တောင်ကြီးမြို့ ၊ မြို့မရပ်ကွက် ပေါက်ကွဲမှု ဖြစ်စဉ် နှင့်ပတ်သက်၍ လက်လုပ်မိုင်းမဟုတ် ငါးဖမ်းမိုင်းသာဖြစ် ကြောင်း သျှမ်းပြည်နယ် ရဲတပ်ဖွဲ့က ပြောပါသည်။
ယင်းပေါက်ကွဲမှုတွင်ဒဏ်ရရှိသူ အိမ်ရှင်ဦးမြင့်သိန်း သည် နမ့်ပွန်ချောင်းတွင် ငါးဖမ်းရန်အတွက် ၄င်း၏ မိတ်ဆွေ ကိုရဲလွင်ဆိုသူအား ပိုက်ဆံ တစ်သိန်း ပေး၍ ပြုလုပ်ခိုင်းခြင်းဖြစ်ကြောင်း ၊ ထိုမိုင်းအားခြေ ထောက်ဖြင့်ဖိ၍ ဖြုတ် နေစဉ်ရုတ်တရက် ပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်း စစ်ဆေးချက်အရသိရသည်ဟု ပြည်နယ်ရဲတပ်ဖွဲ့ ရဲမှူး ဦးဝင်းထွန်းမှ ရှင်းပြခဲ့သည်။
“အဲဒီမိုင်းတွေမှာသုံးတဲ့ယမ်းဟာ မီးပုံးပျံလုပ်ရာမှာ သုံးတဲ့ယမ်း ဖြစ်ပါတယ်။ စစ်မြေပြင်အင်ဂျင်နီယာတပ်၊ CID မှုခင်းတပ်ဖွဲ့ က ကျွမ်းကျင်ပညာရှင်တေတွနဲ့ တောင်ကြီးသက္ကသိုလ်က ဇီဝ ဓာတု ပါမောက္ခ တွေလဲ စစ်ဆေးမှုတွေပြုလုပ်ပြီးပါပြီ။ ငါးဖမ်းဖို့ မိုင်းဖြစ်ပါတယ် ” ဟု ရဲမှူးက တရားဝင်ထုတ်ဖော်ပြောကြားပါသည်။
မိုင်း ပြုလုပ်ပေးခဲ့သူ ကိုရဲလွင် အားလည်း နောက်ဆက်တွဲတရားခံအဖြစ် ဦးမြင့်သိန်း နည်းတူ ပေါက်ကွဲမှု ဖြင့်အရေးယူ ထားကြောင်း၊ ငါးမိုင်းခွဲခြင်း သည်လည်း ဥပဒေနှင့်မညီသောကြောင့် ငါးမိုင်းခွဲသူများ အားတွေ့ ရှိပါက ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း ၄င်းမှဆက်လက် ပြောကြားခဲ့သည်။
ဒီဇင်ဘာလ ၈ ရက် ညက တောင်ကြီးမြို့ ၊ မြို့မရပ်ကွက်တွင် အလယ်ဗလီ ဥက္ကဌ ဦးမြင့်သိန်း၏ နေအိမ်တွင်း ပေါက်ကွဲမှု ဖြစ်ပွါးခဲ့ရာ အိမ်ရှင်မှာ ခြေထောက်တွင် ဒဏ်ရာရရှိခဲ့ပါသည်။
အလယ်ဗလီ ဥက္ကဌ ဦးမြင့်သိန်း သည် ရ နှစ်သားအရွယ်ကတည်းက တောင်ကြီးမြို့သို့ အခြေချနေထိုင် ခဲ့ကြောင်း ယခုနှစ်သည် ဗလီဥက္ကဌ သက်တမ်း (၈) နှစ် ရှိပြီဖြစ်ကြောင်း သက်ဆိုင်ရာများထံမှ သိရပါသည်။