံ နမ့်ခမ်းမြို့ SNLD ပါတီ ဒု - အတွင်းရေးမှုး စိုင်းဆိုင်ဖ ကပြောသည်။
 
ဆန္ဒမဲများ ရေတွက်ပြီးနောက် ယခုလတောင်ကြီးမြို့၌ ပြုလုပ်ကျင်းပမည့် SNLD ပါတီ  မျက်နှာစုံညီပွဲ တက် ရောက်မည့် ကိုယ်စားလှယ် (၃) ဦး ကိုရွေးချယ်ခဲ့ကြသည်။  
 
 နမ့်ခမ်းမြို့ SNLD ပါတီဝင် သင်းလုံးကျွတ်အစည်းအဝေးခေါ်ယူရခြင်းရည်ရွယ်ချက်မှာ SNLD ဌာနချုပ် ညွှန်ကြား ချက်အတိုင်း လိုက်နာလုပ်ဆောင်နေကြောင်း ဌာနချုပ်မှသိရှိစေရန် ၊ သင်းလုံးကျွတ် အစည်း အဝေး မကျင်း ပ သေးသော  ရုံးခွဲများ သိရှိကာ အတုယူကျင်းပစေရန် နှင့် နမ့်ခမ်းမြို့ SNLD ပါတီဝင် များ၏ ဆန္ဒသ ဘော ထား ကို ဌာနချုပ်နှင့်ပြည်သူအများသိရှိစေရန် ရည်ရွယ်ကြောင်း နမ့်ခမ်းမြို့ သျှမ်းတိုင်းရင်းများဒီမိုကရေစီ အဖွဲ့ချုပ် SNLD ပါတီ  ဥက္ကဌ  စိုင်းလိန်မြတ် ထံမှသိရသည်။

Most read this week