ယခုနှစ် ဧရာဝတီမြစ်အထက်ပိုင်း မြေနုကျွန်းများ ရေမမြှုပ်သေး

ယခုနှစ် ဧရာဝတီမြစ်အထက်ပိုင်း မြေနုကျွန်းများ ရေမမြှုပ်သေး
by -
သျှမ်းသံတော်ဆင့်

ယခုနှစ် မိုးကြီးမှုကြောင့် မြန်မာနိုင်ငံ မြို့ကြီးတချို့ ရေလွမ်းမိုးခံနေရသော်လည်းဧရာဝတီမြစ်အထက်ပိုင်း ၌ မြစ်ရေ မတက်သဖြင့် ကချင်ပြည်နယ်ဗန်းမော် နယ် တစ်ဝိုက် မြစ်အတွင်းရှိ မြေနုကျွန်းများ တစ်ကြိမ်မျှ ရေနစ်မြှုပ်ခြင်း မရှိသေးကြောင်း သိရသည်။

နှစ်စဉ် မိုးတွင်းကာလ၌ မြေနုကျွန်းများ အနည်းဆုံးတစ်ကြိမ်ခန့် ရေနစ်မြှုပ်လေ့ရှိပြီး သဘာဝ နုန်းမြေတက် ၍ မြေဆီဖြစ် ထွန်းကာ  အောက်တိုဘာလဆန်းပိုင်း မြစ်ရေကျချိန်တွင် တောင်သူများ စိုက်ပျိုးရေးစတင်ကြ ခြင်း ဖြစ်သည်။

Irrawaddy-river

မြေနုကျွန်းများ ရေမြှုပ်၍ မြေသြဇာညံ့ဖျင်းပြီး လာမည့်နှစ် သီးနှံအထွက် ထိခိုက်ဖွယ်ရှိကြောင်း ဗန်းမော် ဒေသခံ တောင်သူတစ်ဦးက သျှမ်းသံတော်ဆင့်သို့ ပြောသည်။

“ခါတိုင်း တစ်နှစ်ကို အနည်းဆုံးတစ်ကြိမ်၊ နှစ်ကြိမ်လောက် ရေမြှုပ်တယ်။ ဒီနှစ်တစ်ကြိမ်မှ မမြှုပ်သေးဘူး။ ဒီနှစ်မှ စဖြစ်တာမကြုံဖူးဘူး။ ရေမြှုပ်မှနုန်းမြေတက်တာ နုန်းမြေထပ်မတက်ရင် မြေသြဇာမကောင်းဘူး။ သီးနှံအထွက်လည်း ကျသွားနိုင်တယ် ” ဟု သူက ဆိုသည်။

၎င်းမြေနုကျွန်းများတွင် ပဲအမျိုးမျိုး၊ ပြောင်းနှင့် ဆီမုံညှင်းစသည့် သီးနှံများကို အဓိကစိုက်ပျိုးကြောင်းသိရ သည်။

ယခုနှစ်အတွင်း ဗန်းမော်မြို့အထက်ဘက် ပါပေါင်းကျေးရွာအနီး ဧရာဝတီမြစ်အတွင်း၌ ဖေါင်များဖြင့် ရွှေလုပ်ငန်း လုပ်ကိုင် နေရာ မိုးတွင်းကာလ ဖြစ်သည့်တိုင် ဧရာဝတီမြစ်ရေပမာဏသိသိသာသာနည်းနေ သည်ဟု သူကဆက်ပြော သည်။

“ဒီနှစ်ထဲမှာ ကုမ္ပဏီတွေ ဖေါင် ၆၀ လောက်နဲ့ မြစ်ထဲ ရွှေတူးနေတာ။ မိုးကာလဆိုပေမဲ့ သိသာတာကမြစ်ရေ တော် တော်ကို နည်းသွားတယ် ” ဟု ဆိုသည်။

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ အထက်ဘက် ဧရာဝတီမြစ်ဆုံဒေသ၌လည်းမြစ်ကိုပိတ်၍ရေအားလျှပ်စစ် ထုတ် လုပ် ရန်တရုတ်ကုမ္ပဏီနှင့် မြန်မာအစိုးရတို့ ပူးပေါင်းအကောင်အထည်ဖေါ်ဆောင်ရွက်နေသည်။

အဆိုပါ စီမံကိန်းသည် သဘာဝအလျှောက် စီးဆင်းနေသော ဧရာဝတီမြစ်နှင့် ဒေသခံပြည်သူသန်းပေါင်း များစွာ အတွက် ဆိုးကျိုးများ ဖြစ်ပေါ်စေမည်ဟု လေ့လာသူများက ကျယ်ပြန့်စွာ ထောက်ပြနေသည်။

Most read this week