မြန်မာစစ်တပ်အချင်းချင်း နှစ်နာရီကြာမှားယွင်းတိုက်ခိုက်

မြန်မာစစ်တပ်အချင်းချင်း နှစ်နာရီကြာမှားယွင်းတိုက်ခိုက်
by -
သျှမ်းသံတော်ဆင့်

မြောက်ပိုင်း သျှမ်းပြည်တပ်မတော် SSPP/SSA နှင့် အစိုးရတပ်များကြား တိုက်ပွဲများမကြာခဏ ပြန်လည်ဖြစ် ပွားနေချိန် မြန်မာစစ်တပ်အချင်းချင်း စစ်ကူတောင်းရာမှ ကျေးသီးမြို့နယ်အတွင်း ယနေ့နံနက်ပိုင်း၌ နှစ် နာရီကြာ အချင်းချင်း မှားယွင်း တိုက်ခိုက်ခဲ့သည်ဟု သတင်းရရှိပါသည်။

RPG at monestry ဘုန်းကြီးကျောင်းပေါ်ကျသည့် မြန်မာစစ်တပ်၏ RPG ဗုံးသီး

“ကျနော်တို့က ဝမ့်ဝပ်ကနေ ယမာန်နေ့ ညပိုင်းက ထွက်ခွါလိုက်တယ်။ ရလခ တိုင်းလက်အောက်ခံ ခမယ ၅၂၅ က ဝင်ရောက်အစားထိုးတယ်။ အထပ်ထပ် ဝိုင်းပတ်နေတဲ့ကြားက ရလခ က ရမခ ကို စစ်ကူတောင်း တယ်။ ရွာထဲမှာ ကျနော်တို့ မရှိတော့ဘူးဆိုတာ ရမခ မသိလိုက်လို့ထင်တယ်။ စစ်ကူအဖွဲ့နဲ့ ရွာထဲရှိနေတဲ့ ခမယ ၅၂၅ နဲ့ တိုက်တော့ တာပဲ” - ဟု ရှေ့တန်းရောက် SSPP/SSA တပ်မှူး တဦးက ပြောပါသည်။

၂၅ ရက် ယနေ့ နံနက် ရ  နာရီမှ ၉ ခွဲကျော်အထိ တန့်ယန်း၊ မိုင်ရယ်ဘက်မှ  တက်လာသည့် အရှေ့မြောက်ပိုင်းတိုင်းလက်အောက်ခံ တပ်များနှင့် ဝမ့်ဝပ်ရွာအတွင်းရှိ ရလခ အရှေ့အလယ်ပိုင်းတိုင်း လက်အောက်ခံ ခမယ  ၅၂၅  တို့ အချင်းချင်း တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ပါသည်။

ဂျွန် ၂၄ ရက်နေ့ တွင် နံနက် ၁၀ နာရီအချိန် လင်းခေးအခြေစိုက် ရလခ လက်အောက်ခံ ခမယ ၅၂၅ နှင့် ကျိုင်းတောင်းအခြေစိုက် ရပခ လက်အောက်လံ ခမရ ၅၆၉ က ပူးပေါင်းအင်အား ၁၀၀ ကျော်က ကျေးသီးမြို့ မြောက်ဘက် ဝမ့်ဝပ်ကျေးရွာအတွင်းအမ် ၆၀၊ ရ၉ ဖြင့် ဝမ့်ဝပ်ဘုန်းကြီးကျောင်းနှင့်ရွာအတွင်းသို့ ဆက်တိုက် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ ကျေးရွာထဲသို့ဝင်ရောက် သိမ်းပိုက်ရန်ကြိုးစားစဉ် သျှမ်းပြည်တပ်မတော်မှ ခုခံ တိုက်ခိုက်သောကြောင့် မွန်းလွှဲ ၁ နာရီမှ ၅ နာရီအထိ တိုက်ပွဲဖြစ် ပွားခဲ့ကြောင်း၊ မြန်မာ အစိုးရ ဖိတိုက်မှု ကြောင့် လူထု ရပ်ရွာအိုးအိမ် ပျက်စီး မည်ကို စိုးရိမ်သောကြောင့် ညပိုင်း၌ သျှမ်းပြည်တပ် မတော် မှ တပ်ဆုတ်ပေးလိုက်သည်ဟု အဆိုပါတပ်မှူးကပြောပါသည်။

