တရုတ် - မြန်မာ နှစ်နိုင်ငံနယ်စပ် သျှမ်းပြည် (မြောက်ပိုင်း) မူစယ်မြို့ ဆင်ဖြူဂိတ်တွင် ကချင်ပြည်နယ် ဗန်းမော်ခရိုင် လွယ် ဂျယ်မြို့မှ ထုတ်ပေးသည့် နှစ်နိုင်ငံနယ်စပ်ဖြတ်သန်းခွင့် စာအုပ်များကို အတုဟု ဆိုကာ သိမ်းဆည်းမှုများ ပြုလုပ်နေ ကြောင်း စုံစမ်းသိရသည် ။
လွယ်ဂျယ်နယ်စပ်ဂိတ်မှ ထုတ်ပေးသည့် နယ်စပ် ဖြတ်သန်းခွင့် စာအုပ်ကိုင်ဆောင်သူများ မူစယ်မြို့ ဆင်ဖြူဂိတ်ပေါက်မှ တဆင့် တရုတ်နိုင်ငံ ကျယ်ဂေါင်မြို့သို့ ၀င်ရောက်ရာတွင် ဂိတ်တာဝန်ကျ မြန်မာ ဝန်ထမ်းများက သိမ်းဆည်းနေခြင်း ဖြစ် သည် ။
ယခုလ ၁၆ ရက်နေ့ တစ်ရက်အတွင်း စာအုပ်ပေါင်း ၃၀ ကျော်ခန့်ကို သိမ်းယူခဲ့ကြောင်း အကြားအမြင် များသည့် မူစယ် ဒေသခံကုန်သည်တစ်ဦးက သျှမ်းသံတော်ဆင့်သို့ ပြောသည် ။
“ဒီလထဲမှာ နည်းနည်းခြင်း သိမ်းနေတယ်။ ၁၆ ရက်နေ့ကတော့ တစ်ရက်ထဲ စာအုပ် ၃၀ ကျော်ကို သိမ်း လိုက်တယ်။ လူကိုတော့ အရေးမယူဘူး” ဟု ဆိုသည် ။
၄င်းနယ်စပ်ဖြတ်သန်းခွင့် စာအုပ်နှင့်ပတ်သက်၍ မူစယ်ဒေသခံနောက်တစ်ဦးက ပြောရာတွင် “ တကယ် တော့ လွယ်ဂျယ် ဘက်က ထုတ်ပေးတဲ့စာအုပ်တွေက အတုမဟုတ်ပါဘူး။ အတုဆိုရင် ဒီစာအုပ်ဘယ်က ထွက်တယ်ဆိုတာ သိနေတာပဲ။ သူတို့လဝက အချင်းချင်းပညာပြတာတဲ့ သဘောဖြစ်မှာပါ ” ဟု ဆိုသည် ။
မူစယ်မြို့နယ်စပ်ဂိတ်တွင် သျှမ်းပြည် (မြောက်ပိုင်း) အိမ်ထောင်စုစာရင်းရှိသူများကိုသာ အဆိုပါစာအုပ် ထုတ်ပေးကြောင်း သိရသည် ။
သို့သော် ရခိုင်ပြည်နယ်ဘက်မှလာသည့် မွတ်စလင်လူမျိုးများ မူစယ်အာဏာပိုင်များထံငွေပေး၍ အဆိုပါ စာအုပ်ပြု လုပ် နေကြောင်း ဆိုသည် ။
“ဒီစာအုပ်ရှိမှ အဆင်ပြေတာဆိုတော့ ကိုယ့်မြန်မာနိုင်ငံသားအားလုံးကို တရားဝင်ထုတ်ပေး သင့်ပါ တယ်။ စာအုပ်မရှိလို့ ခိုး ၀င် တယ်ဆိုရင် တစ်ဘက်နိုင်ငံက ဖမ်းမိတော့ ကိုယ့်ပြည်သူတွေပဲ ဒုက္ခ ရောက်ရတယ် ” ဟု ဆိုသည် ။
အဆိုပါ စာအုပ်ကိုင်ဆောင်သူများသည် တရုတ်နိုင်ငံ တယ်ဟုန်ခရိုင်အတွင်း တစ်ပတ်ခန့် ဖြတ်သန်းသွား လာနိုင်ကြောင်း သိရသည်။