၂၀၀၈ ဥပဒေကို လက်မခံသော်လည်း UNFC လှုပ်ရှားမှု မထိခိုက်နိုင်သေးဟု ထိုင်းလုံခြုံရေးအရာရှိပြော

၂၀၀၈ ဥပဒေကို လက်မခံသော်လည်း UNFC လှုပ်ရှားမှု မထိခိုက်နိုင်သေးဟု ထိုင်းလုံခြုံရေးအရာရှိပြော
by -
သျှမ်းသံတော်ဆင့်

ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ(UNFC)က ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ကို လက်မခံသော်လည်း  UNFC ၏ လှုပ်ရှားမှုကို တော့မထိခိုင်နိုင်ဟု  ထိုင်း လုံခြုံရေးအရာရှိတစ်ဦးက ပြောပါသည်။

“မြန်မာအစိုးရက ငြိမ်းချမ်းရေးလိုချင်တယ်လို့ တကမ္ဘာလုံးကို ကြေငြာထားတယ်။ ဒါကြောင့် UNFC က ၂၀၀၈ ကို လက်မခံနိုင်ဘူး၊ အသစ်ပြန်ဆွဲမယ်ဆိုပေမဲ့ သူတို့ရဲ့လှုပ်ရှားမှုကို ထိခိုက်နိုင်မှာ မဟုတ်ဘူး။ မြန်မာအစိုးရက ငြိမ်းချမ်းရေးကမ်းလှမ်းနေတဲ့ ကာလပတ်လုံး ပြဿနာမရှိနိုင်ဘူး။ လွတ်လွတ်လပ် လပ် လှုပ်ရှားခွင့်ပြုမှာဘဲလို့ မြင်တယ်။”

သမ္မတ ဦးသိန်းစိန် ငြိမ်းချမ်းရေး မကမ်းလှမ်းမီ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များ၏ လှုပ်ရှားမှု များကို တင်းကြပ်ရန် မြန်မာအစိုးရက သံရုံးမှတဆင့် ထိုင်းအစိုးရကို တောင်းဆိုလာကြောင်း၊ ထို့ကြောင့် UNFC စတင်ထူထောင်သည့် ၂၀၁၁ ဖေဖော်ဝါရီနောက်ပိုင်း UNFC အစည်းအဝေး ကျင်းပ ခွင့်၊ ရုံးဖွင့်ခွင့်များကို ပိတ်ပင်ခဲ့ရကြောင်း ၎င်းကဆက်ပြောပါသည်။

“ထိုင်းအစိုးရက မြန်မာစစ်သံမှူးကို ချင်းမိုင်ကို လာကြည့်ခွင့်ပြုတယ်။ ထိုင်းမြောက်ပိုင်းက လုံခြုံရေး အဖွဲ့တွေလည်း ရှောင်လို့မရတော့ဘူး။ ညွှန်ကြားစာပါလာတော့ ဆောင်ရွက်ရတော့တာဘဲ။”

သို့သော် သမ္မတ ဦးသိန်းစိန် ငြိမ်းချမ်းရေး ဆွေးနွေးရန် ကမ်းလှမ်းလာသည့် ၂၀၁၁ ဩဂတ်စ် ၁၈ ရက် နောက်ပိုင်း ထိုင်းအစိုးရထံ တောင်းဆိုလာခြင်း မရှိတော့ကြောင်း၊ ထို့ကြောင့် UNFC အပြင် အခြား မြန်မာအဖွဲ့အစည်းများလည်း လွတ်လပ်စွာ လှုပ်ရှားလာနိုင်ကြောင်း ဆိုပါသည်။

“အခြေအနေကောင်းတယ်ဆိုတာ အမြဲတမ်း မဟုတ်သလို ဆိုးတယ်ဆိုတာလည်း အမြဲတမ်း မဟုတ်ပါ ဘူး။ ဒါပေမဲ့ ဘယ်အခြေအနေမှာဘဲဖြစ်ဖြစ် သတိအမြဲရှိရမယ်။ အခြေအနေပြောင်းလဲသွားရင် ဘယ် လိုလုပ်ရမယ်ဆိုတာ ကြိုတင်ပြင်ဆင်ထားသင့်တယ်” ဟု အဆိုပါ ထိုင်းလုံခြုံရေးအရာရှိက ပြောပါ သည်။

UNFC က ဦးစီးပြီး ဂျူလိုင် ၂၉ ရက်မှ ၃၁ ရက်ထိ ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌ တိုင်းရင်းသားညီလာခံတရပ် ကျင်းပခဲ့သည်။ ထိုညီလာခံ၌ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို လက်မခံကြောင်း၊ ဥပဒေသစ် ပြန်လည်ရေးဆွဲမည်ဖြစ်ကြောင်း သဘောတူဆုံးဖြတ်ခဲ့ကြသည်။

Most read this week