အပစ်ရပ်ခိုင်မာရေး မြန်မာအစိုးရအပေါ် မူတည်ဟု RCSS/SSA ခေါင်းဆောင်ပြော

အပစ်ရပ်ခိုင်မာရေး မြန်မာအစိုးရအပေါ် မူတည်ဟု RCSS/SSA ခေါင်းဆောင်ပြော
by -
သျှမ်းသံတော်ဆင့်

မြန်မာအစိုးရတပ်မတော်နှင့်အပစ်ရပ်သဘောတူ ခဲ့သော်လည်း အပစ်ရပ်ခိုင်မာရေးအတွက် မြန်မာ အစိုးရ အပေါ်တွင်သာ မူတည်ကြောင်း RCSS/SSA  ခေါင်းဆောင်ကပြောသည်။

ဗုဒ္ဓဟူးနေ့က မျက်နှာစုံညီအစည်းအဝေးပွဲအပြီး သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်းရာ RCSS/SSA ခေါင်း ဆောင် ဒု- ဗိုလ်ချုပ်ကြီးယွက်စစ်က ထိုသို့ပြောဆိုခြင်းဖြစ်သည်။

“အစိုးရက ငြိမ်းချမ်းရေးအတွက် လက်ကမ်းလာတဲ့အချိန်မှာ သျှမ်းပြည်လူထုအတွက်အကောင်းဆုံး ဖြစ်အောင် ရည်ရွယ် ပါတယ်။ အပစ်ရပ်ရေးဆွေးနွေးသဘောတူပြီးမှ နောက်ပိုင်း ဒီသဘောတူညီချက် ကိုမလိုက်နာဘဲ ကတိမတည်ဘဲ ပစ်ခတ်မှု ထပ်မံဖြစ်ပွါးလာမယ်ဆိုရင်တော့ ကျနော်တို့ဖက်က မိမိကိုယ်ကိုယ်ကာကွယ်တဲ့ အနေနဲ့ ပြန်လည်ခုခံရမှာဘဲဖြစ်တယ်။ ဒါကြောင့် အပစ်ရပ်ကိစ္စအဓွန့်ရှည် တည်မြဲရေးကတော့ မြန်မာအစိုးရ အပေါ်မှာဘဲမူတည်တယ်လို့ ပြောချင်ပါတယ်” ဟု ဒု- ဗိုလ်ချုပ်ကြီး ယွက်စစ်က ပြောသည်။

အပစ်ရပ်ရေးကိစ္စ နှစ်ဦး နှစ်ဖက် အောက်ခြေတပ်သားထုထံ အကြောင်းကြားအမိန့်ထုတ်လိုက်ပြီဟုဆိုသော် လည်း လတ်တလောတွင် စပ်ကူး မတ်ကူးကာလဖြစ်သောကြောင့် လုံးဝအပစ်ရပ်ငြိမ်သက်နေခြင်းမဟုတ် သေး ဘဲ တိုက်ပွဲအနည်း အကျဉ်းဖြစ်နေသေးသည်ဟု စဝ်ယွက်စစ်ကပြောသည်။
shanpeace

