KIA နှင့်အစိုးရစစ်တပ်တို့ တိုက်ပွဲ သေဆုံးမှုများရှိ

KIA နှင့်အစိုးရစစ်တပ်တို့ တိုက်ပွဲ သေဆုံးမှုများရှိ
by -
သျှမ်းသံတော်ဆင့်

သျှမ်းပြည် (မြောက်ပိုင်း) မူစယ်ခရိုင် နမ့်အွန်နှင့် နမ့်ဖတ်ကာရွာအကြားတွင် ယမန်နေ့နံနက် ၄ နာရီခန့်က KIAနှင့် အစိုးရ တပ်တို့ ၃ နာရီကျော်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ရာ နှစ်ဘက်စလုံး သေဆုံးဒဏ်ရာရမှုများရှိကြောင်း သိရသည် ။

SPDC
မူစယ် - မန္တလေးလမ်း လုံခြုံရေးယူထားသည့် နမ့်ဖတ်ကာအခြေစိုက် ခလရ၁၂၃ တပ်ဖွဲ့အား KIA တပ်ဖွဲ့က စတင် တိုက် ခိုက်ရာမှ နှစ်ဘက်တိုက်ပွဲဖြစ်ပွားခြင်း ဖြစ်ပြီး ခလရ ၁၂၃ မှ စစ်သည် ၂ ဦးသေဆုံး၍ ၁၀ ဦးခန့် ဒဏ်ရာ ရရှိခဲ့ကြောင်း  တရုတ်နယ်စပ်စစ်ဘက်သတင်းရပ်ကွက်က သျှမ်းသံတော်ဆင့်သို့ ပြောသည် ။

“မနက် ၄ နာရီကျော်လောက်မှာ  နမ့်အွန်နဲ့ နမ့်ဖတ်ကာကြားမှာ လုံခြုံရေးယူထားတဲ့ အဖွဲ့ကို KIAက စတိုက်တာ တိုက် ပွဲက နှစ်ကြိမ်ဖြစ်သွားတာပေါ့။ ပထမတစ်ကြိမ် လမ်းလုံခြုံရေးအဖွဲ့နဲ့ဖြစ်တာ နောက် စစ်ကူလာတဲ့ ကားကို ထပ်ပစ်လို့ အစိုးရတပ်ဘက်က ၂ ဦးသေပြီး ၁၀ ယောက်လောက် ဒဏ်ရာရသွားတယ်။ မနက် ရ နာရီကျော်လောက်မှာ တိုက်ပွဲ ပြီးသွားတယ် ” ဟု သူက ဆိုသည် ။

အဆိုပါ တိုက်ပွဲအတွင်း KIA ဘက်မှ ထိခိုက်ကျဆုံးမှု  အတိအကျမသိရသော်လည်း ထိခိုက်မှုများရှိသည်ဟု သူက ဆိုသည် ။

“KIA ဘက်က ပစ်ပြီးပြန်ဆုတ်တာကိုး အစိုးရတပ်က နောက်ကလိုက်တော့ လမ်းမှာ သွေးတွေ တွေ့ရတယ်လို့ သိရ တယ်။ KIA ဘက်ကလည်း အကျအဆုံးတော့ရှိပါတယ် ” ဟု ဆိုသည် ။

သျှမ်းပြည် (မြောက်ပိုင်း ) KIA တပ်မဟာ ၄ ထိန်းချုပ်နယ်မြေနှင့် ကချင်ပြည်နယ် ဗန်းမော်ခရိုင်အတွင်း နေ့စဉ် တိုက်ပွဲ များ ဖြစ်ပွားနေကြောင်း သိရသည် ။