အနိုင်ရ တိုင်းရင်းသားပါတီများ စုပါင်းထားသည့် UNA အဖွဲ့ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံ

အနိုင်ရ တိုင်းရင်းသားပါတီများ စုပါင်းထားသည့် UNA အဖွဲ့ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံ
by -
သျှမ်းသံတော်ဆင့်

နိုင်ငံရေးအကျဉ်းသားများလွတ်ငြိမ်းချမ်းသာခွင့်ကိစ္စနှင့် ပတ်သက်၍ ၁၅ ရက်နေ့က  UNA နိုင်ငံရေး မဟာမိတ် အဖွဲ့က အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံ ဆွေးနွေး ခဲ့ကြောင်း  SNLD  ပြောခွင့်ရပုဂ္ဂိုလ် စိုင်းလိတ်က ပြောသည်။

KTO_UATA__and_ZNC_GS_with_USA_Abas
“ကျနော်တို့ ဒေါ်အောင်ဆန်းစုကြည်နဲ့နှစ်ပိုင်းခွဲပြီးဆွေးနွေးတယ်။ NLD ပါတီမှတ်ပုံတင်မယ့်ကိစ္စ၊ ရွေး ကောက် ပွဲဝင် မယ့်ကိစ္စ UNA အနေနဲ့ ဘယ်လိုမြင်သလဲလို့ ပထမပိုင်းတွေ့ဆုံပွဲမှာ သူမကကျနော်တို့ကို မေးတယ်။ သူမက ထုတ်ဖော် ပြောခဲ့ဖူးတဲ့အတိုင်း ၁- နိုင်ငံရေးအကျဉ်းသားတွေလွှတ်မြောက်ရေးအတွက် ကြိုးစားမယ်။ ၂- တိုင်းရင်းသား တန်းတူ ရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်အတွက်ကြိုးစားမယ်။ ၃- အမျိုးသား ရင်ကြားစေ့ရေး၊ ၄ - သုံး ပွင့်ဆိုင်ဆွေးနွေးရေး၊ ၅- ၂၀၀၈ ဖွဲ့စည်း ပုံမှာပါတဲ့ဥပဒေတွေ ပြင်ဆင်ချင်တဲ့ အချက်အလက်တွေပြင်ဆင် နိုင်ဖို့ ကြိုးစားပေးမယ် စတာတွေဟာ တကယ်လို့ သူမ အနေနဲ့ကြားဖြတ်ရွေး ကောက်ပွဲဝင်လို့ လွှတ်တော် ထဲရောက် သွားရင် လုပ်ပိုင်ခွင့်အပြည့်အဝ ရှိပါ့မလား။သူမစိတ်ကြိုက်လုပ်နိုင်ပါ့ မလားဆိုတာ စဉ်းစားချင့်ချိန်ဖို့ ကျနော်တို့ UNA က သတိပေးတယ်။”

အမေရိကန်သံအမတ် ၂ ဦးနှင့်တွဲရိုက်ထားသည့် CRPP မှ ဦးအေးသာအောင်၊ ZNC အထွေထွေအတွင်း ရေးမှူးနှင့် SNLD ဥက္ကဌ ခွန်ထွန်းဦး (ဓါတ်ပုံ- Free Hkun Htun Oo, Free Shan State Leaders and Political Prisoners in Burma Facebook)

ဒီမိုကရေစီရရှိရေးနှင့် တိုင်းရင်းသားများ ကိုယ်ပိုင်ပြဌာန်းခွင့်ရရှိရေး အတွက် ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် မမေ့ မလျော့ဘဲ ကြိုးစားဆောင်ရွက်ပေးမည်ဆိုပါက တိုင်းရင်းသားလူထုတရပ်လုံး တခဲနက်ပါ ဝင်လာပြီး ကျယ်ကျယ်ပြန့် ပြန့် လုပ်နိုင်အောင်  SNLD  အနေဖြင့် စည်းရုံးရေးလုပ်ငန်းကိုဝမ်းမြောက်ဝမ်း သာဆောင်ရွက် ပေးမည်ဖြစ်ကြောင်း  တင်ပြဆွေးနွေးခဲ့သည်ဟုဆို၏။
 
“ဒုတိယပိုင်းဆွေးနွေးမှုမှာကျတော့  နိုင်ငံရေးအကျဉ်းသားတွေတောင် အကုန်မလွတ်မြောက်သေးဘဲနဲ့ သူမက ပါတီ မှတ် ပုံတင်ပြီး ကြားဖြတ် ရွေးကောက်ပွဲဝင်မယ်ဆိုရင် နိုင်ငံရေးအကျဉ်းသားတွေ လွတ် မြောက်ဖို့ မျှော် လင့်ချက် ရှိပါ တော့မ လားလို့   UNA က မေးတယ်။ သူမက - ဦးသိန်းစိန်နဲ့တွေ့ တုန်းကရော ဦးအောင်ကြည် နဲ့တွေ့တုန်းကရော နိုင်ငံရေး အကျဉ်းသားအားလုံး လွှတ် ပေး ဖို့အမြဲတမ်း တောင်းဆိုခဲ့တယ်။ လွတ်ငြိမ်းချမ်း သာခွင့် ချက်ခြင်းမပေး နိုင် ခဲ့သေးရင် တောင်မှနယ်ဝေးထောင် တွေမှာ ပို့ဆောင် ချုပ်နှောင်ထားတဲ့ နိုင်ငံရေး အကျဉ်းသားတွေကို မိသားစုနဲ့ နီးနီးစပ်စပ် ရှိတဲ့ နေရာကို ပြောင်းပေး ဖို့  တောင်းဆိုပေးခဲ့တယ်။ ဘာလို့ လဲဆို တော့ နိုင်ငံရေး အကျဉ်းသား တွေကိုလွတ်ငြိမ်းချမ်းသာ ခွင့် မပေးဘဲနဲ့ ကြားဖြတ်ရွေးကောက်ပွဲလုပ်ရင်အဓိပ္ပါယ် မရှိဘူး။ ဒါကြောင့် ကြားဖြတ်ရွေးကောက်ပွဲ မလုပ်ခင် နိုင်ငံရေးအကျဉ်း သားတွေကိုလွှတ်ပေးနိုင်အောင် ကြိုးစားပါ - ဆိုပြီး တိုက်တွန်းပေးခဲ့တယ်လို့ ပြောပါတယ် ” ဟု ဆို၏။

အဆိုပါ တွေ့ဆုံဆွေးနွေးပွဲသို့  UNA  အဖွဲ့ဝင်  ၁၂ ဖွဲ့အနက် သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်   SNLD ၊ ဇိုမီးအမျိုးသားကွန်ကရက် ZNC ၊ ချင်းအမျိုးသားတိုးတက်ရေးပါတီ CRPP  နှင့် မွန်အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ ခေါင်းဆောင်တချို့တက်ရောက်ခဲ့ကြောင်း သိရသည်။

 UNA  သည် ၁၉၉၀ ရွေးကောက်ပွဲအနိုင်ရ တိုင်းရင်းသားပါတီ ၁၃ ဖွဲ့ထက်မနည်း မဟာမိတ်ဖွဲ့ထားသည့် အဖွဲ့ဖြစ် သည်။