“ ကျနော်တို့ဖက်က အောက်ခြေတပ်ရင်း တပ်သားအားလုံးကို အပစ်ရပ်ကြောင်း ကြေငြာခဲ့ပြီးပြီ။ ဒါပေမယ့် တိုက်ပွဲ ငယ် လေးတွေဆက်လက်ဖြစ်ပေါ်နေတာကတော့ မတည်ငြိမ်သေးတဲ့ စပ်ကူးမတ်ကူးကာလ ကြောင့်ဖြစ် မယ်ထင်ပါတယ်။ အခု လည်း ဒီကိစ္စနဲ့ပတ်သက်ရင် မိုင်းနောင်ဆရာတော်ရဲ့ အဆုံးအမကို သတိရမိပါတယ်။ တော်လှန်ရေးနဲ့အစိုးရဆိုတာ ခွေးနဲ့ သန်းလိုပါဘဲ တဲ့။ ခွေးကလဲသန်းကို အသေ မသတ်နိုင်သလိုသန်းကလဲခွေး ကို သေအောင်မကိုက်နိုင်ဘူး-တဲ့။ နှစ်ဖက်မညှိ နှိုင်းဘဲ နေသွားမယ်ဆိုရင် ဦးတည်ရာကိုရောက်နိုင်မှာမဟုတ်ဘူး။ ကြားထဲက လူထုဘဲ နာတယ်။ ခုလဲ ကျနော်တို့ တော်လှန်တိုက်ခိုက် လာတာ ၁၀ စုနှစ်ရှိပြီဆိုပေမယ့်အရာ မရောက် သေးတာကတကြောင်း၊အခွင့်အလမ်းပေး လာ တာ တကြောင်း အစိုးရနဲ့ဆွေးနွေးတာဖြစ်ပါတယ်” ဟု ၎င်းကဆက်လက်ရှင်းပြသည်။

အပစ်ရပ်ရေးဆွေးနွေးသဘောတူသည့်ကိစ္စ သျှမ်းပြည်လူထုက RCSS/SSA လက်နက်ချလိုက်ပြီဟုပြောဆို နေမှု အပေါ် စဝ်ယွက်စစ်က-

“ ကျနော်တို့ကို စိတ်ပူပြီး စိုးရိမ်တကြီးနဲ့ ပြောဆိုလာတဲ့ သျှမ်းပြည်လူထုကို ကျေးဇူးတင်တယ်။ ကျနော်တို့ အတွက် အား ဆေးတခွက်ဖြစ်တယ်လို့ ယူဆတယ်။ ကျနော်တခုရှင်းပြချင်တာကလက်နက်ချတယ်ဆို တာ- ကျနော်တို့လက်နက် တွေ အားလုံးကို သိန်းစိန်အစိုးရရဲ့စစ်တပ်ဆီကို အပ်ပေးလိုက်တာဖြစ်တယ်။တိုင်းပြည် ကြီးက တကယ်ကြီး အေးချမ်းနေပြီ နိုင်ငံရေးအကြောင်းဘာမှဆွေးနွေးစရာမလိုတော့ဘူး။ အိမ်ပြန်ပြီး အေးဆေးနေလို့ရပြီ - ဒါ လက်နက်ချခြင်းရဲ့ အဓိပ္ပါယ်ပေါ့”

“ခုကျနော်တို့လုပ်နေတာ လက်နက်ချတာမဟုတ်ဘူး။ ပထမဆုံးအဆင့်ဖြစ်တဲ့ အပစ်ရပ်ခြင်းဆိုတာကို လုပ်နေ တာဖြစ် တယ်။ အပစ်ရပ်တယ်ဆိုတာက ပစ်ခတ်ခြင်းကိုဘဲရပ်ဆိုင်းလိုက်တာဘဲ။ ကျနော်တို့ တပ်၊ လက်နက်၊ လူ အကုန်လုံး ကတော့ ပုံမှန်ဘဲ ။ဘာမှမပြောင်းလဲဘူး။ အဲ အပစ်ရပ်အောင်မြင်သွားရင်တော့ နိုင်ငံရေးစကား ပြောဖို့ဘဲ ရှိတော့တယ်။ နိုင်ငံရေးစကားပြောလို့ သဘောတူညီ မှုရမှ အောင်မြင်မှငြိမ်းချမ်း ရေးလုပ်ရမှာ ဖြစ်တယ်။ ဒါတွေဟာ အပစ်ရပ်စဲရေး၊ ငြိမ်းချမ်းရေးနဲ့ လက်နက်ချခြင်း တို့ရဲ့အဓိပ္ပါယ်ဘဲ ဖြစ်ပါတယ်။” ဟုအကျယ်တဝင့်ရှင်းပြသည်။

