မဲခေါင်မြစ်အတွင်း တရုတ်နိုင်ငံသား ၁၃ ဦးသတ် ဖြတ် ခံရခြင်းမှာ မိမိတို့ထိုင်းတပ်မတော်မှတပ်သား များ ၏လက်ချက် မဟုတ်သည်ကို အာမခံနိုင် ကြောင်း ထိုင်းတပ်မတော် အကြီးအကဲများကပြော သည်။
“ထိုင်းတပ်သား ၉ ဦး တရားရုံးရောက်တာဟာ တရုတ် ၁၃ယောက်ကိုသတ်ဖြတ်တယ်ဆိုတဲ့ဝန်ခံချက်သွားပေး တာ မဟုတ် ပါဘူး။ သူတို့ ၉ ယောက်အပေါ် ဘာပြစ်မှုတွေနဲ့ တရားစွဲ ဖို့ဆင့်ခေါ်တာလဲဆိုတာသိရအောင်လို့ တရားရုံးကိုသွားတာဖြစ် တယ်။ ဒီကိစ္စနဲ့ပတ်သက်တဲ့ သတင်းအမျိုးမျိုး အဖုံဖုံ ထွက်နေပေမယ့် ကျနော်တို့ တပ်မတော်သားကိုတော့ ကျနော်တို့ ယုံကြည်ပါတယ်” ဟု ထိုင်းတပ်မတော် ဖာမိုင်းတပ်မှူး ဗိုလ်ချုပ် ပရကန်း ချုန်းလယွတ် ကပြောသည်။
ထိုင်းစစ်သည် ၉ ဦးအား အောက်တိုဘာ ၂၈ ရက်က ထိုင်း ရဲအဖွဲ့မှခေါ်ယူ၍လူသတ်မှုနှင့်အလောင်းရွှေ့ ပြောင်း မှုဖြင့် စွဲချက်တင်ခဲ့ခြင်းဖြစ်သည်။
အလားတူ ထိုင်းစစ်တပ် စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ပရယွတ်ု ဂျန်အိုးချားကလည်း - ထိုင်းစစ်တပ်အရာရှိ ၉ ဦးမှာ မိမိတို့ ပြစ်မှုကင်းစင်ကြောင်း သက်သေပြလို၍ ရဲအဖွဲ့ထံရောက်ရ ခြင်းဖြစ်ကြောင်းစနေနေ့ထုတ်ဘန် ကောက် ပို့စ်သတင်းစာတွင် ပြောကြားလိုက်သည်။
“ ကျနော်တို့သတင်းရတာကတော့ တရုတ် ၁၃ ဦးကိုသတ်ဖြတ်တာဟာ အဲဒီဒေသတဝိုက်မှာလှုပ်ရှားတဲ့ နော်ခမ်း တို့လက် ချက်ဘဲ။ ဘာလို့လဲဆိုတော့ အခင်းဖြစ်ပွါးတဲ့နေရာက ထိုင်းစစ်တပ်ထိန်းချုပ်နယ်မြေ ကိန်းဆဲန်နဲ့ ကီလိုမီတာ ၂၀ လောက် ဝေးတဲ့နေရာလေ။ အဲ့နေရာမှာ အသတ်ခံရလို့ကျိန်းဆဲန်မှာအလောင်း ကပေါလော လာပေါ်တာပေါ့။ ထိုင်းထိန်းချုပ်ရေ ပြင် မှာအသတ်ခံရရင် ဟိုးအကြေဖက်က ကျိန်းခေါန်ဖက်မှာ အလောင်းက ပေါ်မှာပေါ့။ နောက်ပြီး သတ်မယ့် သတ်ရင် ထိုင်းကနာမည်ပျက်ဘယ်ခံပါ့မလဲ။ အလောင်းကို တခြားမှာသွား ဖျောက်ပစ်လိုက်မှာပေါ့။ ဒါကြောင့် ကျနော်တို့ စစ်တပ်က လုပ်တာမဟုတ်နိုင်ဘူးလို့အာမခံ ရဲတာပါ” ဟု ထိုင်း အရာရှိတဦးက ပြော၏။
မြန်မာနှင့်လောဝ်တို့အား ညွန်းဆိုစွပ်စွဲခြင်းမဟုတ်။ သို့သော်အစုန်အဆန်လှေများအား ပြန်ပေးဆွဲခြင်းကုန် သည် များအား ဓါးပြတိုက် သတ်ဖြတ်ခြင်းလုပ်လေ့ရှိသော နော်ခမ်းအဖွဲ့လှုပ်ရှားရာ မြန်မာနှင့်လောဝ်ပိုင်နက် ရေပြင် တွင် ဖြစ်ပွားခဲ့သော ကြောင့် နော်ခမ်းလက်ချက်ဖြစ်နိုင်သည်ဟု ၎င်းကထပ်လောင်းပြောကြားခဲ့သည်။
ထိုင်းနိုင်ငံ မယ့်ဆိုင်နေ သျှမ်းအမျိုးသားတဦးက - တရုတ်၊ မြန်မာ၊ လောဝ်နှင့် ထိုင်းတို့ အလိုမရှိသော နော်ခမ်း တယောက် ၎င်းနှင့်ပတ်သက်၍မည်သည့်ဖြေရှင်းချက်မျှ မပေးပါက၎င်းအဖွဲ့သည်ဓါးစာခံဖြစ်လာ နိုင်ဘွယ်ရှိ ကြောင်း - သျှမ်းသံတော် ဆင့်အား ပြောသည်။
အောက်တိုဘာ ၅ ရက် က ထိုင်း-မြန်မာ-လာအိုအကြား ရွှေတြိဂံနယ်မြေ မဲခေါင်မြစ်ပေါ် အမည်မသိလက်နက် ကိုင် အဖွဲ့ တဖွဲ့၏ပြန်ပေးဆွဲခံရသော တရုတ်လှေ ၂ စီး မြစ်ထဲမျှောပါလာရာ နယ်စပ်လုံခြုံရေးစောင့် ဖာမိုင်း ထိုင်းစစ်တပ်နှင့်ပစ်ခတ် တိုက်ခိုက်မှုရှိခဲ့သည်။ အဆိုပါပစ်ခတ်မှုအပြီး ထိုင်းစစ်တပ်ကအလောင်း တလောင်း၊ ရာဘအပြား ၉ သိန်းကျော်သိမ်းဆည်း ခဲ့သည်။ အောက်တိုဘာ ရ ရက် မှ လူသေအလောင်း ၁၂ လောင်း မဲခေါင်မြစ်အတိုင်းမျှောလာပြီး ထိုင်းနိုင်ငံ ကျိုင်းဆျဲန် မြို့နယ်တွင်တွေ့ရှိခြင်းဖြစ်သည်။
တရုတ်အစိုးရကအဆိုပါ ကိစ္စနှင့် ပတ်သက်၍ တရားခံအမြန်ဆုံးဖေါ်ထုတ်ပေးရန် ထိုင်း မြန်မာ လောဝ်တို့ အားတောင်းဆိုထားပြီးမဲခေါင် မြစ်အတွင်းယာဉ်သွားလာ အားလုံးပိတ်ထားခဲ့သည်။