KIA တိုက်ခိုက်မှု အတွင်း လူ ရ ဦးသေဆုံး ၊ ၁ ဦးဒဏ်ရာရ

KIA တိုက်ခိုက်မှု အတွင်း လူ ရ ဦးသေဆုံး ၊ ၁ ဦးဒဏ်ရာရ
by -
သျှမ်းသံတော်ဆင့်

ယခုလ ၂ ရက်နေ့ ညနေ ၅ နာရီကျော်ခန့်က ကချင် ပြည် နယ် မိုးမောက်မြို့နယ်တာပိန် ရေအားလျှပ် စစ်စီမံ ကိန်း အနီး ၂၁ မိုင် နေရာ၌ပါဂျဲရိုးကား တစ်စီး ကို KIA တပ်ဖွဲ့က ခြုံခိုတိုက်ခိုက်ခဲ့ရာ အရပ်သား ၄ ဦးနှင့် ရဲ ၃ ဦး ၊ ပေါင်း ရ ဦး သေဆုံးပြီး ရဲ တစ်ဦးဒဏ်ရာ ရရှိသွားကြောင်း သိရသည်။

kachin-flag
တာပိန်ရေအားလျှပ်စစ်နေရာမှ ဗန်းမော်မြို့သို့ ၎င်းယာဉ် ထွက်ခွာလာစဉ် လမ်း၌ ပစ်ခတ် တိုက်ခိုက်ခံရခြင်း ဖြစ်ပြီး ရဲတစ် ဦးသာ ဒဏ်ရာဖြင့် ထွက်ပြေးလွတ်မြောက်လာခဲ့ကြောင်း နာရေးကူညီနေသူ မြို့ခံတစ်ဦးက သျှမ်းသံတော်ဆင့်သို့ပြောသည်။

“ပါဂျဲရိုးကားပေါ်မှာ အားလုံး ၈ ယောက်လိုက်လာတာ နောက်ဖုံးမှာ လိုက်တဲ့ရဲ ၂ ယောက်က တစ်ယောက် ဗိုက်တစ်ယောက်က ခြေထောက် ထိတယ် မသေဘူး KIA ပြန်သွားတော့မှ ရေအားလျှပ်စစ်ဘက်ကို ပြန်လှည့် ပြေးတာ ဗိုက်ထိ တဲ့သူက သွေးလွန်ပြီး ရေအားလျှပ်စစ်မှာ သေသွားတယ် ခြေထောက်ထိတဲ့သူက အခု မိုးမောက်ဆေးရုံမှာ ” ဟု သူက ပြောသည် ။

ကျန်လူအားလုံး ၎င်းနေရာတွင်ပင် ပွဲချင်းပြီးသေဆုံးသွားကြောင်း သိရသည်။

သေဆုံးသွားသော အရပ်သား ၄ ဦးမှာ ယခင် ဗန်းမော်မြို့ ကျန်းမာရေးမှူးဟောင်း ဦးမြင့်ဆွေ၏ သားမက် အီလက်ထရော နစ်ပညာရှင် ဦးနေမျိုးသိန်း (၃၇) နှစ်နှင့် တပည့်များဖြစ်သော ကိုဇော်မင်းထွန်း (၂၇) နှစ် ၊ ကိုဇော်ထွေး (၂၃) နှစ် ၊ ယာဉ်မောင်း ဦးနန်ရှောင် (၄၇) နှစ်တို့  ဖြစ်သည်။

၎င်းအပြင် လုံခြုံရေးလိုက်ပါလာသည့် ဒုရဲအုပ်တစ်ဦးနှင့်ရဲတပ်သား ၂ ဦးလည်း အဆိုပါ တိုက်ခိုက်မှုအတွင်း သေဆုံးသွားကြောင်း သိရသည်။

“ကိုနေမျိုးသိန်းက အီလက်ထရောနစ် ပညာရှင်ပေါ့ ရေအားလျှပ်စစ်မှာ အဲယားကွန်းတွေ သူကိုယ်တိုင် တပ်ဆင် ထားပေး တာ အခုပျက်လို့ဆိုပြီး ပြင်ဖို့ ခေါ်သွားတာ ပြင်ပြီးအပြန်မှာ အပစ်ခံရတာ သူ့တပည့်တွေ လည်း ဆုံးသွားတယ် သူကတော့ ဇနီးနဲ့သားသမီး ၃ ယောက် ကျန်တယ်” ဟု ပြောသည်။

၎င်းသေဆုံးသွားသည့် ရုပ်အလောင်း ၆ လောင်းကို ယမန်နေ့ညနေ  ၃ နာရီခန့်က ဗန်းမော်ဆေးရုံသို့ပြန်သယ် ယူလာပြီး ယနေ့နံနက် ၉ နာရီတွင် သဂြိုလ်မည် ဖြစ်ကြောင်း သိရသည်။