သျှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် SNLD သျှမ်းပြည်တောင်ပိုင်း ရုံးခွဲဖွင့်ပွဲအခမ်းအနားကို ယခု တပတ်အတွင်း ကျင်းပခဲ့ ရာ ပါတီဥက္ကဌ က “ မည်သည့် ရာထူးဌာနကိုမှမမျှော်လင့်။ ဒေသခံများကောင်းရာကောင်းကြောင်းကိုသာ လုပ် ဆောင်သွားမည်ဖြစ်ကြောင်း” ရုံးဖွင့်ပွဲ မိန့်ခွန်းတွင် ပြောဆိုခဲ့ပါသည်။
“ကျနော်တို့ပါတီအတွက် လူထုဆီက ဘာမှ မမျှော်လင့်ဘူး။ သမ္မတ ကြီးရာထူးကိုလဲမမျှော်လင့်ဘူး။ ဝန်ကြီးချုပ်ရာထူး လဲမလိုချင်ဘူး။ လူထုကောင်းရာ ကောင်းကြောင်းအတွက်လုပ်သွားမယ်။ ပြည်ထောင်စုတိုင်းရင်းသား အားလုံး ရပိုင်ခွင့်တွေ မဆုံးရှုံးရအောင် ကြိုးစားဆောင် ရွက်ပေးမယ် - လို့ ဥက္ကဌကြီးက ဖွင့်ပွဲအခမ်းအနားမှာ ပြောသွားပါတယ် ” ဟု ရုံးဖွင့်ပွဲ အခမ်းအနားသို့လိုက်ပါရသည့် SNLD ၏ နိုင်ငံခြားဆက်ဆံရေး တာဝန်ခံစိုင်းဆမ်ဖွန်ဆိုင်က သျှမ်းသံတော်ဆင့်အား ပြန်လည်ပြောပြပါသည်။
ထို့အပြင် SNLD ၏ဖက်ဒရယ် လမ်းစဉ်အား ကြိုက်နှစ်သက်ပါက ပူးပေါင်းဆောင်ရွက်နိုင်ပြီး လမ်းစဉ်အား မကြိုက် မနှစ်သက်ပါကလည်း လွတ်လပ်စွာ ဆုံးဖြတ်နိုင်ကြောင်း၊ ပါတီဝင်ရေးအတွက် အတင်းမတိုက်တွန်းလိုကြောင်း ဥက္ကဌက ပြောဆိုသွားသည်ဟု ဆိုပါသည်။
20- at MNမိုးနဲမြို့ SNLDရုံးခွဲဖွင့်ပွဲ
SNLD ၏ သျှမ်းပြည်တောင်ပိုင်း ရုံးခွဲဖွင့်ပွဲကို ဂျူလိုင်လ ၂၈ ရက်နေ့က လင်းခေးခရိုင် မိုးနဲ့မြို့နယ်နှင့် လင်းခေးမြို့နယ် တွင်လည်းကောင်း ၊ ယနေ့မနက်ပိုင်း ဂျူလိုင် ၂၉ ရက်တွင် မောက်မယ် မြို့၌လည်းကောင်း ဖွင့်လှစ်ခဲ့သည်ဟုဆိုပါသည်။
“မိုးနဲမြို့မှာ နာ့ဟောင်ရပ်ကွက် မှာရုံးခွဲဖွင့်လှစ်တယ်။ အရင်တုန်းက ဖွင့်ခဲ့ဖူးတဲ့ ရုံးနေရာဟောင်းမှာဘဲပြန်ဖွင့် တယ်။ လူအင်အား ၃၀၀ လောက် တက် ရောက်တယ်။ လင်းခေးမြို့မှာတော့ နေ့ခင်းပိုင်း ၁၁ နာရီကျော်ကျော်မှဖွင့်လှစ်နိုင်တယ်။ ကွက်သစ်ရပ်ကွက်မှာဖွင့်တယ်။ လူအင်အား ၄၀၀ လောက်တက်ရောက် တယ်” ဟု စိုင်းဆမ်ဖွန်ဆိုင်က ပြောပါသည်။
21- Lkလင်းခေးမြို့SNLDရုံးခွဲဖွင့်ပွဲ
ယနေ့မနက်ပိုင်း မောက်မယ်မြို့နယ်တွင်လည်း ရုံးခွဲဖွင့်လှစ်ရာတွင် လူအင်အား ၄၀၀ ကျော်တက်ရောက်ခဲ့ ကြောင်း ဆိုပါ သည်။
ဖွင့်ပွဲအခမ်းအနားသို့ ဒေသတွင်းမှNLD ပါတီ ၊ ကြံ့ခိုင်ရေးပါတီ၊ တစညနှင့် ကျားဖြူပါတီ တို့လည်း ပါဝင်ပူးပေါင်းခဲ့ကြ ကြောင်း ကျားခေါင်းပါတီက ပြောပါသည်။
SNLD ရုံးချုပ်မှ ဥက္ကဌခွန်ထွန်းဦး၊ ဒု-ဥက္ကဌ စိုင်းစောအောင် ၊ နိုင်ငံခြားဆက်ဆံရေးတာဝန်ခံ စိုင်းဆမ်ဖွန်ဆိုင်နှင့် ပညာရေးဆိုင်ရာတာဝန်ခံ၊ ရုံးအရာရှိတို့ပါဝင်သော အဖွဲ့ဝင် ၅ ဦးတို့ ရုံးခွဲဖွင့်လှစ်ပေးရာ ဖွင့်ပွဲခရီးစဉ်တို့၌ တောင်ကြီးမြို့ SNLD ဥက္ကဌ စိုင်းခမ်းပိုင်ဖ လည်း လိုက်လံ ပါဝင်ကြောင်း လင်းခေးမြို့ခံတဦးကပြောပါသည်။