တိုးချဲ့မြို့နယ်ခွဲ ဆိုးခိုးဓါးပြ ပေါများ- စစ်တပ်နှင့် ရဲများ ကူညီဖြေရှင်းပေးခြင်းမရှိ

တိုးချဲ့မြို့နယ်ခွဲ ဆိုးခိုးဓါးပြ ပေါများ- စစ်တပ်နှင့် ရဲများ ကူညီဖြေရှင်းပေးခြင်းမရှိ
by -
သျှမ်းသံတော်ဆင့်

အသစ်တိုးချဲ့လိုက်သောကွန်ဟိန်းမြို့နယ် ကာလိမြို့ နယ်ခွဲ၌ ဆိုးခိုးဓါးပြပေါများ၊အမှုဖွင့်တိုင် တန်းပါကကုန်ကျစရိတ်များသည့်အပြင်ဆိုင်ရာ အာဏာပိုင်များကလည်းတစုံတရာဖြေရှင်းပေး ခြင်းမရှိကြောင်း ကာလိဒေသခံ တဦးကပြော သည်။

“ ကာလိမှာ ခမရ ၁၅၁ နဲ့ ရဲတွေရှိတယ်။ ကာလိကို မြို့နယ်ခွဲအဆင့် တိုးမြင့်လိုက်ပြီးနောက်ပိုင်း၊ အဲဒီတပ် တွေတိုးချဲ့လာ ပေမယ့် နယ်မြေမအေးချမ်းဘူး၊ ဘာတိုးတက်မှုမှလဲမတွေ့ရဘူး။ သူခိုးတွေလူဆိုးတွေ ပေါများ လာပေတယ်။ အဲဒီစစ်သား တွေ ရဲတွေကလဲ လုံခြုံရေးအတွက်ဘာမှ အကူအညီဘူး” ဟု ကာလိဒေသခံ အမျိုးသမီးတဦးက သျှမ်းသံတော်ဆင့်အား ပြောပြသည်။

အဆိုပါသူခိုးများသည် ညအချိန် ကုန်စုံဆိုင်များ၊ အထည်ဆိုင်များကို ဖောက်ထွင်းခိုးယူကြကြောင်း၊ ညစဉ်ည တိုင်း အိမ်၊ ဆိုင်အဖောက်ခံရသဖြင့် ရဲသို့ တိုင်ကြားရာတွင်လည်း ကူညီဖြေရှင်းပေးမှုမရှိကြောင်း အဆိုပါ ဆိုင်ရှင် အမျိုးသမီးကဆက် လက်ပြောပြသည်။

ဆိုင်အဖောက်ခံရသည့် အသက် ၄၀ ဝန်းကျင် အမျိုးသားတဦးကမူ “ ကျနော်တို့ဆိုင်က ဆီ၊ ဆား၊ ဆန်၊ အချိုမှုန့် စတဲ့ နေ့စဉ်သုံးကုန်တွေကို ယူသွားတယ်။ တချို့ဆိုင်တွေဆို ယိုးဒယားပစ္စည်းတွေချည်း ဘဲ တင်တယ်။ သူတို့တွေ ပိုထိတယ်။ အဆိုးဆုံးက ဆိုင်ကယ်ပါခိုးတယ်။ ကျနော်တို့တွေ ရဲကိုသွားတိုင် တော့ ရဲက - အမှုတင်ရင် ခင်ဗျားတို့ ပိုက်ဆံပိုကုန်မယ်။ ခွဲဝေပေးကြတဲ့ချိန်ကျတော့ ကျနော်တို့ရတဲ့ တန်ကြေးကအလုပ် ရှုပ်တာနဲ့မတန်ဘူး။ ဒီတော့ အလုပ်မရှုပ်ချင်တော့ဘူး- လို့ပြောတယ်။ ဆိုတော့ ကျနော်တို့ဘယ်မှာတိုင်တန်း ရတော့မလဲ” ဟု ပြောသည်။

ယခု တစ်လ နှစ်လအတွင်း ခမရ ၁၅၁ တပ်သစ်နှင့် ရဲတပ်ဖွဲ့ပူးပေါင်း၍ ဒေသခံများအားညမထွက်ရ အမိန့် ထုတ်ထားကြောင်း၊ အမိန့်ထုတ်ပြီးနောက်ပိုင်း သူခိုး၊ ဓါးပြ ပိုများလာကြောင်း အသက် ၅၀ ကျော် အမျိုးသမီးတဦးကလည်း ပြော သည်။

“ ည ၉ နာရီကနေ မနက် ၄ နာရီ အထိ အိမ်ပြင်မထွက်ရဘူး။ တွေ့ရင် ပစ်သတ်မယ်လို့ တောင်ပြော တယ်။ ဆိုတော့ သူခိုး ဓါးပြကို အားပေးနေသလို ဖြစ်နေတယ်။ ယာသွားမစောင့်ရဘူး။ ယာစပါးတွေ ပျက်စီးတယ်။ ခြံထွက်သီးနှံတွေ အခိုးခံရ တယ်။ တိရိစ္ဆာန်တွေသတ်ဖျက်ခံရတယ်” - ဟု ဆို၏။

၂၀၁၁ သျှမ်းပြည်အတွင်း မြို့နယ်ခွဲအဆင့် တိုးမြှင့်ခဲ့သော ကျေးရွာအုပ်စုများမှာ - အရှေ့အလယ်ပိုင်းတိုင်း အခြေစိုက်မည့် နမ့်ဇန်မြို့နယ် ခိုလမ်မြို့နယ်ခွဲ၊ ကွန်ဟိန်းမြို့နယ် ကာလိမြို့နယ်ခွဲ၊ မိုင်းရှူးမြို့နယ်မိုင်းဇန်မြို့ နယ်ခွဲ အပြင် သံလွင် အရှေ့ ပိုင်းက မိုင်းတုံမြို့နယ် မိုင်းထားမြို့နယ်ခွဲတို့ ဖြစ်ကြသည်။