ထိုင်းနိုင်ငံ သျှမ်းစာပေနှင့်ယဉ်ကျေးမှုအသင်း တရားဝင် ဖွင့်လှစ်

ထိုင်းနိုင်ငံ သျှမ်းစာပေနှင့်ယဉ်ကျေးမှုအသင်း တရားဝင် ဖွင့်လှစ်
by -
သျှမ်းသံတော်ဆင့်

ထိုင်းအစိုးရမှ ခွင့်ပြုချက်ရရှိပြီးနောက် သျှမ်းစာပေနှင့်ယဉ်ကျေးမှုအသင်းကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့ ဝပ်ကူတောက် ဘုန်းကြီးကျောင်းတွင် ယမန်နေ့ နံနက်ပိုင်း၌ ဆိုင်းဘုတ်တင် အခမ်းအနားတရပ် ပြု လုပ်၍ တရားဝင် ဖွင့်လှစ်လိုက်ပါသည်။

0002

အခမ်းအနားကို နံနက် ၉ နာရီတွင် စတင်ပြုလုပ်၍ ပင့်ဖိတ်ထားသော သံဃာတော်များထံမှ ပရိတ် တရားတော်များ နာယူပြီးနောက် သျှမ်းစာပေနှင့်ယဉ်ကျေးမှုအသင်း၏ ဆိုင်းဘုတ်ကို မယ်တိုင်ကျောင်း ထိုင်ဆရာတော်က ကြိုးဆွဲဖွင့်လှစ်ပေးခဲ့သည်။

ထို့နောက် သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းပြီး တက်ရောက်လာသော ပရိသတ် ၅၀ ခန့် ကို နေ့လည်စာဖြင့် တည့်ခင်းဧည့်ခံကျွေးမွေးခဲ့သည်။

ညပိုင်း၌ အသင်းဖွင့်ပွဲ အမှတ်တရအဖြစ် မိတ်ဆုံထမင်းစားပွဲကျင်းပရာ ထိုင်းနိုင်ငံ ဘန်ကောက်၊ ဖှန်မြို့ နယ်၊ မယ်ဟောင်ဆောင်မြို့နယ်၊ မိုင်းပိုင်းမြို့နယ်နှင့် မယ်ဆိုင်မြို့နယ်တို့မှ သျှမ်းစာပေ/ယဉ်ကျေးမှု အသင်း အကြီးအကဲများ၊  ချင်းမိုင်မြို့ရှိ အဖွဲ့အစည်း အသီးသီးမှ တက်ရောက်လာသည့်ပရိသတ် စုစုပေါင်း ၄၀၀ ခန့် ရှိသည်။

“ကျနော်တို့ သျှမ်းစာပေ ယဉ်ကျေးမှု ဓလေ့ထုံးတမ်း ရှေးအမွေအနှစ်တွေ မပျောက်ပျက်အောင် ထိန်း သိမ်းစောင့်ရှောက်ဖို့ ရည်ရွယ်ပါတယ်။ နောက်ပြီး ဒီကိုယ့်စာပေ၊ ယဉ်ကျေးမှုကို မျိုးဆက်သစ်လူငယ် တွေ လေ့လာဆည်းပူးနိုင်အောင် အစိုးရ၊ အဖွဲ့အစည်းတွေနဲ့ လက်တွဲပြီး ကြိုးပမ်းသွားမယ်” ဟု သျှမ်း စာပေနှင့်ယဉ်ကျေးမှုအသင်း ဥက္ကဋ္ဌ စိုင်းဆိုင်မိန်း မန်းကောန်း က ပြောပါသည်။

သျှမ်းစာပေနှင့်ယဉ်ကျေးမှုအသင်းကို ၂၀၀၉ ဂျူလိုင် ၁၆ ရက်က မှတ်ပုံတင်ခဲ့ပြီး ၂၀၁၂ မတ်ခ်ျလ ၃၀ ရက်က တရားဝင် ခွင့်ပြုချက်ရရှိခဲ့ကြောင်း၊  ချင်းမိုင်၊ ဖှန်၊ မယ်ဟောင်ဆောင်မှ အလုပ်အမှုဆောင် ကော်မတီဝင် ၉ ဦးဖြင့် ဖွဲ့စည်းခဲ့သည်ဟု ပြောပါသည်။
0006
“တရားဝင်အသင်းဖြစ်ဖို့ ကျနော်တို့ လွန်ခဲ့တဲ့ ၁၀ နှစ်ကျော်ကတည်းက ကြိုးစားလာခဲ့တယ်။ အရင်က မယ်အိုင်၊ ဖှန်က အဖွဲ့အစည်းတွေနဲ့ နယ်အသီးသီးက သျှမ်းလူမျိုးတွေ ပူးပေါင်းပြီး ကြိုးစားခဲ့ဖူးတယ်။ မဖြစ်လာဘူး။ အခုလို ဖြစ်မြောက်လာတဲ့အတွက်လည်း ဝမ်းသာတယ်” ဟု မယ်ဆိုင်မေတ္တာဓမ္မအဖွဲ့မှ လုံးပင်ခမ်း က ပြောပါသည်။

ဩဂတ်စ်လ ၁၉ ရက်ည အသင်းဖွင့်ပွဲအမှတ်တရ မိတ်ဆုံထမင်းစားပွဲ၌ သိုးနရား၊ ကိန္နရီအက၊ ခေတ် ဟောင်းသျှမ်းသီချင်း၊ သိုင်းကွက်၊ သျှမ်းရိုးရာအကများဖြင့် တင်ဆက်ဖျော်ဖြေခဲ့ကြသည်။