around the house

ဗုံးဒဏ်ကြောင့် ဒေသခံများ၏ အိမ်များပါထိခိုက်ပျက်စီး ကျေးသီးမြို့နယ်အတွင်းရှိ ဝမ့်ဝပ်ကျေးရွာသည် လားရှိုး - မိုင်းရယ် - ကျေးသီး လမ်းမ ပေါ်  (ကျေးသီး၊ မိုင်းရယ်ကြား) မိုင်ရယ်မြို့နှင့် မိုင် ၃၀ ခန့်ဝေးသည်။

“တိုက်ပွဲက ၂၃ ရက်နေ့တုန်းကလဲ တနေကုန်ဖြစ်ပွားတယ်။ ၂၃ ရက်ည မှာ နှစ်ဘက်တပ် အပြန်အလှန် ဝိုင်းရံထားတယ်။ ၂၄ ရက်နေ့ ညတုန်းက ကျနော်တို့ တပ် (ကျေးသီး - မိုင်းရယ်) ကားလမ်းအရှေ့ဘက်ခြမ်း ဘက် တပ်ဆုတ်လိုက်တယ်။ ဒီမနက်ဖြစ်တဲ့ တိုက်ပွဲက ကျနော်တို့တပ်နဲ့မဟုတ်ဘူး။ အစိုးရတပ်အချင်းချင်း ဖြစ်တာ  လို့ ငြိမ်းချမ်းရေးဖေါ်ဆောင်နေ တဲ့အဖွဲ့ကိုပြောလိုက်ပြီ။ ကားလမ်းအရှေ့ဘက်ခြမ်းကိုလဲ  မလာ ခိုင်းနဲ့ တက်လာရင်တော့ တိုက်ပွဲထပ်ဖြစ်နေဦးမှာဘဲ” - ဟု သျှမ်းပြည်တပ်မတော် ငြိမ်း ချမ်း ရေးဖေါ်ဆောင် ရေး ကိုယ်စားလှယ်အဖွဲ့တွင် ပါဝင်တဲ့  ဗိုလ်ကြီးနော်လိတ်က သျှမ်းသံတော်ဆင့်သို့ ပြောသည်။

နှစ်ဘက်တပ်အကြား တိုက်ပွဲများကြောင့် ရလခ တိုင်းလက်အောက်ခံ ကျေးသီး၊ မိုင်းနောင်၊ မိုင်းရှူးမှ အစိုးရ တပ်များ သျှမ်းပြည် တပ်မတော် SSPP/SSA နယ်မြေသို့ အင်အားပို့နေကြောင်း၊ ခမယ ၅၂၅ ၊ ၅၆၉ နှင့် မှားယွင်း တိုက်ခိုက်သည့် လားရှိုး ရမခ တိုင်းမှ စစ်ကူများလည်း စစ်ကားကြီး ၁၀ စီးကျော်ရှိကြောင်း ဒေသ အတွင်းချောကား လိုက်ရသည့် ကားဆရာတဦး နှင့် တော်စပ်သူတဦးက ပြောပါသည်။

သျှမ်းပြည်တပ်မတော်၏ တောင်ဘက်ခြမ်း အသက်ရှုလမ်းကြောင်းဖြစ်သည့် တာ့ဆမ်ပူး ကူးတို့ဆိပ်စခန်းအား ရုပ်ပေးရန် မြန်မာ အစိုးရတပ်က တောင်းဆိုထားသည်မှာလည်း SSPP/SSA ဘက်မှ ရုပ်ပေးမည် မဟုတ် ဟုပြောဆိုလိုက်ပါသည်။  ထို့အတွက် အစိုးရတပ်က တိုက်ယူရန် အင်အားထပ်မံတိုးချဲ့လာနေမှုကြောင့် ခုခံတိုက်ခံရန် စစ်ရေးအသင့် ပြင်နေကြောင်း၊ အနီးအနားရှိ ကျေးလက်ရွာသားများလည်း တခြားဒေသသို့ တိမ်းရှောင်နေရကြောင်း ဒေသ ခံ ဆရာတော်တပါးက မိန့်ကြားပါသည်။

Most read this week