နှစ်ဝက်ကျော်ကြာ ပိတ်ထားသော မိုင်းလား ကျိုင်းတုံလမ်းပြန်လည်ဖွင့်လှစ်

နှစ်ဝက်ကျော်ကြာ ပိတ်ထားသော မိုင်းလား ကျိုင်းတုံလမ်းပြန်လည်ဖွင့်လှစ်
by -
သျှမ်းသံတော်ဆင့်

နေပြည်တော်မှ ကိုယ်စားလှယ်များနှင့် တွေ့ဆုံပြီး နောက်ပိုင်း ၅ ရက်ခန့်အကြာမြန်မာအာဏာပိုင် တို့မှ နှစ်ဝက်ကျော်ကြာ ပိတ်ထားသော (ကျိုင်းတုံ -မိုင်းလား လမ်းအား) နမ့်လွေချောင်းကူးတာ့ပင်း တံတား အနီးဂိတ်ကို ပြန်လည်ဖွင့်လှစ်လိုက်ပြီဖြစ် ကြောင်း မိုင်းလားအာဏာပိုင်များထံမှသိရသည်။

 တာ့ပင်းဂိတ်
“ဆိုင်ကယ်တွေ ဗင်တွေ ဟိုင်းလက်တွေလောက်တော့ ပုံမှန်ပြန်ပြီး ဖြတ်သန်းခွင့်ပြုပြီ။ နယ်ခြားဒေသ တဝိုက် နယ်ကျွံ အခြေချသည့် မြန်မာတပ်အင်အားတချို့လဲ အနည်းငယ် ဆုတ်ပြန်သွားကြပြီ၊တပ်တခု လုံးရုပ်ပြန် တာတော့မဟုတ်ဘူး၊ ၄၀ ရှိ ရင် ၂၀ လောက်ချန်ထားတယ်အဲလိုပေါ့”ဟုမိုင်းလားအရာ ရှိနှင့်နီးစပ်သူတဦးကပြော သည်။

ယမန်နှစ် နိုဝင်ဘာလ ကစ၍ မြန်မာအာဏာပိုင်များဖက်မှ စတင်ပိတ်လိုက်ခြင်းဖြစ်ပြီး စက်တင်ဘာလ ၆ ရက် နေပြည် တော်မှ ငြိမ်းချမ်းရေးဖော်ဆောင်ရေးကိုယ်စားလှယ်များနှင့်မိုင်းလားအာဏာပိုင်တို့တွေ့ဆုံ ကြပြီးနောက် ပိုင်း အဆိုပါ တာ့ပင်းဂိတ်အား ပြန်လည်ဖွင့်လှစ်လိုက်ခြင်းဖြစ်သည်။

“ အရင်က သူတို့ပိတ်တုန်းက တရက်ဆိုရင် ကားငယ်လေး ၂ စီးဘဲဖြတ်သန်းခွင့်ပေးတယ်။ခုတော့ ဆိုင်ကယ် ကားငယ် ကားလတ်တွေ အကုန်လုံးပေးဖြတ်တယ်။ ကုန်ကားကြီးနဲ့ ခရီးသည်တင်ကားကြီး တွေကိုတော့ပေးမသွား သေးဘူး။ ဒီကိစ္စ အထက်အာဏာပိုင်တွေနဲ့ ဆွေးနွေးတင်ပြပေးမယ်လို့ မြန်မာဖက်ကကိုယ်စားလှယ် တွေကပြော သွားတယ်တဲ့” ဟု မိုင်း လား အာဏာပိုင်တဦးနှင့်နီးစပ်သူ တဦးကပြောသည်။

မိုင်းလားနယ်ခြားမျဉ်းတလျှောက် မြန်မာတပ်အချို့ ရုပ်သိမ်းသွားသည်သာမကမိုင်းယန်းမြို့နယ်ဟွေ့မူး ၌တိုးချဲ့ နေရာယူ ထားသည့်တပ်လည်း ဆွေးနွေးပွဲမတိုင်ခင် ၃ ရက်နေ့ကတည်းက တပ်ပြန်ရုပ်သွားပြီ ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြော ပြသည်။ ဆွေး နွေးပွဲပြီး နောက်ပိုင်း ယခင်ကကဲ့သို့မြန်မာဝန်ထမ်း ဌာနအသီးသီး မိုင်းလားသို့ ပြန်လည်ရုံးစိုက်မည်ဟု သတင်းရရှိထား သော်လည်းလာမည့်နေ့ရက်အတိ အကျ ကိုမူ မသိရသေးဟုလည်းမိုင်းလား အာဏာပိုင်များကပြောသည်။

ဩဂတ်စ်လ ၁၈ ရက်က သမ္မတ ဦးသိန်းစိန်က တိုင်းရင်းသားတပ်ဖွဲ့များနှင့်ငြိမ်းချမ်းရေးဆွေးနွေးရန်ကမ်း လှမ်း ခဲ့သည်။ ၂၇ ရက်နေ့က အစိုးရ၏ကမ်းလှမ်းချက်အား အကောင်းမြင် ထောက်ခံကြောင်းမိုင်းလား နှင့် ဝ တပ်ဖွဲ့က နေပြည်တော်သို့ အကြောင်းပြန်စာပေးပို့ခဲ့သဖြင့် ယခုလ ၆ ရက်က ဝ တပ်ဖွဲ့ကိုယ်စား လှယ် များနှင့်လည်းကောင်း၊ ရ ရက်နေ့က မိုင်းလား တပ်ဖွဲ့ကိုယ်စားလှယ်များနှင့်လည်းကောင်း နေပြည်တော်မှငြိမ်းချမ်းရေးကိုယ်စားလှယ်များ က ကျိုင်းတုံမြို့သို့ သွားရောက် တွေ့ဆုံခဲ့ကြသည်။

ယခုတပတ် တနင်္ဂနွေနေ့က ပြန်လည်ဖွင့်လှစ်လိုက်သော နမ့်လွေချောင်းကူး တာ့ပင်းတံတားဂိတ်အား လွန်ခဲ့သည့် နှစ် နိုဝင်ဘာ ၂၃ ရက်က မြန်မာဖက်မှ ပထမအကြိမ် စတင်ပိတ်လိုက်ခြင်းဖြစ်ပြီး၊ ထိုင်းနိုင်ငံဝန်ကြီးချုပ်ဟောင်း ချွန်လစ်ပိုင်၏ အလည် အပတ်ခရီးစဉ်ကြောင့် ယခုနှစ် ဖေဖော်ဝါရီ ၆ ရက် ကဒုတိယအကြိမ် ခရီးသွားယာဉ်ကြီးများ၊ ကုန်တင်ယာဉ်ကြီး များ မြန်မာဘက်ကပိတ်လိုက်ခြင်းဖြစ် သည်။ ပြီးခဲ့သည့် မတ်လ ၂၆ ရက်ကစပြီးငွေသိန်းချီ ပေးပြီး မှောင်ခိုလိုင်းဖြတ်သန်း နည်းများမှအပ ယာဉ်သွားယာဉ်လာများအားလုံး ရပ်ဆိုင်းထားရာမှယခုတကြိမ် မြန်မာ အာဏာပိုင်တို့ ပြန်လည်ဖြတ်သန်း ခွင့်ပြုပေးခဲ့ သည်။