သျှမ်းပြည် (မြောက်ပိုင်း) နမ့်ခမ်းမြို့နယ်အတွင်း အမည်မသိလက်နက်ကိုင်အုပ်စုမှ နှစ်ကြိမ် ၀င်ရောက်တိုက်ခိုက်မှုကြောင့် ရဲတပ်ဖွဲ့ဝင် နှစ်ဦး နှင့် အရပ်သားသုံးဦးသေဆုံးကြောင်း၊ ဒဏ်ရာရှိသူလည်း ၄ ထက်မနည်းကြောင်း နမ့်ခမ်းဒေသခံလူငယ်များက သျှမ်းသံတော် ဆင့်သို့ ပြောသည်။
“နမ့်ခမ်းမြို့ နွမ်းအင်ဂက်စ်ပိုက်လှိုင်းထားတဲ့နေရာနဲ့ အောင်မေတ္တာကွက် နှစ်နေရာမှာဖြစ်တယ်။ တောကျောင်းအထွက်လမ်းပေါ့။ အောင် မေတ္တာရပ်ကွက် ဝိပုရကျောင်းနားလေးက ကွမ်းယာဆိုင်နားမှာပစ် ခတ်မှုဖြစ်တာ ရဲနှစ်ဦး သေဆုံးပြီး တဦး ဒဏ်ရာရ တယ်။ ပိုက်လုံးပုံနားမှာ ဖြစ်တဲ့ပစ်ခတ်မှု မှာ တော့ ကျောက်မဲ အလုပ်ဆိုဒ်က ကားဆရာနဲ့ ကားပိုင်ရှင် သေဆုံးပြီး ရဲတယောက်နဲ့ အရပ်သား ၃ ယောက် ဒဏ်ရာရသွားတယ် ” - ဟု သူက ပြောသည် ။
မြို့တွင်းကင်းစောင့်နေသည့် ရဲများသေဆုံးခြင်း ဖြစ်ပြီး ဖြစ်စဉ်ဖြစ်ပွားရာ အနီးရှိ စိုင်းအိုက်စိုင်း၏ နေ အိမ်တွင် ကျည်ဆံအမြောက်အများ ထိမှန်မှုရှိ ခဲ့ကြောင်း နမ့်ခမ်းဒေသခံများ အဆိုအရ သိရသည် ။ ထို့အပြင် နမ့်ခမ်းမြို့ နမ့်တီးရွာ ဘောလုံးကွင်းအနီး ပိုက်လိုင်း စုပုံထားသည့် နေရာတွင်လည်း အမည်မသိ လက်နက်ကိုင်တစု ၀င်ရောက်ပစ်ခတ်မှုကြောင့် ပိုက်လုံးတင် ကားဆရာ နှင့် ကားပိုင်ရှင် သေဆုံးပြီး ရဲ တဦးနှင့် အရပ်သားသုံး ဦးဒဏ်ရ ရရှိကြောင်းဆို၏။
လာရောက်ပစ်ခတ်သည့်အဖွဲ့အားလည်း မသိရကြောင်း နမ့်ခမ်းဒေသခံများကပြော၏။ ထို့အတူ သျှမ်းပြည်တပ်မတော် RCSS ကလည်း ၄င်းတို့ လက်ချက်မဟုတ်ဟု သျှမ်းသံတော်ဆင့်သို့ ပြော၏။
ယနေ့နေ့လည်ပိုင်းတွင် မြန်မာစစ်တပ်မှ တင့်ကားများပါ၀င်သည့် စစ်ကြောင်းများ လားရှိုးမြို့မှ မူစယ်ဘက်သို့ တက်လာ ကြောင်း မျက်မြင် ကုန်သည်များ ကားဆရာများက သျှမ်းသံတော်ဆင့်သို့ ပြောသည်။