ငြိမ်းချမ်းရေးအတွက်တွေ့ဆုံဆွေးနွေးစဉ် မြန်မာ အစိုးရ ကိုယ်စားလှယ်များဖက်မှ ပေးကမ်းသော လက်ဆောင် များအပေါ် အံ့ဩပြီး မသုံးဝံ့ကြ ကြောင်း မိုင်းလားအရာရှိနှင့်နီးစပ်သည့်အသိုင်း အဝိုင်းကပြောပါသည်။
“ပထမတကြိမ်တွေ့ဆုံတုန်းက ငါးရံ့ခြောက်ဖုတ် ဆီဆမ်း တယောက်တဘူးပေးတယ်။ ချစ်ကြည်ရင်းနှီးမှု အမှတ် တရလက် ဆောင်တဲ့။ ဒီဒုတိယတခေါက်တွေ့ဆုံ တဲ့ခါကျတော့ပိုထူးဆန်းတယ်။ နဝရတ်ကိုးသွယ် ပုံစံ စိန်၊ ကျောက် လက်စွပ် တယောက်တကွင်း။ ပက်ကင်ပိတ် မသာခေါင်း (နတ်စိမ်းသူရဲကားကအခေါင်း နှင့်အလားတူ) တခု။ အဲ့အခေါင်းထဲမှာ အဖုံးအတိပိတ် ထားတဲ့ ပုလင်း အလွှတ်တလုံး။ လဖက်နဲ့အကြော်စုံ၊ ကိတ်မုန့်နဲ့အခြားမုန့်ပဲ သရေစာတွေ ပေးတယ်။ ဘာအဓိပ္ပါယ်လဲမသိ ဘူးဗျာ။ ထူးလဲထူးဆန်းတာနဲ့ အဲ့ အသုံးအဆောင်ပစ္စည်းတွေ တယောက်မှမသုံးရဲဘူး၊ နာမ်နှိပ် နည်းတခုဘဲလို့ ယူဆ နေကြတယ်” ဟု အဆိုပါပုဂ္ဂိုလ်က ပြောသည်။
စက်တင်ဘာ ရ ရက်နေ့တွင် တကြိမ် အောက်တိုဘာ ၉ ရက်နေ့တွင်တကြိမ် မြန်မာအစိုးရကိုယ်စားလှယ်နှင့် မိုင်းလား တပ်ဖွဲ့ကိုယ်စားလှယ်တို့ သျှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံမြို့၌ငြိမ်းချမ်းရေး အတွက်တွေ့ဆုံဆွေး နွေး ခဲ့ကြသည်။
“အဲ့လက်ဆောင်တွေကို ပက်ကင်ဘူးလှလှလေးထုပ်ထားတော့ မိုင်းလားရောက်မှဘဲ ဖွင့်ကြည့်မှသိရတာ။ အကြီးအကဲတွေ တော့ အဲ့လက်ဆောင်တွေကို ကြည့်ပြီး စိတ်ပျက်မိတယ်” - ဟုလည်း ၎င်းကဆက်လက် ပြော ပြသည်။
ပထမတကြိမ် ကျိုင်းတုံဟိုတယ်တွင်တွေ့ဆုံစဉ် ပြည်ခိုင်ဖြိုးပါတီ အတွင်းရေးမှူး ဦးအောင်သောင်းကိုယ်တိုင် ငါးခြောက် ဖုတ်ဆီဆမ်းဗူးကို လက်ဆောင်အဖြစ် မိုင်းလားကိုယ်စားလှယ်များ ထံပေးအပ်ခဲ့သော်လည်း အစွန်း၊ ယတြာ၊ ပီယဆေး သင့်မည်စိုးရိမ်သောကြောင့် မစားသုံးရဲကြကြောင်း၊ အလားတူဒုတိယအကြိမ် တွေ့ဆုံစဉ် ပေးအပ်ခဲ့သော မုန့်ပဲ သားရေစာ များကိုလည်း မစားရဲကြသည့်အပြင် ကျောက်သံပတ္တမြားပါ လက်စွပ်ကိုလည်း မဝတ်ရဲကြကြောင်း အမည်မဖော် လိုသည့် မိုင်းလားအရာရှိတဦးကလည်းပြောသည်။
“ စိန်၊ ကျောက်သံပတ္တမြားအမျိုးမျိုးနဲ့ကွပ်ထားတဲ့ လက်စွပ် တယောက်တကွင်းရတယ်။ ကွပ်ထားတဲ့ရွှေက ရွှေရည် စိမ်ဘဲ။ ကျောက်တွေလဲ အညံ့စားလေးတွေဘဲ။ မယ်ဆိုင်-တာချီလိတ် တံတားက တာလော့ဈေးမှာ တကွင်း ဘတ် နှစ်ရာကျော် ၃၀၀ ပေါ့။ ကလေးကစားစရာလိုမျိုးဖြစ်နေတယ်။ ဆိုတော့စိတ်မကောင်းဘူး ပေါ့ဗျာ။ နောက်ပြီး မြန်မာအစိုးရအဆက်ဆက်က ယုံကြည်လာတဲ့ ယတြာ၊ ဒါမှမဟုတ်မကောင်းဆိုးရွားများ လုပ်တာလားလို့တောင် တွေးမိကြတယ်။ အဲ့ဒါကြောင့် ဝတ်လဲ ဘယ်သူမှ မစားရဲကြဘူး ” ဟုသျှမ်းသံတော် ဆင့်အားရှင်းပြသည်။
ဆွေးနွေးပွဲမတက်ရောက်နိုင်သည့် နေရပ်တွင်ကျန်ရှိ အကြီးအကဲ၊ ခေါင်းဆောင်များအတွက်ပါ ဦးအောင် သောင်း နှင့် ဦးသိန်းဇော်တို့က အဆိုပါ လက်ဆောင်များ ပါးပေးခဲ့သေးကြောင်း လည်းသိရသည်။