UNFC ပြည်ထောင်စု တပ်မတော်ဖွဲ့စည်းမည်

UNFC ပြည်ထောင်စု တပ်မတော်ဖွဲ့စည်းမည်
by -
သျှမ်းသံတော်ဆင့်

ယခုလ အတွင်းတိုင်းရင်းသားလက်နက်ကိုင်တပ် ဖွဲ့ များအဓိက ပါဝင်သည့် ပြည်ထောင်စု တပ်မတော် ဖွဲ့စည်းမည်ဖြစ်ကြောင်းညီညွှတ်သော တိုင်းရင်းသား များ ဖက်ဒရယ်ကောင်စီကဆုံးဖြတ် ထားသည်ဟု ဆိုသည်။

“ကျနော်တို့ အစည်းအဝေး ၄ ရက်ဆက်တိုက်ကျင်းပခဲ့တယ်။ ခေါင်းဆောင်ပိုင်း ၂၄ ဦးတက်တယ်။ အဓိက ကတော့ ဗဟိုကော်မတီမှာ အလုပ်တာဝန် ရာထူးခန့်အပ်တာတွေရှိ တယ်။နောက်ကျင်းပမည့် အစည်းဝေးမှာ ဘာတွေဆက်လုပ် မလဲ ဆိုတာ ဆုံးဖြတ်ထားတယ်” - ဟု နီးစပ်သည့် ပုဂ္ဂိုလ်တဦးက ပြောပါသည်။
khun-okker

နိုဝင်ဘာ ၂၇ - ၃၀ ရက်နေ့အထိ သုံးရက်ကြာကျင်းပသည့် UNFC ညီညွှတ်သောတိုင်းရင်းသားများ ဖက်ဒရယ် ကောင်စီ ၏ ဗဟိုကော်မတီအစည်းအဝေးအား ထိုင်းနယ်စပ်တနေရာ၌ ကျင်းပခဲ့ကြောင်း၊ ထိုအစည်းအဝေး၌ KNU ဒုဥက္ကဌ ဖဒိုဒေးဗစ်တာကဗော အား UNFC ၏ ဒုဥက္ကဌအဖြစ်လည်းကောင်း ပအိုဝ်းအမျိုးသားလွတ် မြောက်ရေး အဖွဲ့ချုပ် ဗိုလ်မှူးကြီးခွန်ဥက္ကာအား ဒု-အတွင်းရေးမှူးအဖြစ် လည်းကောင်း တိုးမြှင့်ခန့်လိုက်ကြောင်း သိရပါသည်။

“ဒီလ အတွင်းမှာ ဗဟိုကော်မတီအစည်းအဝေးတခုထပ်လုပ်ဖို့ရှိတယ်။ အဲဒီမှာ ပြည်ထောင်စု တပ်မ တော်ဖွဲ့ စည်းမယ့် အကြောင်း ဆွေးနွေးမယ်လို့ ကြားရတယ်။ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ ဗိုလ်ချုပ်ဘီထူး ကို ပြည်ထောင်စုတပ်မတော်ရဲ့ စစ်ဦးစီးချုပ် အဖြစ်ခန့်မယ်ပြောကြတယ်။ကရင်နီ ဘက်က လက်ခံ/မခံမယ် ဆိုတာ တရားဝင်ပြန်ကြားပေးရမှာဖြစ်တယ်” – ဟု နီးစပ်သည့် ထိုင်းနယ်စပ် လုံခြုံရေး အရာရှိတဦးကပြောပါသည်။

မြန်မာအစိုးရသစ်၏ ပြည်ထောင်စု နယ်စပ်ရေးရာဝန်ကြီး ဗိုလ်ချုပ်သိန်းဌေးကတိုင်းရင်းသား လက်နက်ကိုင်တပ် ဖွဲ့များ ငြိမ်းချမ်းရေးဖေါ်ဆောင်ရာတွင် UNFC က အဓိကအဟန့်အတားဖြစ်နေ သည်ဟု နေပြည်တော်၌တရား ဝင်ပြော ကြား ခဲ့သည်။

UNFC မှာမူ တိုင်းရင်းသားနိုင်ငံရေးပြဿနာဖြေရှင်းရာတွင် တစုတစည်းတည်း မျက်နှာစုံညီ စုပေါင်း ဖြေရှင်းရန် ဆန္ဒရှိသည်။ UNFC ၏ တင်ပြချက်အား နေပြည်တော်အစိုးရက လက်မခံသောကြောင့် ယနေ့တိုင် UNFCအဖွဲ့ ဝင်များ နှင့် ငြိမ်းချမ်းရေးဆွေးနွေးမှု အောင်မြင်မှုရရှိသေးပေ။

ညီညွှတ်သော တိုင်းရင်းသားများ ဖက်ဒရယ်ကောင်စီ UNFC တွင် ကချင်လွတ်လပ်ရေးတပ်မတော် KIA ၊ ကရင်အမျိုး သား အစည်းအရုံး KNU ၊ ကရင်နီတိုးတက်ရေးပါတီ KNPP ၊ သျှမ်းပြည်တိုးတက်ရေးပါတီ SSPP ၊ ချင်းအမျိုးသားတပ််ဦးCNF ၊ မွန်ပြည်သစ်ပါတီ NMSP နှင့်တခြားတိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့များ စုပေါင်းထားသည့် အဖွဲ့ ၁၂ ဖွဲ့ ပါဝင်ပါသည်။