ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီ ဒုဥက္ကဌ (၃) ဦးသိန်းဇော်မှ သျှမ်းပြည်တပ် မတော် SSPP/SSA ထံ ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဆင့်တိုးမြင့်ဆွေးနွေးဖို့ ဖိတ်ခေါ်စာပေးပို့ခဲ့ကြောင်း SSPP/SSA နှင့်နီးစပ်သော သတင်းရပ်ကွက်က ဆိုပါ သည်။
“၂၀ ရက်နေ့နောက်ပိုင်း နေပြည်တော်မှာ တွေ့ဆုံဆွေးနွေးဖို့ SSPP ကကိုယ်စားလှယ်တွေကို ဖိတ်ခေါ်တယ် ဆိုတဲ့ စာတစောင် ဦးသိန်းဇော်က ပို့လိုက်တယ်။ ငြိမ်းချမ်းရေးဖော်ဆောင်ရေး အဆင့်တိုးမြင့်ဆွေးနွေးဖို့ လို့ပြောတယ်။ ဘာ အကြောင်းတွေ ဆွေးနွေးမယ်ဆိုတာတော့ သီးခြားခေါင်းစဉ်မတပ်လာဘူး” ဟုသျှမ်းပြည် တပ်မတော်မြောက်ပိုင်းတပ်ဖွဲ့ဟု လူသိ များသည့် SSPP/SSA နှင့်နီးစပ်သော အသိုင်းအဝိုင်းက သျှမ်းသံ တော်ဆင့် အားပြောသည်။
မြန်မာအစိုးရကိုယ်စားလှယ်နှင့် သျှမ်းပြည်တပ် မတော် SSPP/SSA တို့ တောင်ကြီး၌ တွေ့ဆုံဆွေးနွေးစဉ် (ဓါတ်ပုံ- Burmavjmedia)
အလားတူ ဖိတ်ခေါ်စာမျိုး သျှမ်းပြည်အရှေ့ပိုင်း မိုင်းလားတပ်ဖွဲ့လည်းလက်ခံရရှိကြောင်း ကြားသိရပြီး ပန်ဆန်းဌာနချုပ်ကိုမူ ဖိတ်ခေါ်ကြောင်းမကြားရ ဟုပြောသည်။
ယခုနှစ်ဆန်းပိုင်း တောင်ကြီးမြို့၌ သျှမ်းပြည်တပ်မတော် SSPP/SSA နှင့်မြန်မာအစိုးရကိုယ်စားလှယ်တို့ ငြိမ်းချမ်းရေး ဆွေးနွေးရာ၌ ပဏာမ အဆင့်ဖြစ်သော အပစ်ရပ်ရေးသဘောတူညီချက်ရရှိကာပြည်ထောင်စု အဆင့်ပါ တပြိုင်နက်ဆွေးနွေး နိုင်ခဲ့သည်။ သို့သော် နှစ်ဦးနှစ်ဖက်ကြား ပစ်ခတ်မှုဆက်ရှိနေသေးကြောင်း သိရသည်။
“ကျနော်တို့ တောင်ကြီးမှာအပစ်ရပ်ရေး ဆွေးနွေးသဘောတူပြီးနောက်ပိုင်း မြန်မာအစိုးရရဲ့ စစ်တပ်က အင်အားဆက် လက်တိုးချဲ့နေတာကြောင့် ကျနော်တို့ SSPP/SSA တပ်ဖွဲ့နဲ့ ၁၇ ကြိမ်ထက်မနဲ ပစ်ခတ်မှု ရှိခဲ့တယ်။ တိုက်ပွဲအများစုဟာလည်း မြန်မာစစ်တပ်ဖက်က စတင်ပစ်ခတ်တိုက်ခိုက်တာ ဖြစ်တယ်။ ကျနော် တို့ဖက်ကတော့ မိမိကိုယ်မိမိကာကွယ်တဲ့ အနေနဲ့ဘဲ” ဟု အဆိုပါ သတင်းရပ်ကွက်က ဆက်လက်ပြော ပြသည်။
SSPP/SSA နှင့်မြန်မာအစိုးရ၏ စစ်တပ်အကြား နောက်ဆုံးအကြိမ်ဖြစ်ပွါးသော တိုက်ပွဲမှာ ယခုလဆန်း ၆ ရက်ကဖြစ်ပြီး သျှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့နယ် မိုင်းရင်အုပ်စု ၌ဖြစ်ပွါးခဲ့ခြင်းဖြစ်သည်။ အဆိုပါတိုက်ပွဲမှ မြန်မာအစိုးရ တပ်မတော် သား ၃ ဦးကျဆုံးရာ ဗိုလ်ကြီးတဦးလည်း ပါဝင်ကြောင်း SSPP/SSA ကပြောပါ သည်။ အလားတူ မိုးမိတ်မြို့နယ်အတွင်း၌ လည်း ပစ်ခတ်မှုဖြစ်ပွါးခဲ့ပြီး သေကြေဒဏ်ရာရမှုကိုတော့ မသိရ သေးဟုလည်းပြောပါသည်။
ကချင်လွတ်လပ်ရေးတပ်မတော် KIA ၊ တအန်းင်း(ပလောင်) အမျိုးသား လွတ်မြောက်ရေးတပ်မတော် TNLA နှင့် သျှမ်းပြည် တပ်မတော် SSPP/SSA တို့ပူးပေါင်းကာကချင်တပ်ဖွဲ့ တပ်ချလှုပ်ရှား နယ်မြေ အတွင်း ဦးတည်သည့် မြန်မာစစ်ယာဉ်တန်း အား မတ်လ ၂ ရက်နေ့က တိုက်ခိုက်ခဲ့ကြောင်း ညီညွတ်သော တိုင်းရင်း သားလူမျိုးများ ဖက်ဒရယ်ကောင်စီ (United nationality Federal Council) UNFC ၏ မတ်ခ်ျလစာစောင်၌ ရေးသားဖော်ပြထားသည်။