တန့်ယန်းမြို့ အာဏာပိုင်နှင့် ဒေသတွင်း ပြည်သူ့စစ်ပေါင်း လောင်းကစားရုံဖွင့်

တန့်ယန်းမြို့ အာဏာပိုင်နှင့် ဒေသတွင်း ပြည်သူ့စစ်ပေါင်း လောင်းကစားရုံဖွင့်
by -
သျှမ်းသံတော်ဆင့်

သျှမ်းပြည်နယ် မြောက်ပိုင်း တန့်ယန်းမြို့တွင် အာဏာပိုင်နှင့် ဒေသတွင်း ပြည်သူ့စစ် ပူးပေါင်းပြီး လောင်းကစားရုံဖွင့်နေကြောင်း စုံစမ်း သိရှိရသည်။

 တန့်ယန်းမြို့လယ်ရှိ ရဲစခန်းနှင့် အထက်တန်းကျောင်း ကြား စည်ပင်သာယာပိုင် မြကန်သာ ပန်းခြံအတွင်း ၌  HAPPY COUNTRY ခေတ်မှီအားကစားကွင်းနာမည်ဖြင့် တီဗီဂိမ်းလောင်းကစားစက် (ငါးမန်းဂိမ်း) ထောင်  လောင်းကစားလုပ်ကိုင်နေကြောင်း  ဒေသခံစိုင်းအိုက် ကဆိုသည်။

“ကျောင်းသားလူငယ်တွေရော  အမျိုးသမီးတွေရောလာပြီး လောင်းကစားကြတာတွေ့ရတယ်၊ တစ်နေ့  လောင်းကစားသမားတွေဆီက ရတဲ့ဝင်ငွေ တနေ့ ကျပ် ၁၀ သိန်းကနေ သိန်း ၃၀ အထိရှိတယ်။လောင်းကစား ကြောင့် ကျနော်တို့ မြို့မှာ ခိုးဆိုးလုယက်မှုလည်း နေ့တိုင်းလိုလိုဖြစ်ပေါ်နေပြီ”  ဟု ၄င်း ကပြောသည်။

တန့်ယန်းမြို့တွင် တီဗီဂိမ်းလောင်းကစားရုံ သုံးရုံဖွင့်ထားကြောင်း၊ ၄င်းတို့မှာမြကန်သာ ပန်းခြံတွင်း၌ (၁) ရုံ၊ ရပ်ကွက်(၁) နှင့် ရပ်ကွက်(၃) တို့တွင် (၁)ရုံ စီရှိကြပြီး၊ အဆိုပါလောင်းကစားရုံများအနီးတွင် အပေါင်ဆိုင်များ ပါ ဖွင့်လှစ်ထားကြောင်း၊ လူငယ်များတစ်နေ့ထက်တစ်နေ့ စာရိတ္တပိုမိုပြီးပျက်ပြားလာတာတွေ့ရကြောင်းဒေ သခံ နန်းမြအီ ကဆိုသည်။

“ လောင်းကစားတွေပေါလာတာကြောင့် ကျမတို့မြို့မှာ ဘုန်းကြီးကျောင်းမချန်  တက်ခိုးတာလည်းရှိတယ်၊ အိမ်ဖောက်ထွင်းမှု  ခါးပိုက်နှိုက်မှု  ဆိုင်ကယ်ခိုးမှု နေ့စဉ်ညဆက်ဖြစ်ပေါ်နေတယ်၊ ယာဘစိတ်ကြွဆေး (မြင်းဆေး) သုံးစွဲတဲ့ ဆယ်ကျော်သက်လူငယ်များလည်းပိုများလာတာတွေ့ရတယ်” ဟု  ၄င်းက သျှမ်းသံတော်ဆင့် ကိုပြောပြသည်။

တန့်ယန်းမြို့ရှိ တီဗီဂိမ်းလောင်းကစားရုံ များကို မန့်ပန်ပြည်သူ့စစ် ခေါင်းဆောင် ဦးစိုင်းမွန်း ၏ သမီး နှင့် တပ်မတော်အရာရှိဟောင်း တပ်ကြပ်ကြီး ဦးမြတ်သူ တို့ ပိုင်ဆိုင်ကြပြီး ဒေသတွင်းအာဏာပိုင် များနှင့် ပူးပေါင်းဖွင့် လှစ်ထားကြောင်း ဒေသခံများထံမှ သိရှိသည်။

Most read this week