သျှမ်းပြည်မြောက်ပိုင်းမန်တုံမြို့နယ်အနီးတွင်ကချင် လွတ်မြောက်ရေးတပ်မတော်(KIA)နှင့်အတူ ပူးပေါင်းလက် နက်ကိုင်တိုင်းရင်း သား တပ်အချို့ကအစိုးရ၏စစ်ဆင်ရေး ကိုခုခံတိုက်ခိုက်နေကြကြောင်း တအာင်းလွတ်မြောက်ရေး တပ် နှင့် (KIA) တပ်ဖွဲ့မှတာဝန်ရှိသူများကပြောကြားသည်။
ယခုပူးပေါင်းလက်နက်ကိုင်တိုင်းရင်းသားများ အစိုးရတပ်နှင့် တိုက်ပွဲဖြစ်ပွားနေသောနေရာမှာလာရှိုး - မန္တလေး ကားလမ်း အနောက်ဘက်ခြမ်း နမ့်ခမ်းမြို့အနီး နမ္မတူ နှင့်မန်တုံမြို့နယ်အကြားတွင်ဖြစ်ပြီး KIA တပ်မဟာ ၄ နယ် မြေနှင့် တအာင်းလွတ် မြောက်ရေးတပ်မတော် TNLA ၏တပ်ရင်း(၁၁၂ အခြေပြုရာဒေသ လည်းဖြစ် သည်ဟု တအာင်း လွတ်မြောက်ရေးတပ်မတော် အထွေထွေအတွင်းရေးမူး မိုင်ဘုန်းကျော် က သျှမ်းသံတော်ဆင့်သို့ ပြောကြားသည်။
“အမိန့်ပေး ထောက်ပံ့ပေးတဲ့ အပိုင်းက တော့ KIA ဘက်ကလုပ်ပေးပါတယ် ဒီနယ်မှာပူပေါင်းပြီးလုပ်ရှားတဲ့ အင်အား က ထောင်ကျော်လောက်ရှိနေပြီးကျနော်တို့ဘက်က ရာဂဏန်းကျော်ပူးပေါင်းထားတယ်”ဟု ၄င်းက ဆက်ပြီးပြောပြ ပါသည်။
၂၀၀၈ ဖွဲ့စည်းပုံအရ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ရဒေသဖြစ်သည့် မန်တုံမြို့နယ်၌ တရုတ်သို့သွယ်တန်းမည့် GAS ပိုက်လိုင်း ဖြတ်သန်းသွားသကဲ့သို့သျှမ်းတပ် SSPP/SSA တပ်မဟာ (၁) လှုပ်ရှားသည်ဟု ဒေသခံများက ပြောပါ သည်။
“မန်တုံမြို့နယ်ဟာKIA တပ်မဟာ(၄) တပ်ရင်း (၈)ထိန်းချုပ်နယ်မြေလေ။ တိုင်းရင်းသားလက်နက်ကိုင်ပူးပေါင်းတပ်အပြင် ကချင်ပြည်သူ့စစ်အရပ်သား တပ်ဖွဲ့ဝင်တွေလဲ ပါဝင်တယ်။ ပြောက်ကျားဗျူဟာကို အဓိကအသုံး ပြုတယ် ဆိုပေမယ့် တချို့တိုက်ပွဲတွေမှာ ထိပ်တိုက်ရင်ဆိုင်တိုက်ပွဲတွေ ဖြစ်နေတယ်။ တခါတရံဆို မိနစ် ၃၀ မှ ၆၀ အထိရှိနေတတ်တယ်” ဟု KIA ပြောခွင့်ရပုဂ္ဂိုလ်ဦးလနန်က ပြောပြပါသည်။
သျှမ်းပြည်မြောက်ပိုင်း၌ လှုပ်ရှားနေသော KIA ၊ SSPP/SSA နှင့်TNLA (PSFL)တပ်ဖွဲ့တို့သည် ၂၀၁၁ ကဖွဲ့ စည်းထား သည့် ညီညွတ်သော တိုင်းရင်းသား လူမျိုးများဖက်ဒရယ် ကောင်စီ၏အဖွဲ့ဝင်များဖြစ်ကြသည်။UNFC အဖွဲ့၏ ချမှတ်ထားသော မူဝါဒတစ်ခုမှာ တပ်ပေါင်းစု မဟာမိတ်တပ်ဖွဲ့ဝင်တစ်ဖွဲ့ကို တခြားတပ်ဖွဲ့ကတိုက်ခိုက် လာလျှင် စစ်ရေးဖြင့် တန်ပြန်တိုက်ခိုက်သွား မည်ဖြစ်သည်။