KIA နှင့် အစိုးရတပ်တို့ တိုက်ပွဲများကြောင့် လွန်ခဲ့သည့်နှစ် ကတည်းက ယာဉ်အသွားအလာ ရပ်ဆိုင်းနေ သော တရုတ် - မြန်မာနယ်စပ် ကုန်သွယ်ရေးလမ်းကြောင်း ဖြစ်သည့် ဗန်းမော် - လွယ်ဂျယ်လမ်း ယခု တစ်ပတ်အတွင်း ပြန်ဖွင့်၍ ယာဉ် များ သွားလာနေကြောင်း သိရသည်။
အစိုးရတပ်များ လမ်းကြောင်းတစ်လျှောက် လုံခြုံရေးယူထားပြီး ဆိုင်ကယ် နှင့် ယာဉ်ငယ်များ ပြန်လည် ပြေးဆွဲနေ ကြောင်း လွယ်ဂျယ်မြို့ခံတစ်ဦးက သျှမ်းသံတော်ဆင့်သို့ ပြောသည်။
နှစ်ဘက်တိုက်ပွဲများအတွင်း လမ်းကြောင်းပေါ်ရှိ ပျက်စီးသွားသည့် ဗြန်ဝိုင်နှင့် လော့ဒန်တံတားများကို ပြန်လည်ပြုပြင် ၍ သွားလာနေခြင်း ဖြစ်ပြီး ပုံမှန်အခြေအနေမဖြစ်သေးကြောင်း သိရသည်။
“လမ်းပြန်ပွင့်နေတာ ၅ ရက်လောက်ရှိပြီ ဆိုင်ကယ်နဲ့ ဟိုင်းလက်တွေတော့သွားတယ်။ ကုန်ကားကြီးတွေ တော့ မသွား သေးဘူး။ အန္တရာယ်ရှိသေးတဲ့ အနေအထားဆိုတော့ အရင်လိုတော့ ပုံမှန်မဖြစ်သေးဘူး။ လမ်းအူကြောင်းမှာ အစိုးရ တပ်တွေ ခပ်စိပ်စိပ်ချထားတယ် ဒါပေမဲ့ လမ်းဘေးမှာရှိတဲ့ ဂျာမိုင်ကောင်၊ ကုန်းဆာ၊ မန့်ကောင်း၊ နောင်ပုံစခန်းတွေ ကိုတော့ KIA တွေက စိုးမိုးထားတုန်းပဲ ” ဟု သူက ဆိုသည်။
လွန်ခဲ့သည့်နှစ်ကုန်ပိုင်းက မိုးမောက် - လိုင်ဇာကားလမ်း ရင်ကွဲတောင်အနီးတွင် လွယ်ဂျယ်မြို့မှ ကားတစ်စီး မိုင်းထိ ပြီး ယာဉ်မောင်း ကိုမြကြီး ဆိုသူသေဆုံးသွားကြောင်း သိရသည်။