SSPP/ SSA ဌာနချုပ် သိမ်းပိုက်ရန် အသေခံတပ်ဖြင့် နည်းဗျူဟာ ပြောင်းတိုက်ဖွယ်ရှိ

SSPP/ SSA ဌာနချုပ် သိမ်းပိုက်ရန် အသေခံတပ်ဖြင့် နည်းဗျူဟာ ပြောင်းတိုက်ဖွယ်ရှိ
by -
သျှမ်းသံတော်ဆင့်

သျှမ်းပြည်တပ်မတော် ဝမ့်ဟိုင်းဌာနချုပ် ပါတ်ဝန်း ကျင်သို့ မြန်မာစစ်တပ်ဝိုင်းရံ နေရာယူထားသော် လည်း ဖြစ်ပွားခဲ့သော တိုက်ပွဲများက မြန်မာအစိုးရ တပ်ဘက် သေကြေဒဏ်ရာရမှုများပြား သော ကြောင့် နည်းဗျူဟာပြောင်း တိုက်ခိုက်ဖွယ်ရှိ ကြောင်း သျှမ်းပြည်တပ်မတော်သတင်းရပ်ကွက် ကဆိုပါသည်။

MAP_of_battlefield
တိုက်ပွဲအတွင်း မြန်မာစစ်တပ်ဖက်မှ သေကြေဒဏ်ရာရသူ စာရင်း အတိအကျတော့မသိရသေးသော်လည်း ဒဏ်ရာရသူ အယောက် ၁၆၀ ကျော်အား ကျေးသီး ဆေးရုံ မှ တောင်ကြီးသို့ ဟတ်စကီးဖြင့် သယ် ထုတ်နေ သည်မှာ  ၁၃ ရက်နေ့၌ပင်  ၈ ခေါက်ထက်မနည်းကြောင်း၊ မိုင်းရယ်မှ လားရှိုးဆေးရုံသို့ အယောက် ၆၀ ကျော် သယ်သွား သည်ကိုတွေ့ရကြောင်း၊ လူနာ များ ကျေးသီးဆေးရုံ၌ အယောက် ၂၀ ကျော်၊ မိုင်းရယ်ဆေးရုံ၌ အယောက် ၂၀ ကျော်ကျန် ရှိနေသေးကြောင်း ဒေသခံ များထံမှ ကြားသိရသည်ဟု SSPP/SSA ပြောခွင့်ရ ပုဂ္ဂိုလ်ဗိုလ်မှူးစိုင်းလက ပြောသည်။    

“ သူတို့တွေ အခုလို သေကြဒဏ်ရာရတာများတော့ တိုက်ပွဲဝင်နေတဲ့တပ်တွေက လက်ရည်မထက်ဘူးလို့ နေပြည်တော်က ပြောတယ်တဲ့။ ဒီတော့ တိုက်ရည်ခိုက်ရည်ရှိတဲ့ တခြားတပ်တွေဆီက ၄၀၀ - ၅၀၀ ရွေးထုတ် - အထူးကွန်မန်ဒိုဖွဲ့ပြီး ပြန်တိုက်ခိုင်းမယ်လို့ ကြားတယ်။ အခု လားရှိုးမှာလဲ ကိုးကန့်ဒေသကိုသွားထိမ်းနေတဲ့ တပ်မ ၃၃ ရောက်နေတယ်ဆိုဘဲ- လားရှိုးပြည်သူ့စစ် အသိုင်းအဝိုင်းကပြောတယ်” ဟုလည်း ၎င်းကဆက်လက် ပြောပြသည်။

၎င်းနှင့်ပတ်သက်၍ နယ်စပ်နေ သျှမ်းပြည်မျိုးချစ်ပုဂ္ဂိုလ်တဦးက“ မြန်မာစစ်တပ်က ဦးနှောက်သုံးပြီး တိုက်တာ မဟုတ်ဘူး။ လက်နက်ကြီးတွေကြောင့်သာ သူတို့အခွင့်သာနေတာ” ဟု သျှမ်းသံတော်ဆင့်သို့ ပြောသည်။

