သျှမ်းပြည်နယ် လွှတ်တော်အစည်းအဝေး အချိန်နည်းပါး လွှတ်တော်အမတ်များ အားမလိုအားမရ

သျှမ်းပြည်နယ် လွှတ်တော်အစည်းအဝေး အချိန်နည်းပါး လွှတ်တော်အမတ်များ အားမလိုအားမရ
by -
သျှမ်းသံတော်ဆင့်

အောက်တိုဘာလ ၃၁ ရက်က စတင်သည့် ပထမ အကြိမ် သျှမ်းပြည်နယ်လွှတ်တော် ဒုတိယပုံမှန် အစည်းအဝေး ၃ ရက် သာ အချိန်ရသဖြင့်တင်ပြလို သည့်အချက်အလက်များ မတင်ပြလိုက်ရသည့် လွှတ်တော် အမတ်များ အားမလိုအား မရဖြစ်နေ ကြောင်းနီးစပ်သည့်အသိုင်းအဝိုင်းကပြောပါ သည်။

meeting“ စီစဉ်လာတဲ့အချက်တွေ မတင်ပြလိုက်ရတဲ့ အပြင် သက်ဆိုင်ရာပြည်နယ်ဝန်ကြီးတွေ ကဖြေကြားပေး တာ တွေဟာ ကျနော်တို့ သိလိုတဲ့အချက် အလက်တွေနဲ့ အလှမ်းဝေး နေတဲ့အတွက် မကျေနပ်နိုင်တာဖြစ်ပါ တယ်” ဟု ကျားဖြူပါတီမှ အမတ်တဦးက သျှမ်းသံတော်ဆင့်အားပြောသည်။

အောက်တိုဘာ ၃၁ ရက်မှ နိုဝင်ဘာ ၂ ရက်အထိ ၃ ရက်တာကာလအတွင်း လွှတ်တော်အမတ်များဖက်မှ အနည်းငယ်သာ တင်ပြနိုင်ခဲ့ပြီး လွှတ်တော်၏ရှင်းလင်းမှု ကိုသာ နားထောင်ခဲ့ရကြောင်း အစည်းအဝေး တက်ရောက်သူ အမတ်များက ပြောသည်။

အမည်မဖော်လိုသည့် ခြင်္သေ့ပါတီမှ အမတ်တဦးကလည်း “လူ့အခွင့်အရေးနဲ့ပတ်သက်ရင် ပြည်တောင် စုလွှတ် တော်ကို တိုက်ရိုက်တင်ရမယ်လို့ပြောတယ်။ ပြည်နယ်လွှတ်တော်မှာ လုပ်ပိုင်ခွင့်အာဏာမရှိဘူးတဲ့။    နောက် တခုက သျှမ်းပြည် နယ်အစိုးရဝင်ငွေအတွက် အခွန်ကောက်ခံတဲ့ကိစ္စ။ သွင်းကုန်ပစ္စည်းရဲ့ ၃ % ဘဲဆိုတော့ ဘတ်ဂျက်က အရမ်းနည်းနေ တယ်။ လွတ်တော်အမတ်တိုင်းက စိုးရိမ်နေတဲ့အချက်ပေါ့ ။ ဘာလို့လဲဆို လစာငွေ လုံလုံလောက်လောက် ပေးနိုင်ပါ့မလား ပေါ့ နော်။ ကျန်တဲ့ ရှင်းလင်းချက်တွေ တော့ စိတ်ဝင်စားစရာမရှိဘူး။ လွှတ်တော် အမတ်တွေ တင်ပြဖို့ စီစဉ်သွားကြတဲ့ ခေါင်း စဉ်တွေ  တင်ပြချိန် မရှိခဲ့ဘူး” ဟုအတည်ပြုပြော ဆိုသည်။

အစိုးရသစ်တက်လာသည့် ရ လ ၈ လ တာ ကာလအတွင်း စိတ်တိုင်းကျ လုပ်ပိုင်ခွင့်တင်ပြပိုင်ခွင့်များ မရှိသဖြင့် ကျားဖြူ ပါတီ မှ အမတ်တချို့စိတ်ပျက်နေကြောင်း၊ သို့သော် ပြောင်းလဲမှုအတွက် အချိန် ပေးစောင့်ကြည်ရဦး မည်ဖြစ်ကြောင်း တောင်ကြီးရောက် ကျားဖြူပါတီအမတ်တဦးကလည်းပြောသည်။

တဖက်တလမ်းကလည်း နည်းပါးသော သျှမ်းပြည်အစိုးရဝင်ငွေကြောင့် လာမည့်နှစ် လစာအတွက် စိုးရိမ်နေ သော ကျားဖြူ ပါတီက ၎င်းတို့ထံ ရှယ်ယာဝင်ထားသည့်အစုအဖွဲ့မှ သျှမ်းပြည်တောင်ပိုင်း မောက်မယ်မြို့ နယ်၌ လုပ်ပိုင်ခွင့်ရထားသော ဂေါဒန်ကျောက်တူးဖော်ရေးစီမံကိန်း အကောင် အထည် ဖော်ရန်စီစဉ်နေ သည်ဟုဆိုပါ သည်။  

ပထမအကြိမ် သျှမ်းပြည်နယ်လွှတ်တော် ဒုတိယပုံမှန် အစည်းအဝေးကို အောက်တိုဘာ ၃၁ မှ နိုဝင် ဘာ ၂ ရက် အထိ ၃ ရက်သာ အချိန်ပေးခေါ်ယူခဲ့ပြီး သျှမ်းပြည်ဝန်ကြီးချုပ်စဝ်အောင်မြတ်၊ ပြည်နယ် လွှတ်တော် ဥက္ကဌ စိုင်းလုံးဆိုင်နှင့်လွှတ် တော်ကိုယ်စားလှယ် ၁၃၈ ဦးတက်ရောက်ကြောင်း သိရပါ သည်။