ကျောက်မဲခရိုင်အတွင်း ယနေ့ည တိုက်ပွဲအပြင်းအထန်ဖြစ်ပွား

ကျောက်မဲခရိုင်အတွင်း ယနေ့ည တိုက်ပွဲအပြင်းအထန်ဖြစ်ပွား
by -
သျှမ်းသံတော်ဆင့်

သျှမ်းပြည်မြောက်ပိုင်းကျောက်မဲခရိုင် မိုင်းငေါ့မြို့ နယ်ခွဲအတွင်း စစ်အင်အားဖြည့်လှုပ်ရှားနေသည့် အစိုးရတပ်နှင့် ဒေသအတွင်း သွားလာသည့် ဒေသခံတိုင်းရင်းသား လက်နက်ကိုင်တပ်ပေါင်းစုတပ်တို့ ဇန်နဝါရီ ၉ ရက်နေ့ ညဦးပိုင်း၌တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့သည်။

မိုင်းငေါ့မြို့ အနောက် မြောက်ဘက် ၆ မိုင်ခန့်အကွာရှိ နမ့်တွေရွာ ဝမ့်ဟွေ့ဝမ့်ဝိန်းရွာဘက်၌ ဂျန္နဝါရီ ၁၀ ရက် ယနေ့ည ၈ နာရီခန့်မှစ၍တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ လက်နက်ကြီးသံ ၆ ကြိမ်ဆက်တိုက်ကြားရပြီး လက်နက်   ငယ်လည်း မရပ်မနားပစ်ခတ် သည်ကို ကြားရကြောင်း ဒေသခံများက ပြောပါသည်။

“လွတ်လပ်ရေးနေ့ပြီးနောက်တရက်  ဒီလ ၅ ရက် ၆ ရက်နေ့ က စပြီး စကခ ၁ လက်အောက်ခံ တပ်ရင်း ၅     ရင်းထက်မနည်း အင်အားဖြည့်လာတာ။ ရွာထဲမှာ ဗမာစစ်သားတွေချည်းဘဲ။ တောင်ပေါ်မှာလဲ လက်နက်      ကိုင်တပ်ဖွဲ့တွေ ချိန်ထားတယ်။  ၄-၅ ရက်ရှိပြီ အခုမှပေါက်ကွဲတာ” - ဟု ဒေသခံအကြီးအကဲ တဦးကပြော  သည်။

ဒေသခံ နန်းခမ်းက ‘ တိုက်ပွဲဖြစ်ရင်ကြောက်ရတာက တိုက်ပွဲအစစ်မဟုတ်ဘဲ ရွာဘက်ပြောင်းလှည့်ပစ်လာ တာ အကြောက်ဆုံး။  မိုင်းငေါ့ မှာ  အဲလို ခဏ ခဏ ဖြစ်တတ်လို့’ - ဟုပြောသည်။

စစ်ရေးတင်းမာနေဆဲကျေးရွာများမှာ နမ့်ခဲမ်းရွာသစ်(ချုံးရွာသစ်)၊ နမ့်ခဲမ်းရွာဟောင်း (ချုံးရွာဟောင်း)၊မမူရွာနှင့် ယခုပစ်ခတ်မှုဖြစ်ပွါးနေသော နမ့်တွေရွာ ဝမ့်ဟွေ့ ဝမ့်ဝိန်းရွာတို့ဖြစ်သည်။

သျှမ်းပြည်တပ်မတော် RCSS/SSA ပိုင် တိုင်းဖရီးဒမ်း ဝဲပ်ဆိုဒ်တွင်လည်း ဂျန္နဝါရီလ ၆ ရက်က ကျောက်မဲမြို့ နယ် တောင်ဆေးလိပ်ကျေးရွာအုပ်စုအတွင်း မြန်မာအစိုးရတပ်နှင့် RCSS တို့ နာရီဝက်ခန့် တိုက်ပွဲဖြစ်ပွား ခဲ့သေးသည်ဟုဆိုသည်။

ကျောက်မဲမြို့နယ်(မန်း- ရှိုးကားလမ်းတောင်ဘက်ခြမ်း) တွင် သျှမ်းပြည်တပ်မတော် RCSS/SSA တို့လှုပ်ရှား ပြီး ကားလမ်းမြောက်ဘက်ခြမ်းတွင်မူ အဆိုပါတပ်ဖွဲ့အပြင် တပ်ပေါင်းစုတပ်ဖွဲ့များဖြစ်ကြသည့် သျှမ်းပြည် တပ် မတော် SSPP/SSA ၊ ကချင်လွတ်လပ်ရေးတပ်မတော် KIA ၊ ပလောင် အမျိုးသားလွတ်မြောက်ရေးတပ်  မတော် TNLA တို့ ပူးပေါင်းလှုပ်ရှားပါသည်။ အဆိုပါကားလမ်းမြောက်ဘက်ခြမ်းတွင် မြန်မာအစိုးရတပ်         အင်အား ၁၀၀၀ ထက်မနည်း ယခုလ ဆန်းပိုင်းမှစ၍ တိုးချဲ့လှုပ်ရှားလာသည်။

Most read this week