ထို့ကြောင့်အပစ်ရပ်စဲရေးကိစ္စဆောင်ရွက်ရာ၌ သဘောတူညီမှုရရှိပြီးနောက် ကျေးလက်ဒေသခံလူထုတို့ လူ့အခွင့် အရေး ချိုးဖောက်ခြင်း ထပ်မံခံနေရပါက အပစ်ရပ်သဘောတူညီချက်မှာ အကျိုးရှိမည်မဟုတ် ကြောင်း စဝ်ယွက်စစ်ကပြောသည်။

သို့သော် RCSS/SSA  က မြန်မာအစိုးရနှင့် အပစ်ရပ်သဘောတူညီမှုရရှိခဲ့သော်လည်း သျှမ်းပြည် တပ်မတော် SSPP/SSA နှင့် စည်းလုံးညီညွတ်ရေးမှာ မပျက်ပြယ်ဘဲဆက်လက်လုပ်သွားမည်ဖြစ်ကြောင်း လည်းဆိုပါသည်။

“မြန်မာစစ်တပ်နဲ့ အပစ်ရပ်ရေးသဘောတူပြီဆိုပေမယ့် SSPP/ SSA နဲ့ စည်းလုံးညီညွတ်ရေးကိုလဲ ဆက်လက် လုပ်ဆောင် သွားမှာပါ။ သူတို့မှာလဲ သူတို့ပါတီရှိတဲ့အတွက် ခု ဆွေးနွေး သဘောတူညီတာကို သူတို့မပါတာ ဖြစ်ပါတယ်။ သို့ပေမယ့် ဒီနေရာမှာ ကျနော်တို့ဖက်ကိုအပစ်ရပ်ပြီးမှ SSPP/ SSA ဖက်ကို သွားတိုက်မယ်၊ တဖက်ကိုရပ်ပြီး တဖက်ကိုတိုက်သွားမယ် ဆိုရင်တော့ အစိုးရကိုယ်တိုင်ကြေငြာ နေတဲ့ပြည်တွင်းငြိမ်းချမ်းရေး ဆိုတာ ဘယ်တော့မှ ရမှာမဟုတ်ဘူး။ အခု အစိုးရကို ကြည့် ရင်တော့ သူဟာ ပြောင်းလဲရေးကိုတကယ်လို လားတဲ့ပုံ ပေါက်နေတာတွေ့ရပါတယ်။ ဒါပေမယ့် လက်တွေ့ ဘယ် လိုဖြစ်လာမလဲဆိုတာစောင့်ကြည့်ရမှာ ဖြစ်ပါတယ်” ဟု    ဒု- ဗိုလ်ချုပ်ကြီးယွက်စစ်က ပြောသည်။

သျှမ်းပြည်တပ်မတော်   RCSS/SSA နှင့် မြန်မာအစိုးရ၏ ကိုယ်စားလှယ်တို့ ပြည်နယ်အဆင့်ဆွေးနွေးပွဲကို သျှမ်းပြည်မြို့ တော်တောင်ကြီး၌ ယခုလ ၂ ရက်နေ့က ကျင်းပခဲ့ရာ  တင်ပြချက် ၄ ချက်စီအား မူအရ သဘောတူညီကြောင်း၊ ဦးစွာ အပစ် ရပ်ရေးကိစ္စအတွက် ဆောင်ရွက်ကြမည်ဖြစ်ကြောင်းလက်မှတ်ရေးထိုး ခဲ့ကြ သည်။ အဆိုပါသဘောတူညီချက်များအား ယခုလ  ရ ရက်နေ့ ဌာနချုပ်လွယ်တိုင်းလျဲန်း၌ ဗဟိုဦးစီး ကော်မတီ များ မျက်နှာစုံညီအစည်း အဝေးထိုင်ကာ မနက်ဖြန် ၁၀ ရက်နေ့ စနေနေ့ဌာနချုပ်၌ပင် သတင်းစာရှင်းလင်းပွဲ တရပ် ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။