တောင်ကျချောင်းရေကြောင့် နမ္မတူမြို့နယ်အတွင်းရေလျှံနေအိမ်များပျက်စီး

တောင်ကျချောင်းရေကြောင့် နမ္မတူမြို့နယ်အတွင်းရေလျှံနေအိမ်များပျက်စီး
by -
သျှမ်းသံတော်ဆင့်

သျှမ်းပြည်မြောက်ပိုင်း၊ နမ္မတူမြို့နယ်အတွင်း အောက်တိုဘာ ရ ရက်နေ့က  မိုးသည်းထန်စွာရွာသွန်းမှု ကြောင့် အချို့လူနေအိမ်များ ရေနှင့်အတူ မျောပါသွားသည်ဟု ဆိုသည်။

ယင်းမိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဆိုက်ခေါင်ကျေးရွာအုပ်စုရှိကောင်းကလားချောင်း၊ နမ့်တောင် ကုန်းကျေးရွာအုပ်စုရှိ နမ့်မီချောင်းများ ရုတ်တရက်လျှံတက်လာသဖြင့် ရွာသားများ ညတွင်းချင်း ရေဘေး ရှောင်ခဲ့ရကြောင်း ဒေသခံစိုင်းအိုက်ဖေက ပြောသည်။

nump yao

စိုင်းအိုက်ဖေက “တညလုံးမိုးရွာချလို့လေ၊ ကလားချောင်းရေကြီးလို့ ဆိုက်ခေါင်အုပ်စု နမ့်ကန်ရွာက အိမ်တွေ ကို ၀င်တိုက်တာ။  နမ့်တောင်ကုန်းအုပ်စု ပိန်းလုံရွာကတော့ နမ့်မီချောင်းရေကြီးတာ။ တောင်ကျ ရေတွေက မတရားဆင်းလာတော့ ရွာသားတွေ ညတွင်းချင်း  ထွက်ပြေးရတယ်လေ။ နမ့်ကန်ရွာက ကျားဖြူပါတီဝင် စိုင်းဆန်ပန်းအိမ်ဆို  ဘာမှမကျန်ဘူး” ဟု ပြောသည်။

ရေရုတ်တရက်ဝင်တိုက်မှုကြောင့် စိုင်းဆန်ပန်းအိမ်မှ ငွေကျပ် ၁ သိန်းခွဲ၊ အိမ်အသုံးအဆောင်အိုးခွက် ပန်းကန်နှင့် အိမ်ပြင်ရန်စုထားသည့် သစ်များအားလုံးရေနှင့်အတူ ပါသွားကုန်သည်ဟုဆိုသည်။

ရေဘေးကြုံ ရွာသားများအတွက် ဒေသတွင်းမှ ကျောင်းထိုင်ဆရာတော်ဘုရားများဦးဆောင်ကာ အုပ်စုအုပ် ချုပ်ရေးမှူးများ၊ ၀ုန်းမေတ္တာအသင်း နှင့် ရွာသားများ အလှူငွေ စုဆောင်းကာကူညီ ထောက်ပ့ံမှုများ ပေးခဲ့ သည်ဟု ဘုရားဒါယိကာတစ်ဦး ကပြောသည်။

ယခုကဲ့သို့ နမ့်မီချောင်း နှင့် ကလားချောင်း ရေမတရားလျှံတက်မှုသည် နှစ်ပေါင်း ၅၀ အတွင်း တကြိမ်တခါမျှ မကြံုခဲ့ဖူး ဟု စိုင်းဆန်ပန်း ကပြောသည်။

နမ္မတူမြို့နယ် ဒေသခံများသည် နမ္မတူမြစ် ခေါ် ဒုဌဝတီမြစ်၊ နမ့်ယော် ချောင်းရေကြီး ယခုနှစ်အတွင်း သုံးကြိမ်ထက်မနည်းရေကြီးခဲ့သဖြင့် နမ္မတူ - လားရှိုး လမ်းပန််းဆက်သွယ်မှု ပြတ်တောက်သည့်အထိ တစ်ကြိမ်ကြံုခဲ့ရသည်။