သျှမ်းပြည်တောင်ပိုင်း ကာလိမြို့နယ်ခွဲ ပစ်ခတ်မှု ကြောင့် အရပ်သား ၂ ဦး သေဆုံးမှုသည် SSA(ယွတ်စစ်) အဖွဲ့၏ လက်ချက်ဖြစ်သည်ဟူသော အစိုးရသတင်းစာ၏ ဖော်ပြချက်မှာ မှန်ကန်မှုမရှိ ကြောင်း SSA လွယ်တိုင်း လျဲန်းက ပြောဆိုသည်။
“ကျနော်တို့ SSA က အရပ်သား ပြည်သူတွေကို ပစ်သတ်တဲ့ပေါ်လစီ မရှိပါဘူး။ ကာလိဆိုတာသျှမ်းပြည်မှာရှိ တဲ့ မြို့ဖြစ် တယ်။ ကျနော်တို့ ဘာကြောင့်သွားပစ်မှာလဲ။ အမှန်တကယ် ပြည်သူတွေကိုတိုက်ခိုက်သတ်ဖြတ် နေတာ ဗမာစစ်တပ်ပါ။ အရင်တုန်းကလဲ ပစ်ခတ်မှုဖြစ်တိုင်းတိုင်းရင်းသားလက်နက် ကိုင်တွေကိုဗမာစစ် တပ်က ယိုးစွပ်နေကျ” ဟု SSA လွယ်တိုင်းလျဲန်းမှ ပြောရေးဆိုခွင့်ရှိသူ စိုင်းဆိုင်မိဏ်း က ပြောပါသည်။
သြဂတ်စ် ၂၁ ရက်ထုတ် ကြေးမုံ သတင်းစာ၌ SSA (ရွက်ဆစ်)အဖွဲ့က ကာလိမြို့နယ်ခွဲရှိ အထွေထွေအုပ်ချုပ် ရေးမှူးရုံး အား သြဂတ်စ် ၁၉ ရက် ည ရ:၃၀ နာရီခန့်တွင်လည်းကောင်း၊ ရပ်ကွက်(၆)ရှိ နေအိမ်တစ်လုံးအား ည ၈ နာရီခန့်တွင် လည်းကောင်း လက်နက်ငယ်များဖြင့် ဝင်ရောက်ပစ်ခတ်ခဲ့ကြောင်း၊အထွေထွေအုပ်ချုပ်ရေး မှူးရုံး သို့ ဝင်ရောက်ပစ်ခတ်စဉ် ဝန်ထမ်းများ ထိခိုက်မှုမရှိဘဲ ရုံးအဝင်တံခါးနှင့် နံရံများကိုသာ ထိမှန်ခဲ့ကြောင်း၊ ရပ်ကွက်(၆)သို့ ဝင်ရောက်ပစ်ခတ်ရာ၌ ဦးကျော်ခိုင်(ဘ)ဦးအောင်သန်း အသက်(၄၂)နှစ်နှင့် မောင်ထွန်းလှိုင်(ဘ) ဦးအဂ္ဂ အသက်(၂၁)နှစ်တို့နှစ်ဦး လက်နက် ငယ်များ ထိမှန်သေဆုံးသွားကြောင်း၊ SSA သည်လက်နက် အား ကိုးဖြင့် အနိုင်ကျင့်ခြင်း၊ ဆက်ကြေးတောင်းခံခြင်း၊ ဓားပြတိုက်ခြင်း စသည့်အကြမ်းဖက်လုပ်ရပ်များကို တစိုက် မတ်မတ် လုပ်ဆောင်နေကြောင်း ရေးသားဖော်ပြထားသည်။
“အစိုးရက ကာလိကို မြို့နယ်ခွဲအဆင့် တိုးမြင့်လိုက်ကတည်းက၊ တပ်မဟာ(၇)က ပြည်သူ့စစ် လုပ်လိုက်က တည်းက သူခိုး ဓားပြတွေ များလာတယ်။ အပစ်ရပ်အဖွဲ့ရှိတုန်းက အေးချမ်းသေးတယ်။ အခုကတော့ အမည် မသိ လက်နက်ကိုင်အဖွဲ့တွေ လဲ မကြာခဏ ဝင်လာပစ်တယ်။ ဒီမှာမိုးချုပ်တာနဲ့ နေဝင်မီးငြိမ်းဖြစ်နေပြီ။ ပြည်သူတွေလဲ မိုးမလင်းရင် အိမ်ပြင်မထွက်ရဲကြ ဘူး” ဟု ကာလိဒေသခံတစ်ဦးကလည်း ပြောပါသည်။
သျှမ်းပြည်တောင်ပိုင်း ကွန်ဟိန်းမြို့နယ်ရှိ ပြည်သူ့စစ်အသွင်ပြောင်း SSA တပ်မဟာ ရ ဌာနချုပ်ရှိရာကာလိ ကျေးရွာ အုပ်စု အား ၂၀၁၀ ခုနှစ် ဒီဇင်ဘာလအတွင်း အစိုးရဌာနပေါင်းစုံထားရှိကာ မြို့နယ်ခွဲအဆင့် အဖြစ်တိုးမြင့်ဖွဲ့စည်းခဲ့ သည်။