သစ်ပင်မြတ်နိုးသူ လူငယ်များ လူထုအား တွေ့ဆုံ၍ သစ်ပင်စိုက်ပျိုးခြင်း ရှင်းလင်း

သစ်ပင်မြတ်နိုးသူ လူငယ်များ လူထုအား တွေ့ဆုံ၍ သစ်ပင်စိုက်ပျိုးခြင်း ရှင်းလင်း
by -
သျှမ်းသံတော်ဆင့်

သျှမ်းပြည် အရှေ့ပိုင်း ကျိုင်းတုံလူငယ်များ စုပေါင်း ဖွဲ့စည်းထားသည့် အစိမ်းရောင် ပတ်ဝန်းကျင် နှင့်သစ်ပင် မြတ်နိုးသူများ အသင်းက ဌာနဆိုင်ရာနှင့် ဒေသခံလူထုအား ပထမအကြိမ် တွေ့ဆုံကာ   အသင်းလှုပ်ရှား မှုများနှင့် ပတ်ဝန်းကျင် ထိန်းသိမ်း ရေး လုပ်ငန်းများ ရှင်းလင်းခဲ့သည်ဟု  စုံစမ်း သိရှိရပါသည်။

ကျိုင်းတုံမြို့နယ် သစ်တောဦးစီးဌာနက ကမကထပြုပြီး အစိမ်းရောင်ပတ်ဝန်းကျင်အသင်းအား လူထုနှင့်တွေ့ ဆုံရန် စီစဉ်ပေး ခဲ့ မှုကြောင့် ကျိုင်းဖောင်းရွာရှိ သစ်တောရုံးတွင် ယခုလ ၅ ရက်နေ့က တွေ့ဆုံနိုင်ခဲ့ကြ ကြောင်း ၊တက်ရောက်နား ထောင်ဆွေးနွေးသူ ဒေသတွင်းလူငယ်၊ မြို့နယ် အာဏာပိုင်အဖွဲ့အစည်းနှင့် စည်ပင်ဝန်ထမ်း ၆၀ နီးပါးရှိကြောင်းဆိုပါသည်။

keng tung environment
“ ကျိုင်းတုံ မြို့နယ် သစ်တောဦးစီးမှူး ဦးစိုးလွင်သူ က ကျိုင်းတုံမြို့နယ်ပတ်ဝန်းကျင် အကြောင်းအကျဉ်းချုံး ပြောပြီး အခမ်း အနား စတင်တယ်။ နောက်ပြီးတော့ စိုက်ပျိုးမယ့် မြေနဲ့ အဲဒီမြေနဲ့သင့်တော်မယ့်အပင် တွေအကြောင်းဆွေးနွေးတယ်။  သစ် ပင်စိုက်ပျိုးချင်တဲ့သူတွေကို   သစ်တောဦးစီးဌာနကနေ ပျိုးပင်တွေ အခမဲ့ပေးမယ်လို့ပြောသွားပါတယ်”  ဟု အခမ်းအနား တက်ရောက်ခဲ့သူ အသင်းဝင်လူငယ်တဦးကပြော သည်။

အဆိုပါ တွေ့ဆုံမှုကြောင့် တက်ရောက်နားထောင်သူ ဒေသခံတော်တော်များများက အသင်း၏လှုပ်ရှား မှုအကြောင်းကို နားလည်ကာ ပူးပေါင်းလက်တွဲဖို့ ပြောဆိုကမ်းလှမ်းလာမှုများရှိသည်ဟုဆိုပါသည်။

“သစ်တောအာဏာပိုင်တွေကလဲ ကျနော်တို့သစ်တောကြိုးဝိုင်းလုပ်ချင်ရင် ၁ ဧက ကနေ ဧက ၅၀၀ အထိ လျှောက်ထားနိုင် တယ်လို့ ခွင့်ပြုတယ်။ ကျနော်တို့က ရွာသားတွေ ထင်းလိုရင် ခုတ်ယူသုံးနိုင် အောင် ရည်ရွယ်ပါတယ်။ နောက်ပြီး   သစ်တော ထိန်းသိမ်းရာရောက်တာပေါ့ ။ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအတွက်ပါ” - ဟု အသင်းဥက္ကဌ စိုင်းခမ်းနိုင်ကပြော ပါသည်။

သစ်တောဦးစီးဌာနက သာမက စေတနာရှင်များ အဲန်ဂျီအိုအဖွဲ့အစည်းများကပါ အသင်းလိုအပ်ချက်များ အတွက် အကူအညီပေးသွားမည်ဟု နှုတ်ကတိ ပေးခဲ့ကြောင်းဆိုပါသည်။

“  ကျနော်တို့ အရမ်းဘဲဝမ်းသာပါတယ်။ ဒီဆွေးနွေးပွဲကနေ ကျနော်တို့လုပ်ငန်းအကြောင်း ရှင်းပြရ တဲ့အတွက်လဲ အဘက်ဘက်ကို ကျေးဇူးတင်ပါတယ်။  ကျနော်တို့နဲ့အတူ လက်တွဲကြဖို့လည်း စည်းရုံးခွင့် ရခဲ့ပါတယ်။”  - ဟု စိုင်းခမ်းနိုင် ကပြောပါသည်။

အစိမ်းရောင်ပတ်ဝန်းကျင်နှင့်သစ်ပင်မြတ်နိုးသူများအသင်းကို ယမန်နှစ် စက်တင်ဘာလက မြို့နယ်အုပ် ချုပ်ရေးမှူးရုံးသို့ မှတ်ပုံတင်ရန် အတွက် လျှောက်ထားပြီး မြို့နယ်ရုံးမှတဆင့် ခရိုင်ရုံးသို့ နိုဝင်ဘာလက ပို့လိုက်ပြီဖြစ်ကြောင်း ဆိုပါသည်။ အသင်းစတင်ဖွဲ့စည်းသည့် ယမန်နှစ်မှစပြီးယခုချိန်အထိ မယ်ဇလီနှင့် ကုက္ကိုပင် ၅၀၀ ထက်မနည်း    စိုက်ပျိုးခဲ့ပြီးဖြစ် ကြောင်း စိုင်းခမ်းနိုင်ကပြောသည်။

အဆိုပါသစ်ပင်များအား ကျိုင်းတုံမြို့အထင်ကရ သစ်တပင်တောင်၊  စွမ်မွမ်းဘုရားဝင်းနှင့်လွယ်လုံ ဒေသဘက်တွင် စိုက်ပျိုးခဲ့ကြောင်း ဆိုပါသည်။

 စိုက်ပျိုးထားသည့်အပင်များ ရှင်သန်အောင် အသင်းသားများက ၂ လ တကြိမ် ရေလောင်း ပေါင်းမြက်ရှင်း ပြုစုခြင်းပြု လုပ်ခဲ့ကြောင်း  ၊ လက်ရှိအသင်း၏ ရပ်တည်နေမှုမှာလည်း အသင်းသားများမှ စေတနာ အလျောက် စုပေါင်းထဲ့ဝင်ထားသည့် ရံပုံငွေဖြင့် သာဖြစ်ကြောင်း စုံစမ်းသိရှိရပါသည်။ ခဲ့ဖူးပါသည်။

Most read this week