တပ်စခန်းသို့ရေပိုက်လိုင်းသွယ်တန်းရေးအတွက် မိုင်း ရယ် မြို့နယ် ကျေးရွာအုပ်စု ၅ ခုမှအုပ်စုအုပ် ချုပ်ရေး မှူးများ အား ခေါ် ယူ၍ပိုက်ဆံကောက် ပေးခိုင်းကြောင်းသျှမ်းပြည်မြောက်ပိုင်းသတင်း ရပ်ကွက်က ဆိုပါသည်။
မိုင်းရယ်အခြေစိုက် ခမရ ၃၂၅ မှ ဗိုလ်မှူးမျိုးဇောမောင်ဦးဆောင်သောတပ်ဖွဲ့က ၎င်းတပ်ဖွဲ့တပ်စခန်းချရာ ဝမ့်ဇန့်ရွာမှ ရွာသား ၂ ဦးအား အခြားကျေးရွာအုပ်စုမှူးများအား ဆင့်ခေါ်၍ ကျေးရွာတခုပိုက်ဆံမည်မျှ ကောက် ပေးရန် ခိုင်းစေညွှန်ကြား ခဲ့ ကြောင်း မိုင်းရယ်ဒေသခံတဦးက သျှမ်းသံတော်ဆင့် သို့ပြောပြသည်။
“ ဝမ့်ဇန့်ရွာက လုံးဟန် နဲ့ လုံးကျော် တို့ ၂ ယောက်ကို အုပ်စု ၅ စု က အကြီးအကဲတွေကို ဆင့်ခေါ် ခိုင်းတယ်။ ဗမာဗိုလ်ကြီး တယောက်က ရွာကြီးရင်ကြီးသလို ပိုက်ဆံကောက်ပေးခိုင်း တယ်။သူတို့တပ်စခန်း အတွက် ရေပိုက်သွယ်ဖို့တဲ့” ဟု မိုင်းရယ် ရောက် ဟိုတိအုပ်စုမှ ဒေသခံတဦးကလည်း ပြောသည်။
ယခုလ ၃ ရက်နေ့က မိုင်းရယ်မြို့နယ် တောင်ဘက် ဝမ့်ဇန့်ကျေးရွာ၌ တပ်စခန်းချသော ခမရ ၃၂၅ ဗိုလ်မှူး မျိုးဇောမောင် ထံသို့ ဝမ့်ဇန့်အုပ်စု ကျပ် ၂ သိန်း၊ ဟိုတိအုပ်စု ကျပ် ၁ သိန်း ၅ သောင်း၊ ပါကန်းအုပ်စု ကျပ် ၁ သိန်း ၅ သောင်း၊ လုခိုက် အုပ်စု ကျပ် ရ သောင်း ၅ ထောင်၊ ကုန်းစုံအုပ်စု ကျပ် ရ သောင်း ၅ ထောင်ကောက် ပေးလိုက်ရကြောင်း ၎င်းက ဆက်လက် ပြောပြသည်။
သျှမ်းပြည်တပ်မတော် ဝမ့်ဟိုင်းအား ထိုးစစ်ဆင်တိုက်ခိုက်ရာတွင်ပါဝင်သည့် အဆိုပါ မြန်မာစစ်တပ် ခမရ ၃၂၅ ဗိုလ်မှူး မျိုးဇောမောင်ဦးဆောင်သည့်တပ်ဖွဲ့မှာ ဩဂတ်စ်လလယ်က သျှမ်းပြည်တပ်မတော်၏အရပ် ဝတ်ကင်း ထောက် ၂ ဦးအား တားမြစ်စစ်ဆေးရာ အဆိုပါ ကင်းထောက် ၂ ဦးက မြန်မာစစ်သားအား ဓါးဖြင့်ခုတ်ထစ်ကာ သေနတ်လုထွက်ပြေးသဖြင့် ဝမ့်ဇန့်ရွာထဲသို့ လက်နက်ကြီး ၂၄ လုံး ပစ်ချတိုက်ခိုက် ခဲ့ဖူးသည်။
ထိုတိုက်ခိုက်မှုတွင် ကျောင်းသား ၃ ယောက်၊ ရွာသား ၆ ယောက် ဒဏ်ရာရကြောင်း၊ ဟုန်းမွန်း ရွာသား ၂ ယောက်နှင့် ဝမ့်ဇန့်ရွာ သား ၁ ယောက် တိလိုင်ရွာသား ၁ ယောက်လည်း ဆိုပါ ဗမာစစ်သားရိုက်နှက်မှု ကြောင့် ဒဏ်ရာရရှိခဲ့ကြောင်း မိုင်းရယ်ဒေသခံလူငယ်တဦးကလည်း ပြောပြသည်။