သျှမ်းပြည်တောင်ပိုင်း၌အစိုးရစစ်တပ်တို့ အင်အားဖြည့်လှုပ်ရှားကာ သျှမ်းပြည်တပ်မတော် RCSS/SSA နှင့်တိုက်ပွဲများဆက်တိုက်ဖြစ်ပွားနေ ကြောင်းဒေသခံများ ပြောပြချက်အရသိရှိရပါသည်။
သျှမ်းပြည်တောင်ပိုင်းမိုင်းပန်မြို့နယ်၊ နမ့်ဇန်မြို့နယ်၊ မောက်မယ်မြို့နယ်၊ သျှမ်းပြည်အရှေ့ပိုင်းမိုင်းပြင်းမြို့ နယ်အတွင်း၌ သျှမ်းပြည်တပ်မတော် RCSS/SSA နှင့်မြန်မာစစ်တပ်တို့ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေ သည်ဟုသျှမ်းပြည်တပ်မတော်ဘက်ကပြောသည်။
RCSS/SSA ပြောခွင့်ရပုဂ္ဂိုလ်စိုင်းဆိုင်မိဏ်းကယခုအပတ်အတွင်းမောက်မက် ဘက်ခြမ်း၌တိုက်ပွဲ၄နေရာ ဖြစ်ပွားကြောင်း၊ အသေးစိတ်ကိုမူမသိရှိရသေးကြောင်းအတည်ပြုပြောဆိုသည်။
မြန်မာစစ်တပ်ကလွန်ခဲ့သည့်ဩဂတ်စ်လ ၂၂ ရက်မှစ၍သျှမ်းပြည်တောင်ပိုင်းမိုင်းပန်မြို့နယ်လွယ်ပန်ပိ၊ လွယ်ပန်မီ၊ လွယ်ကုန်းမောင်းတို့တွင်အင်အားဖြည့်လှုပ်ရှားနေကြောင်း၊ တိုက်ပွဲလည်း အကြိမ်ကြိမ်ဖြစ်ပွား ကြောင်းမိုင်းပန်ဒေသခံလုံးဆန်ခမ်းကပြောသည်။
“မြန်မာစစ်တပ်ကရွာသားတွေကိုခင်ဗျားတို့လည်းခင်ဗျားတို့အလုပ်လုပ်။ ကျုပ်တို့လည်းကျုပ်တို့ အလုပ်လုပ် မယ်လို့ပြောတယ်။ ရွာသားတွေကိုဖမ်းဆီးခေါ်ဆောင်သွားတာ၊ ရိုက်နှက်တာတွေမတွေ့ရဘူး။ ထူးဆန်း တယ်။”
သီးခြားအတည်ပြုချက်မရသေးသည့်သတင်းအရမိုင်းပန်မြို့နယ် အတွင်းတိုက်ပွဲတွင်မြန်မာအစိုးရ တပ်ခမရ ၅၇၈ မှဗိုလ်ကြီးအဆင့်တစ်ဦးနှင့်ရဲဘော်သုံးဦးကျဆုံးသည်ဟုဆိုသည်။
“ကျနော်တို့မိုင်းစစ် (နမ့်ဇန်မြို့နယ်) ဘက်မှာပြီးခဲ့တဲ့ရက်တုန်းကလည်းဖြစ်တယ်။ လွယ်ဝတ်ဘက်မှာ။ မနေ့ကလည်းဖြစ်တယ်။ ဟွေ့ခါးဘက်မှာ။ လက်နက်ကြီးသံတွေတောင်ကြားနေရတယ်” ဟု နမ့်ဇန်ရောက် မိုင်း စစ်ဒေသခံစိုင်းခေးကပြောပါသည်။
တိုက်ပွဲနှင့်ပတ်သက်၍အသေးစိတ်ကိုမူမသိရှိရသေးပေ။
RCSS/SSA ခေါ်တောင်ပိုင်း-သျှမ်းပြည်တပ်မတော်သည်မြန်မာအစိုးရနှင့်ပြည်ထောင်စု အဆင့်ငြိမ်းချမ်းရေး တည်ဆောက်ထားသည့်တပ်ဖွဲ့ဖြစ်သည်။ မြန်မာအစိုးရကမူလာမည့်အောက်တိုဘာလ အတွင်းတတိုင်းပြည် လုံး အပစ်ခတ်ရပ်စဲနိုင်ရန်ပြင်ဆင်နေသည်။