နေပြည်တော်အစိုးရအား သျှမ်းတပ်နှစ်ဖွဲ့ ပူးပေါင်းဆွေးနွေးရန် ဆန္ဒရှိ

နေပြည်တော်အစိုးရအား သျှမ်းတပ်နှစ်ဖွဲ့ ပူးပေါင်းဆွေးနွေးရန် ဆန္ဒရှိ
by -
သျှမ်းသံတော်ဆင့်

နေပြည်တော်အစိုးရ ကမ်းလှမ်းထားသည့်အတိုင်း ငြိမ်းချမ်းရေးကိစ္စအမှန် တကယ်ဆွေးနွေးဖြစ်ပါက သျှမ်းပြည် တပ် မတော် တောင်ပိုင်း/မြောက်ပိုင်း ဟုလူသိများသည့် RCSS/SSA နှင့် SSPP/SSA ပူးပေါင်းဆွေးနွေးရန်ဆန္ဒရှိ ကြောင်း RCSS ပြောခွင့် ရ ဗိုလ်မှူးလောဝ်ဆိုင်က ပြောပါသည်။

“ကျနော်တို့ ခေါင်းဆောင်ကြီး စဝ်ယွက်စစ်ပြောပြောနေတဲ့ နိုင်ငံရေးပြသနာကို ငြိမ်းချမ်းစွာ တွေ့ဆုံ ဆွေးနွေးပြီးမှ ဖြေ ရှင်းလိုတယ်ဆိုတဲ့ မူဝါဒနဲ့တိုက်ဆိုင်စွာ သမတကြီးဦးသိန်းစိန် ကလည်း ဆွေးနွေးဖို့ ကမ်းလှမ်းခဲ့တယ်။ ကျနော်တို့ဆီကို နမ့်ဇန်၊ ဟိုမိန်းက ပြည်သူ့စစ်တွေနဲ့ ကမ်းလှမ်းခိုင်းတယ်။ ထိုင်းအာဏာပိုင်တွေနဲ့လဲကမ်းလှမ်း ပြော ဆိုခိုင်း ခဲ့ပါတယ်” - ဟု ပြောပါသည်။

lao-hseng1မြန်မာအစိုးရသစ်နှင့် ငြိမ်းချမ်းရေးဆွေးနွေးရန် ပြီးခဲ့သည့်အပတ်က သျှမ်းပြည်တပ်မတော်တောင်ပိုင်း တပ်ဖွဲ့က သျှမ်း ပြည်အစိုးရ နှင့် နေပြည်တော်အစိုးရထံ ပြန်စာပို့ထားသည်။ ထို့အတူ သျှမ်းပြည်တပ်မ တော် မြောက်ပိုင်း တပ်ဖွဲ့နှင့် လည်း မကြာခင်ကာလ၌ ဆွေးနွေးတော့မည်ဟုလည်းသျှမ်းတပ်မှူးအသိုင်း အဝိုင်းက ပြောပါသည်။

“မေ ၂၁ ရက် သျှမ်းပြည်အမျိုးသားတော်လှန်ရေးနေ့မှာတောင်ပိုင်းနဲ့ မြောက်ပိုင်းရှမ်းတပ်ဖွဲ့ ၂ ဖွဲ့ပူးပေါင်း လိုက် ကြောင်း ကြေငြာခဲ့တာမှန်ပေမယ့် ခုချိန်ထိ လက်တွေ့အကောင်အထည်ဖော်ဖို့၊ ကျနော်တို့က သူတို့ကိုစောင့်နေ တာ ဘဲဖြစ်တယ်။ မြောက်ပိုင်းဘက်မှာလဲ စစ်ရေးအခြေအနေအရမငြိမ်မသက်သေး တော့ ဗဟိုကော်မတီအစည်း အဝေး မကျင်းပနိုင်ဘူး။ သို့ပေမယ့် ဘာဘဲဖြစ်ဖြစ် အခုအစိုးရသစ်နဲ့ ဆွေးနွေးမယ်ဆိုရင်ဘာတွေဆွေးနွေးမလဲဆို တာ၊ ၂ ဦး ၂ ဖက် အချင်းချင်း ညှိနှိုင်း ဆွေးနွေးတင်ပြပြီးမှ လုပ်သွားမှာပါ။ ကျနော်တို့ ရည်ရွယ်ချက် ရည်မှန်း ချက်က အတူတူဘဲ။သျှမ်းပြည် နယ်အစိုးရ ကနေ ၂ ဖွဲ့ပေါင်းပြီး တခါတည်းဆွေးနွေးခွင့်ပေးရင် ပိုပြီးတော့ကောင်း တာပေါ့ ”

