ကျေးလက်လူထုအား မြန်မာစစ်ကြောင်းကြားညှပ်ပြီးဆုတ်ခွာ

ကျေးလက်လူထုအား မြန်မာစစ်ကြောင်းကြားညှပ်ပြီးဆုတ်ခွာ
by -
သျှမ်းသံတော်ဆင့်

သျှမ်းပြည်တောင်ပိုင်း ကွန်ဟိန်းမြို့နယ်အတွင်း ယခုလဆန်းပိုင်းက တိုက်ပွဲများဖြစ်ပွါးပြီးနောက်ပိုင်း  မြန်မာ စစ်တပ်ပြန်လည်ဆုတ်ခွာရာတွင် ကျေးလက်လူထုအား စစ်ကြောင်းကြားညှပ်ပြီး ကားလမ်းမကြီးအထိ လိုက်ပို့စေကြောင်း ကွန်ဟိန်းမြို့ခံများက ပြောသည်။

“၁၃ ရက်နေ့တုန်းက မြန်မာစစ်ကြောင်းတွေ တပ်ဆုတ်တယ်။ အဲတာ ဝိန်းဖွီးရွာသားတွေကို ဘုန်းကြီး ကျောင်းမှာ အစည်းအဝေးခေါ်ပြီး နမ့်မော်ငင်းရွာ (ကားလမ်းပေါက်တဲ့နေရာ) အထိ လိုက်ပို့ခိုင်းတယ်။ ရွာသားတွေက စပါး ရိတ်ချိန်ရောက်လို့ မအားလို့ လိုက်မပို့ပါရစေနဲ့ တောင်းပန်လဲမရဘူး ။ ကျောင်းတံ ခါး ပိတ်ပစ်လိုက်တာ။ လိုက် ပို့ပါမယ် အာမခံမှ တံခါးဖွင့်ပေးတာ” ဟု ကွန်ဟိန်းမြို့  ဒေသခံ စိုင်းဦးက ပြောသည်။

မိုင်းဇန်မြို့နယ်ခွဲ အခြေစိုက် မြန်မာစစ်တပ် ခလရ ၁၅၀ က ကွန်ဟိန်းမြို့နယ်၊ ကျိန်းလုံးအုပ်စုဘက် သွား ရောက် လှုပ်ရှားရာ ယခုလဆန်းပိုင်းက သျှမ်းပြည်တပ်မတော်နှင့် ထိပ်တိုက် ရင်ဆိုင်တိုက်ပွဲ များဖြစ်ပွါး သောကြောင့် ကျေးလက်လူထု ရာချီ စစ်ဘေးရှောင်နေရသဖြင့် ကွန်ဟိန်းမြို့နယ်၊ ပြည်သူ့လွှတ်တော်အမတ် နန်းဝါနုက မြန်မာငြိမ်းချမ်းရေးဖော်ဆောင် ရေးလုပ်ငန်းကော်မတီ အကြီးအကဲထံ စာရေးကြောင်းကြား ပြီးနောက် မြန်မာစစ်ကြောင်းက တပ်ဆုတ်ပေးလိုက်ခြင်း ဖြစ်သည်။

“ စစ်သား ၃-၄ ယောက်ကြား ရွာသားတယောက် ညှပ် ခေါ်သွားတယ်။ အားလုံးပေါင်းရွာသား ၁၈ ယောက်က လိုက်ပို့ရတာ။  ရ မိုင်လောက်သွားမှ ကားလမ်းပေါက်တဲ့နေရာရောက်တာ။ စစ်ယာဉ်တန်း ၃-၄ စီး နဲ့ သူတို့ကို လာကြိုသွားတယ်။ ဘာဘဲဖြစ်ဖြစ် သေနတ်သံမထွက်တော့ရင်တော့ စိတ်အေးလက်အေး စပါးရိတ်နိုင်ပြီပေါ့”  ဟု စိုင်းမွန်းက ဆက်ပြောသည်။

ပြီးခဲ့သည့် စက်တင်ဘာလနှောင်းပိုင်းတွင် ကာကွယ်ရေးဦးစီးချုပ်ကြီး ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က တပ်မ၊ တပ်ရင်းများအား “ လူထုအားဖမ်းဆီး၍ လမ်းပြစေခြင်း၊ ပေါ်တာထမ်းပေးခိုင်းခြင်း၊ ရိုက်နှက်ခြင်း မပြုရန် နှင့် မတရားသောနည်းလမ်းဖြင့် ရိက္ခာရှာခြင်းမပြုရန်” ဟူ၍ အမိန့်ချ ထားသော်လည်း  ယနေ့တိုင်  မြန်မာစစ်တပ်ဖက်မှ လိုက်နာခြင်း မရှိသေးပေ။

Most read this week