သျှမ်းနိုင်ငံရေး အကျဉ်းသား ၉ ယောက် လွှတ်မြောက်

သျှမ်းနိုင်ငံရေး အကျဉ်းသား ၉ ယောက် လွှတ်မြောက်
by -
သျှမ်းသံတော်ဆင့်

နိုဝင်ဘာလ ၁၅ ရက်နံနက်ပိုင်း၌ သမ္မတ ဦးသိန်းစိန်က  နိုင်ငံရေးအကျဉ်းသားများ  ၆၉ ယောက် ထပ်မံလွှတ် ပေးရာတွင်  သျှမ်းနို်င်ငံရေးအကျဉ်းသား ၉ ယောက် ပါဝင်ကြောင်း သတင်းရရှိသည်။

သျှမ်းနိုင်ငံရေး အကျဉ်းသား ၉ ဦးမှာ သီပေါထောင်မှ သျှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ/ သျှမ်းပြည် တပ်မတော်   RCSS/SSA အဖွဲ့ဝင် ၃ ဦး ၊ မန္တလေးထောင်မှ SSLA  အဖွဲ့ဝင် ၅ ဦး နှင့် ရန်ကုန် ထောင်မှ ၁ ဦး ပါဝင်ကြောင်းသတင်းရရှိသည်။

အကျဉ်းသား လွှတ်မြောက်ရေး ကော်မတီဝင် ဦးစိုင်းညွန့်လွင် က “ နိုင်ငံရေး နဲ့ပတ်သက်တဲ့လူ အားလုံး ကို လွှတ်ပေးမယ်လို့ သူက (အစိုးရ ) ပြောတယ် ၊  ကျွန်တော်တို့ ဘက်က စာရင်းတင်ထား နဲ့အထဲမှာ လွှတ်ဖို့  ၅ ယောက် ကျန်ပါတော့တယ်” ဟု ပြောသည်။

အဆိုပါ ၅ ဦးမှာ ရွှေဘိုထောင်မှ ၁ ဦး ၊ မြိတ်ထောင်မှ ၁ ဦး ၊ တာမွေထောင်မှ ၂ ဦး နှင့် အင်းစိန်ထောင်မှ  ၁ ဦး ကျန်ရှိကြောင်း  ဆိုပါသည်။

အဆိုပါအကျဉ်းသားများအနက် တချို့မှာ ယခင် စစ်အစိုးရ လက်ထက်ကတည်းက အဖမ်းခံရဖြစ်ပြီး တချို့မှာ သမ္မတ  ဦးသိန်းစိန် လက်ထက်တွင်မှ ဖမ်းဆီးခြင်း ခံကြရသည်။  သျှမ်းပြည်တိုးတက်ရေး ပါတီ SSPP / SSA   နှင့်  သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS / SSA   မှ တပ်ဖွဲ့ဝင်များ အများဆုံးဖြစ်ပါ သည်။

“အစိုးရကတော့ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးကိုဘဲ  ဦးတည်ပြီးတော့ လွှတ်တယ်လို့ ယူဆရတယ်’’ ဟု ပင်လုံမြို့ခံ  ဦးစိုင်းလောဝ်က  ပြောသည်။

ယခုတသုတ် ပြန်လည်လွှတ်မြောက်လာသည့်  နိုင်ငံရေး အကျဉ်းသားများမှာ အင်းစိန်ထောင် ၊ မြင်းခြံ ထောင် ၊ သာယာဝတီထောင် ၊ တောင်ငူထောင် ၊ ရွှေဘိုထောင် ၊ မုံရွာထောင် ၊ ပုသိမ်ထောင် ၊ သထုံထောင် ၊ ရန်ကုန် ထောင် ၊ အင်္ဂပူထောင် ၊ ရဲဘက်စခန်းထောင် ၊ ဗန်းမော်ထောင် ၊ မြစ်ကြီးနားထောင် ၊ သီပေါထောင် ၊ကျိုင်းတုံထောင် ၊ စစ်တွေထောင် ၊ သံတွဲထောင် နှင့် ဘူးသီးထောင် စသည့် အကျဉ်း ထောင် များမှ ဖြစ်သည်။

Most read this week