မြန်မာ့တပ်မတော်အား အတုမခိုးရန် ကေဒါတပ်သားများအား ဗိုလ်ချုပ်ပန်ဖှ တားမြစ်မိန့်ထုတ်

မြန်မာ့တပ်မတော်အား အတုမခိုးရန် ကေဒါတပ်သားများအား ဗိုလ်ချုပ်ပန်ဖှ တားမြစ်မိန့်ထုတ်
by -
သျှမ်းသံတော်ဆင့်

သျှမ်းပြည်တပ်မတော်ဗဟိုဌာနချုပ်အားသိမ်းပိုက် ရန် မြန်မာအစိုးရတပ်မှ အပြင်းအထန်ထိုးစစ် ဆင်တိုက် ခိုက်မှုတွင် လူသတ်မှု၊ မုဒိန်းကျင့်မှု၊ ပစ္စည်းလုယက်မှု ခိုးယူမှုများကျူးလွန်နေသော ကြောင့် သျှမ်း ကေဒါ တပ်သားထု တရပ်လုံး ထိုကဲ့သို့မလုပ်ရန် - SSPP/ SSA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ပန်ဖှ မှ ယခုကဲ့သို့အမိန့် ထုတ် ပြန် တားမြစ်ခဲ့ခြင်းဖြစ်သည်။

ယခုလ ၁၉ ရက်နေ့ ရက်စွဲပါထုတ်ပြန်သော အဆိုပါစစ်ရေးအမိန့်ပြန်တမ်းကို အထွေထွေအတွင်း ရေးမှူး ချုပ်ရုံး ၊ သျှမ်းပြည်တိုးတက်ရေးပါတီမှ ထုတ်ပြန်ခြင်းဖြစ်ပြီး ပါတီအထွေထွေအတွင်းရေးမှူး အနေဖြင့်ဗိုလ်ချုပ် ပန်ဖှ ကိုယ်တိုင်လက်မှတ်ရေးထိုးထားသည်။
sao_pang_fah

စစ်ပွဲဖြစ်သော နေရာများတွင် ယောက်ကျားတွေ့လျှင်ပစ်သတ်၊ မိန်းမတွေ့လျှင် မုဒိန်းကျင့်ခွင့်ပေးထားသည့် မြန်မာစစ်တပ်အကြီးအကဲများ၏ ခွင့်ပြုချက်ကို ရှုပ်ချထားပြီး မိမိတပ်သား ကေဒါများအားလုံး လူမျိုးခွဲခြား ရေးမူဝါဒနှင့်စိတ်ဓါတ်များလုံးဝမရှိစေရဟုလည်း ထုတ်ပြန်ထားသည်။

“ သျှမ်းပြည်တိုင်းချုပ် ဗိုလ်ချုပ်အောင်သန်းထွဋ်က လားရှိုးစစ်တိုင်းရုံးမှာ ဗျူဟာမှူး၊ စကခ မှူးတွေကို  ပြော တယ်။ စစ်ပွဲဖြစ်တဲ့နေရာမှာ ယောက်ျားတွေ့ရင် သတ်ပစ်၊ မိန်းမတွေ့ရင် လုပ်ချင်တာလုပ်တဲ့။ တဆင့်စကား တဆင့်နားနဲ့ လူထုက ပြန်ကြားတော့ ရွာထဲမှာ ဘယ်သူမှမနေချင်ကြဘူး။ တောတောင်တွေထဲ ထွက်ပြေး ပုန်းရှောင်နေကြတယ်။ ဗမာစစ်သားတွေကို မတွေ့ချင်ကြလို့လေ” ဟု SSPP ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးစိုင်းလ က ပြောသည်။

သျှမ်းပြည်တပ်မတော်သားများအားလုံး - မည်သည့်လူမျိုးကိုမဆို မသတ်ဖြတ်ရ၊ လူ့အခွင့်အရေးများ မချိုး ဖောက်ရ၊ ပြည်သူပိုင်ပစ္စည်းများ အခမဲ့ လုံးဝ မယူရ ၊ လူထုအားဝန်ထုပ်ဝန်ပိုးဖြစ်စေမည့်အလုပ် လုံးဝမလုပ် ရဟု အဓိက အချက် ၄ ချက်ဖြင့် တားမြစ်ထားပြီး အဆိုပါ စည်းကမ်းချက်အား ကျူးလွန်ချိုးဖောက်ပါကစစ်ရေး ဥပဒေအရ အရေးယူခြင်းခံရမည်ဟုလည်း ညွှန်ကြားထားသည်။