အများပိုင်မြေ ရောင်းချသည့်အပေါ် ဒေသခံများ မကျေနပ်

အများပိုင်မြေ ရောင်းချသည့်အပေါ် ဒေသခံများ မကျေနပ်
by -
သျှမ်းသံတော်ဆင့်

သျှမ်းပြည် (မြောက်ပိုင်း) မူစယ်မြို့ စွမ်စော်ရပ် ကွက်ရှိ အများပိုင် သချိုင်းမြေကိုရပ်ကွက်အုပ်ချုပ် ရေး အာဏာပိုင်အဖွဲ့က ၎င်းတို့ကိုယ်ကျိုးအတွက် ရောင်းချ ခဲ့သည့်အပေါ် အဆိုပါရပ်ကွက်သားများ က မကျေ မနပ်ဖြစ်နေကြောင်း သိရသည်။

ယခုလ ၁၂ ရက်နေ့က ဧကတစ်ဝက်ခန့်ရှိ သချိုင်းမြေကို တရုတ်ငွေယွမ် ၄သောင်းဖြင့် တရုတ်အမျိုးသား တစ်ဦးထံရောင်း ချခဲ့ကြောင်း စွမ်စော်ရပ်ကွက်သားတစ်ဦးက သျှမ်းသံတော်ဆင့်သို့ ပြောသည်။

“ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့က သချိုင်းမြေကို ဘယ်သူနဲ့မှ မတိုင်ပင်ပဲရောင်းစားတယ် ၁၂ ရက်နေ့ ညနေ ၃ နာရီလောက်မှာ အရောင်းအဝယ်စာချုပ်ချုပ်တယ် တစ်ရပ်ကွက်လုံးက မကျေနပ်ကြဘူးပေါ့ ”ဟုရပ်ကွက် သား တစ်ဦးက ဆိုသည်။

၎င်းမြေရောင်းချမှုတွင် စွမ်စော်ရပ်ကွက်အုပ်ချုပ်ရေး အာဏာပိုင်အဖွဲ့မှ နာယက ဦးခင်းလှကျော် ၊ ဥက္ကဋ္ဌ ဦးကာခမ်း ၊ အဖွဲ့ဝင် ဦးစွဲ့ခမ်းဟိန်း ၊ စိုင်းစံကျိန်ခမ်းတို့ ပါ၀င်ကြောင်း သိရသည်။

အဆိုပါမြေရောင်းချသည့်ကိစ္စ သျှမ်းသံတော်ဆင့်မှမေးမြန်းရန်ရပ်ကွက်တာဝန်ရှိသူများထံဖုန်းဆက်သွယ် ခေါ် ဆိုသော်လည်း ဆက်သွယ်၍မရခဲ့ပါ။