သျှမ်းပြည်တပ်မတော် တောင်ပိုင်းတပ်ဖွဲ့က သျှမ်းပြည်အစိုးရ သို့မဟုတ် နေပြည်တော်အစိုးရနှင့် ဆွေးနွေးရပါက - “ပထမ အဆင့်အနေနဲ့ ကျနော်တို့ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းနဲ့ ငြိမ်းချမ်းစွာ ဆွေးနွေးသွားနိုင်ဖို့။ ဒုတိယ အဆင့် ကျတော့ အပြန်အလှန် ယုံကြည်မှုတည်ဆောက်နိုင်ဖို့။ ဘာလို့လဲဆိုတာ့ ကျနော်တို့တွေဟာ တခါမှမဆွေးနွေး ရသေးဘဲ အမြဲတမ်းပစ်ခတ်တိုက်ခိုက်လာခဲ့တယ် မဟုတ်လား။ နောက်ဆုံးအဆင့်ကျမှ နိုင်ငံရေးပြဿနာကို ပူးပေါင်း အဖြေရှာရမှာ။ ဒီအတွက်နေပြည် တော်ဘက်က ကျနော်တို့ကို ဘယ်ကဏ္ဍမှာ ပါဝင်စေလိုသလဲ သိရရင် ကျနော်တို့ ဘက်ကတိုင်ပင်ဆုံး ဖြတ်ပြီး လုပ်ဆောင်သွားနိုင်မှာပေါ့”  - ဟု ဗိုလ်မှူး လောဝ်ဆိုင်ကဘဲ ပြောပြပါသည်။

၂၀၀၇ ခုနှစ်က မြန်မာစစ်အစိုးရ နအဖ နှင့် သျှမ်းပြည်တပ်မတော် တောင်ပိုင်း တပ်ဖွဲ့တို့ ဆွေးရန်ပြင်ဆင် ခဲ့ဖူး ၏။ စစ်အစိုးရဘက်က ဆွေးနွေးမည့်နေရာ ကြိုတင်အကြောင်းမကြားဘဲ မယ်ဆိုင်မြို့ မှ တာချီလိတ် တပ်တွင်း၌ ဆွေးနွေး ရန် အစီအစဉ်ပြောင်းလိုက်သောကြောင့် ဆွေးနွေးပွဲ အထမမြောက်ဘဲ ယနေ့ထိ ကြန့်ကြာခဲ့သည်။

၁၉၉၆ ခုနှစ် ခွန်ဆာဦးဆောင်သည့် မုန်တိုင်းတပ်မတော် က စစ်အစိုးရထံ လက်နက်ချအလင်းဝင်စဉ် ဒုတိယ ဗိုလ်ချုပ် ကြီး ယွက်စစ်က လက်နက်မချဘဲ လက်ကျန်တပ်ဖွဲ့များအား ဦးဆောင်၍ သျှမ်းပြည် တပ်မတော်(တောင်ပိုင်း)  RCSS/ SSA အဖြစ် ပြန်လည်စုစည်းကာ ထိုင်းနယ်စပ် လွယ်တိုင်းလျဲန်း၌ ဌာနချုပ်ချ၍မြန်မာ အစိုးရတပ်အား ခုခံတိုက်ခိုက် လာခဲ့သည်။