သျှမ်းပြည် (မြောက်ပိုင်း) အတွင်းရှိ KIA တပ်မဟာ ၄ လက်အောက်ခံတပ်များအား အစိုးရစစ်တပ်မှ ထိုးစစ်ဆင် တိုက်ခိုက် နေရာတွင် KIA ဘက်မှ SSA/SSPP တပ်ဖွဲ့များ ကူညီတိုက်ခိုက်နေကြောင်း စုံစမ်းသိရသည်။
KIA တပ်ရင်း ၈ အခြေစိုက်ရာ မန်တုံမြို့နယ် အတွင်း၌ KIA နှင့် SSA/SSPP ပူးပေါင်းတပ်ဖွဲ့များနှင့် အစိုးရ တပ်တို့ အကြား ယမန်နေ့ ညနေပိုင်းမှ ယနေ့အထိ တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားနေကြောင်း SSA/SSPP သတင်းရပ်ကွက်မှ သျှမ်းသံတော်ဆင့်သို့ အတည်ပြုပြောသည်။
“မန်တုံမြို့နယ်ထဲမှာ SSA တပ်တွေနဲ့ တိုက်ပွဲတွေဖြစ်နေတယ်လို့ သိရတယ် ဒါပေမဲ့အခြေအနေအသေး စိတ် မသိရ သေးဘူး” ဟု SSA အရာရှိ တစ်ဦးက ဆိုသည်။
တရုတ်နယ်စပ် အခြေစိုက် စစ်ရေးနိုင်ငံရေး လေ့လာသူ ဦးအောင်ကျော်ဇော ကလည်း မန်တုံမြို့နယ် အတွင်းရှိ KIA တပ်ရင်း ၈ နယ်မြေတွင် တိုက်ပွဲများ ဖြစ်ပွားနေသည်ဟု ယခုလို ပြောသည်။
“KIA တပ်ရင်း ၈ နယ်မြေမှာ မနေ့ညနေ ၃ နာရီလောက်ကတည်းက ဖြစ်နေတာ။ သျှမ်းနဲ့ကချင်ပေါင်း ပြီးတိုက် နေတာ တပ် ရင်း ၈ ကတော့ အတော်မာတယ်” ဟု ဆိုသည်။
ကချင်ပြည်လွတ်လပ်ရေးတပ်မတော် KIAနှင့် သျှမ်းပြည်တပ်မတော် SSA/SSPPလက်နက်ကိုင်အဖွဲ့များ သည် နယ်မြေချင်း ထိစပ်နေသော ညီညွတ်သောတိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီ UNFC တပ်ပေါင်းစု အဖွဲ့ဝင်များ ဖြစ် သည်။
ယခုလ ၂၄ ရက်နေ့မှ စ၍ အစိုးရတပ်များသည် သျှမ်းပြည် (မြောက်ပိုင်း) မူစယ် ၊ ကွတ်ခိုင်နှင့် မန်တုံမြို့ နယ် များ အတွင်းရှိ KIA လက်အောက်ခံတပ်များကို ထိုးစစ်ဆင်တိုက်ခိုက်နေရာ တိုက်ပွဲအတွင်း SSA ဘက်မှ ၄ ဦး ကျဆုံးခဲ့ပြီး KIA တပ်စခန်းများ လက်လွတ်ဆုံးရှုံးခဲ့သော်လည်း ပြောက်ကျားစစ်နည်း ဗျူဟာဖြင့် တန်ပြန် တိုက်ခိုက်မှုကြောင့် အစိုး ရတပ် များ အထိနာနေကြောင်း သိရသည်။
ယမန်နေ့က တပ်ရင်း ၉ စခန်းကုန်းအား သိမ်းပိုက်ထားသော အစိုးရတပ်များကို KIA တပ်မတော်က ဝိုင်းရံပိတ်ဆို့ တိုက်ခိုက်နေကြောင်း သိရသည်။
အတည်မပြုနိုင်သော သတင်းအရ ယမန်နေ့က အစိုးရစစ်တပ်မှ ၁၂၀ မမ လက်နက်ကြီး ပစ်ခတ်စဉ်မတော် တဆ ကျည် ပေါက်ကွဲမှုဖြစ်ပြီး ၁၁ ဦးကျဆုံး၍ ၃ ဦး ဒဏ်ရာရရှိကြောင်း သိရသည်။