ရွှေတြိဂံအရှုပ်တော်ပုံ ထပ်မဖြစ်အောင် တရားဥပဒေစိုးမိုးရေး အထူးလိုအပ် - RCSS/SSA ခေါင်းဆောင်ပြော

ရွှေတြိဂံအရှုပ်တော်ပုံ ထပ်မဖြစ်အောင် တရားဥပဒေစိုးမိုးရေး အထူးလိုအပ် - RCSS/SSA ခေါင်းဆောင်ပြော
by -
သျှမ်းသံတော်ဆင့်

ရွှေတြိဂံဒေသအရှုပ်တော်ပုံထပ်မဖြစ်ရေးအတွက် ထိုင်း -မြန်မာ- လောဝ် ၃ နိုင်ငံကအဓိက တာဝန်ရှိ နေပြီးတရားဥပဒေစိုးမိုးရေးအထူး လိုအပ်နေသေး သော မြန်မာနိုင်ငံက ပို၍သတိ ထားရမည်ဖြစ်ကြောင်း RCSS/SSA ခေါင်းဆောင်က ယမန် နေ့ကသျှမ်းသံတော်ဆင့် အားပြောသည်။

golden_triangle

ထိုသို့ထပ်မဖြစ်ရေး ကာကွယ်ထိန်းသိမ်းရန်အတွက် မိမိတို့အနေဖြင့် ပါဝင်ပူးပေါင်းကူညီရန်အသင့်ရှိကြောင်း သျှမ်းပြည် တပ်မတော် RCSS/SSA  ခေါင်းဆောင် ဒု-ဗိုလ်ချုပ်ကြီး ယွက်စစ် ကပြောသည်။

“မြန်မာနိုင်ငံက လွတ်လပ်ရေးရလာတဲ့ချိန်ကတည်းက အေးချမ်းမှုမရှိခဲ့ဘူး။ဘာလို့လဲဆိုတော့တရား ဥပဒေစိုး မိုးမှု မရှိ လို့ဘဲ။ ပင်လုံစာချုပ်အတိုင်း လိုက်မလုပ်ဘဲနဲ့ စစ်အာဏာပိုင်တွေကတိုင်းရင်းသား တွေအပေါ် လက်နက်အားကိုး အနိုင် ကျင့်လို့၊ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနဲ့မဖြေရှင်းလို့လက်နက် ကိုင်တော်လှန် ရေးပေါ်ပေါက်လာ ရတာဖြစ် တယ်။ ဒီနှစ်ထဲမှာ   ငြိမ်းချမ်းရေးဆွေးနွေးမှုတွေလဲ ရှိလာပြီ ဆိုတော့ နှစ်ဦးနှစ်ဖက် သဘောတူညီမှုရဘို့ဘဲ လိုတော့ တယ်။ ဒါမှသာ မြန်မာနိုင်ငံဟာ  Law and Order  လို့ခေါ်တဲ့တရားဥပဒေ စိုးမိုးမှု ရှိလာနိုင်မှာဖြစ်တယ် ” ဟု စဝ်ယွက်စစ်က ပြောသည်။ 

ထိုင်းဖက်မှ စေ့စပ်မှုဖြင့် နှစ်ဦးနှစ်ဖက် ဆွေးနွေးရန် သဘောတူညီမှုရရှိထားသော်လည်း မည်သည့်နေ့၊ နေရာ တွင် ဆွေးနွေးကြမည်ကို ထုတ်ဖော်ခြင်းမရှိသေးပါ။

လာမည့် ဒီဇင်ဘာလ  Greater Mekong Subregion  အစည်းအဝေး မတိုင်ခင် မဲခေါင်မြစ် အတွင်းလှေ အသွား အလာ ပြန်လည်ဖွင့်ပေးမည်ဖြစ်ကြောင်း ယခုတပတ်အတွင်း တရုတ်ဖက်က ကြေငြာခဲ့သည်။

Shipowners Association  မှ အတွင်းရေးမှူး  Fang Yuguo  ကလည်း မဲခေါင်မြစ်အတွင်း တရုတ်လှေ အစီး ၁၀၀ ကျော် ကုန်တင်ပို့သွားလာရေးကို ပြန်လည်ခွင့်ပြုလိုက်ပါကအဆိုပါတရုတ်လှေများအား လုံခြုံရေးယူ ပေး ရန် အတွက် ကင်းလှည့်လှေ ၅ စီးကိုဝယ်ယူထားကြောင်း  Bangkok Post မှ People’s Daily ကိုကိုးကား၍ သတင်းပို့ထားသည်။

“ တရုတ်လှေအသွားအလာရပ်ဆိုင်းနေတဲ့ကာလအဲခေါင်မြစ်တလျှောက်မှာနေထိုင်တဲ့ကျေးလက်ရွာသား တွေနဲ့ သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့ကတော့ ဝမ်းသာတာပေါ့။ ရွာသားတွေဆိုရင်လဲ သဘာဝ အတိုင်း ငါးရှာဖားရှာ အေးအေး ချမ်းချမ်းနေနိုင်တယ်လေ။ သူတို့အနေနဲ့တော့ ဒီလိုအမြဲတမ်းဖြစ်နေစေ ချင်တာ” ဟု တာချီလိတ်နေ ကုန်သည်တဦး ကလည်းပြောသည်။

အောက်တိုဘာ ၅ ရက် က ထိုင်း-မြန်မာ-လောဝ်နိုင်ငံ အကြား ရွှေတြိဂံနယ်မြေ မဲခေါင်မြစ်ပေါ် အမည် မသိလက် နက်ကိုင် အဖွဲ့ တဖွဲ့၏ပြန်ပေးဆွဲခံရသော တရုတ်လှေ ၂ စီး မြစ်ထဲမျှောပါလာရာ နယ်စပ် လုံခြုံရေး စောင့် ဖာမိုင်းထိုင်းစစ်တပ်နှင့် ပစ်ခတ် တိုက်ခိုက်မှုရှိခဲ့သည်။ အဆိုပါပစ်ခတ်မှုအပြီးထိုင်းစစ်တပ် က အလောင်း တလောင်း၊ ရာဘအပြား ၉ သိန်းကျော် သိမ်းဆည်း ခဲ့သည်။ အောက်တိုဘာ ရ ရက် မှ လူသေအလောင်း ၁၂ လောင်း မဲခေါင်မြစ်အတိုင်းမျှောလာပြီး ထိုင်းနိုင်ငံ ကျိုင်းဆဲန် မြို့နယ်တွင်တွေ့ ရှိခြင်းဖြစ်သည်။တရုတ်အစိုးရ က အဆိုပါကိစ္စနှင့် ပတ်သက်၍ တရားခံအမြန်ဆုံး ဖေါ်ထုတ် ပေးရန် ထိုင်း မြန်မာလောဝ်တို့ အားတောင်းဆို ထား ပြီး မဲခေါင်မြစ်အတွင်းယာဉ်သွားလာ အားလုံးပိတ်ထားခဲ့သည်။