မိုင်းကုတ်ကျောက်မီးသွေး တူးဖော်ရေးစီမံကိန်း ထိုင်းပညာရှင်များ ကန့်ကွက်

မိုင်းကုတ်ကျောက်မီးသွေး တူးဖော်ရေးစီမံကိန်း ထိုင်းပညာရှင်များ ကန့်ကွက်
by -
မွေခေါဝ်

လူမှုအသိုင်းအဝိုင်းနှင့် သဘာဝပတ်ဝန်းကျင်ကို ဆိုးရွားစွာ ထိခိုက်စေမည့် မိုင်းကုတ်ကျောက်မီး သွေး တူးဖော် ရေးနှင့် လျှပ်စစ်စွမ်းအင်ထုတ်လုပ် ရေးကို ထိုင်းပညာရှင်များကန့်ကွက် ကြောင်း သိရှိရပါသည်။

“နေရောင်စွမ်းအင်၊ လေစွမ်းအင်၊ သတ္တဓာတ်ငွေ့(biogas)နဲ့ လျှပ်စစ်စွမ်းအင်ထုတ်ပြီး လက်တွေ့သုံးနိုင်တယ်။  သဘာဝပတ်ဝန်းကျင်ကို ညစ်ညမ်းစေမဲ့ မိုင်းကုတ်က ကျောက်မီးသွေးကို မလိုအပ်ပါဘူး” ဟု ဘန်ကောက် အခြေစိုက် Healthy Public Policy Foundation မှ စုဖကိတ်နန္ဒဝေါရဂန်း က ပြောပါသည်။
map-1
မိုင်းကုတ်ကျောက်မီးသွေး တူးဖော်ရေး စီမံကိန်းကြီး အကောင်အထည်ဖော်နိုင်ပါက ဖုန်မှုန့် ၁၅၀၀ တန်၊ ပြဒါး ၁၀၂ ကီလိုဂရမ်၊ ဖန်လုံအိမ်ရှိဓာတ်ငွေ့ သန်းပေါင်း ၂၉ တန် ဒဏ်ကို ထိုင်း-မြန်မာနယ်စပ်ရှိ ဒေသခံများ နှစ်စဉ် ခံရပြီး ဆာလဖာဒိုင်အောက်ဆိုဒ်နှင့် နိုက်ထရိုဂျင်ဒိုင်အောက်ဆိုဒ်တို့၏ ဖျက်ဆီးမှုဒဏ်ကြောင့် သဘာဝပတ်ဝန်း ကျင်(အထူးသဖြင့် နမ့်ကုတ်ချောင်း)ကို ထိခိုက်ပျက်စီးစေနိုင်သည်ဟု ၎င်းကဆက်လက်ပြောပါသည်။

နမ့်ကုတ်ချောင်းသည် သျှမ်းပြည်အရှေ့ပိုင်း မိုင်းဆတ်မြို့နယ် မိုင်းကုတ်(မိုင်းခုတ်)မြို့နယ်ခွဲအတွင်းမှ မြစ်ဖျား ခံ၍ သျှမ်းပြည်ကို ဖြတ်ကျော်ကာ ထိုင်းနိုင်ငံ မြောက်ပိုင်း မယ့်အိုင်းနှင့် ချင်းရိုင်းမြို့နယ်များအတွင်းသို့ ဆက် လက် စီး ဆင်းပြီး မဲခေါင်မြစ်ထဲသို့ စီးဝင်သည်။ မိုင်းကုတ် ကျောက်မီးသွေးတူးဖော်ရေးမှ အညစ် အကြေးများ  နမ့်ကုတ် ချောင်းထဲသို့ စီးဝင်မည်ဖြစ်သည်။

“နမ့်ကုတ်ချောင်းက သတ္တုရည်ကိုသောက်ပြီး ချင်းရိုင်းမြို့ ထူထောင်ခဲ့တဲ့နှစ် ရ၅၀ ပြည့် အခမ်းအနားကိုတော့ မကျင်းပပါရစေနဲ့” ဟု ထိုင်းသဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ပညာရှင် မွန်ထရီဂျန်းထဝုန်း က ပြောပါသည်။

မိုင်းကုတ်ကျောက်မီးသွေးတူးဖော်ရေးနှင့် ပတ်သက်၍ လူထုစုဝေးမှုတစ်ရပ် ထိုင်းနိုင်ငံ ချင်းရိုင်းမြို့ ကျိတ်ရွက် ဘုန်းကြီးကျောင်း၌ ယမန်နေ့က ပြုလုပ်ကျင်းပခဲ့ရာ ပတ်ဝန်းကျင်ပညာရှင်များ၊ နိုင်ငံရေးပညာရှင်များနှင့် အခြား ပရိသတ် စုစုပေါင်း ၁၀၀ ခန့် တက်ရောက်ခဲ့သည်။

ထိုစီမံကိန်း အနီးတဝိုက်ရှိ လယ်ယာမြေ လျှော်ကြေးအဖြစ် တစ်ဧက ကျပ်နှစ်သောင်းပေးကာ မြန်မာအာဏာပိုင် များက ဒေသခံရွာသားများအား ပြောင်းရွှေ့ခိုင်းခဲ့ကြောင်း၊ လယ်သမားများ လယ်တစ်ကွက်အတွက် ၃ နှစ်ကြာ ပြုစုပျိုးထောင်ရကြောင်း၊ လျှပ်စစ်မီးကိုမူ ဒေသခံများ ရရှိမည်မဟုတ်ကြောင်း ထိုင်းနိုင်ငံသို့ ပြောင်းရွှေ့လာသူ ဒေသခံတစ်ဦးက ပြောပါသည်။

သျှမ်းပြည်အရှေ့ပိုင်း မိုင်းဆတ်မြို့ အရှေ့မြောက်ဘက် မိုင် ၃၀ ကျော်အကွာ ထိုင်းနိုင်ငံ မယ့်ဖလုံခရိုင် မျက်နှာ ချင်းဆိုင်ရှိ မိုင်းကုတ်(ခေါ်) မိုင်းခုတ်ထွက်ကျောက်မီးသွေးကို ထိုင်းနိုင်ငံ ဆာရဘူရီကျောက်မီးသွေးကုမ္ပဏီက ၂၀၀၈ ဒီဇင်ဘာလနှောင်းပိုင်းကတည်းက တူးဖော်ထုတ်ယူခွင့် နှစ် ၃၀ ကန်ထရိုက် ရရှိထားသည်။

စီမံကိန်း ပြီးစီးပါက မိုင်းကုတ်လျှပ်စစ်စက်ရုံမှ ၃၆၉ မဂ္ဂါဝပ်ကို ထိုင်းနိုင်ငံ လျှပ်စစ်စွမ်းအင်ထုတ်လုပ်ရေး အာဏာ ပိုင်အဖွဲ့ Electricity Generating Authority of Thailand (EGAT)သို့ ၂၀၁၆ ခုနှစ် အစောပိုင်းမှစ၍ ၂၅ နှစ် ကြာ ရောင်းချမည်ဟုဆို၏။