ဝမ့်ဟိုင်းဌာနချုပ်အနီးပါတ်ဝန်းကျင်တွင် မြန်မာစစ်တပ် တပ်ရင်း ၁၄ ရင်းဖြင့် ဝိုင်းရံနေပြီး၊ ဌာနချုပ်တောင်ဖက် ပါခီး လမ်းခွဲတွင်လည်း ရှိရင်းစွဲ မြန်မာစစ်တပ်တွေအပြင် ထပ်မံအင်အား ဖြည့်တင်းထားသည်ကိုတွေ့ရ ကြောင်း၊  သို့သော် ဝမ့်ဟိုင်းသို့ဝင်မည့် အခြေအနေမတွေ့ရသေးကြောင်း ဝမ့်ဟိုင်းမှလာသောသတင်းအရ သိရသည်။

“ကျနော်တို့ ဌာနချုပ်ရဲ့တောင်ဖက် ဖာလုံဝက်လောက်အကွာမှာ သူတို့တွေ နေရာယူထားတာ ဟိုးကတည်း ကဘဲ။ သူတို့ စခန်းနဲ့ ဌာနချုပ်ကြားမှာ ကျနော်တို့ စခန်းတခု ရှိသေးတယ်။ တကယ်လို့ပါခီးကနေဌာနချုပ်ကို တက်မယ် ဆိုရင်တော့ ကြားထဲက ကျနော်တို့ စခန်းနဲ့ အရင်ချရမှာဘဲ။ ထူးခြားတာက ခုချိန်ထိဘာမှလှုပ်ရှားမှု မတွေ့ရ သေးဘူး” ဟု လည်း ဝမ့်ဟိုင်းမှ အဆိုပါအရာရှိကပြောသည်။

ပြီးခဲ့သည့် သောကြာနေ့ကလည်း နေပြည်တော်ဘက်မှ နမ့်ဇန်လေတပ်စခန်းဌာနချုပ်သို့ တိုက်လေယာဉ် ရ စီးရောက်ရှိ ကြောင်း၊ စစ်မြေပြင်တွင် ရာသီဥတုမကောင်းသောကြောင့် ဗုံးကျဲတိုက်ခိုက်နိုင်ခြင်း မရှိသေး ကြောင်း၊ ထို့အတူ အထူးကွန် မန်ဒိုတပ်အား စောင့်ဆိုင်းနေခြင်းလည်း ဖြစ်နိုင်ကြောင်း၊ ၎င်းအခြေအနေများ ကြောင့် ဝမ့်ဟိုင်းဌာနချုပ် အနီးရှိ တပ်များ ရှေ့ဆက်လှုပ်ရှားခြင်းမပြုနိုင်သေးကြောင်း ဗိုလ်မှူး စိုင်းလက အဆိုပါနေ့၌ပင် ပြောသည်။

တဖက်ကလည်း သျှမ်းပြည်တိုင်းချုပ် ဗိုလ်ချုပ်အောင်သန်းထွဋ်က စစ်ပွဲဖြစ်သော နေရာများတွင်ယောက်ကျား တွေ့ လျှင် ပစ်သတ်၊ မိန်းမတွေ့လျှင် မုဒိန်းကျင့်ချင်ကျင့်ဟု ဂျူလိုင်လ ၁၅ ရက် ဗျူဟာမှူး၊ စကခမှူးများနှင့် မိုင်းနောင်၌ တွေ့ဆုံစဉ် ခွင့်ပြုချက်ပေးထားသောကြောင့် ဒေသခံ ထောင်ကျော် တောတောင်အတွင်း ပုန်းအောင်း နေရကြောင်း၊ အလားတူ ဝမ့်ဟိုင်းဌာနချုပ်အား တပတ်အတွင်း သိမ်းနိုင်ရမည်ဟုလည်း ထိုနေ့ရက်၌ပြောကြား ခဲ့ကြောင်း SSPP/SSA ပြောခွင့်ရ ဗိုလ်မှူးစိုင်းလ ကပြောပါသည်။