ဌာနချုပ်ကိုစွန့်ခွါရန် SSPP/SSA အား RCSS/SSA တိုက်တွန်း

ဌာနချုပ်ကိုစွန့်ခွါရန် SSPP/SSA အား RCSS/SSA တိုက်တွန်း
by -
သျှမ်းသံတော်ဆင့်

သျှမ်းပြည်တပ်မတော် SSPP/SSA ဌာနချုပ် ဝမ့်ဟိုင်း ၌ကျန်ရှိနေသော ဗိုလ်ချုပ်ပန်ဖှ၏ လက်ထောက် ဦးဆောင်သည့် အဖွဲ့အား ဌာနချုပ်မှ ထွက်ခွါသင့် ကြောင်း RCSS/SSA ခေါင်းဆောင်က တိုက်တွန်း လိုက်ကြောင်းကြားသိရသည်။

sys-spfRCSS/SSA ခေါင်းဆောင်နှင့် SSPP/SSA ခေါင်းဆောင် “ အခုဌာနချုပ်မှာကျန်နေတာက စစ်ဖက်ဆိုင်ရာ ဒု ဦးစီးချုပ် ဗိုလ်မှူးကြီး ခေမင်ပေါ့။ အင်အား ၂၀၀-၃၀၀ လောက်ရှိတယ်။   သူ့ ကို ရန်သူကမပိတ်ခင်ထွက် နိုင်ရင်ကောင်းမယ်။ နေရာရှုံးတာ ပြန်ယူလို့ရတယ်။လူမရှုံး စေချင်ဘူး  ” ဟု ဒုဗိုလ်ချုပ်ကြီးယွက်စစ် ကပြောကြောင်း ၎င်းနှင့်နီးစပ်သည့် အသိုင်းအဝိုင်းကပြောသည်။

မတ်လကစ၍ သျှမ်းပြည်တပ်မတော် SSPP/SSA အား မြန်မာစစ်တပ်က ထိုးစစ်ဆင်တိုက်ခိုက် သည် မှာ ၄ လ နီးပါးရှိပြီ ဖြစ် သော်လည်း ယနေ့တိုင် ဌာနချုပ်မသိမ်းပိုက်သေးသည်မှာ ရေမနောက်စေဘဲငါးလည်းဖမ်း မနိုင် သည့် နည်းလမ်းကို အသုံးပြုနေခြင်းဖြစ်သဖြင့် အချိန်မနှောင်းခင် ထွက်ရန်လိုအပ်ကြောင်းRCSS/SSA အဆင့်မြင့် အရာရှိတဦး ကပြောသည်။

“ ဒေသခံလူထုတွေရော SSPP/SSA  ဖက်ကရော လာတဲ့သတင်းအရ ဗမာစစ်တပ်က ဝမ့်ဟိုင်းဌာနချုပ်ကို ၃ ဖက် ၃ တန် ပိတ်ဆို့ထားတယ်။ တောင်ဖက်ထွက်လမ်းတလမ်းပေးထားတယ်။ ဒီပုံအရဆိုရင် သူတို့တွေ တဖြည်း ဖြည်းချင်း တိုးဝင်လာ မယ်။ နောက်ဆုံး ကျနော်တို့ဖက်က မလှုပ်ရှားနိုင်တော့တဲ့အခြေအနေမှာ  လက်နက်ဖြုတ် ယူရုံကလေးဘဲ။ တိုက်ယူစရာ မလို တော့ဘူး ဆိုတော့ ပျက်စီးမှုလဲမရှိစေဘူး။လူကိုလဲလွယ် လွယ်နဲ့သိမ်းပိုက်နိုင် မယ်” ဟု  ၎င်းက ရှင်းပြခဲ့သည်။

လက်ရှိတွင်မူ ဝမ့်ဟိုင်းဌာနချုပ်၌ SSPP/SSA ခေါင်းဆေင် ဗိုလ်ချုပ်ပန်ဖှလည်း မရှိတော့ဘဲ လွတ်ကင်းသည့် နေရာ သို့ရောက်နေကြောင်းလည်း သျှမ်းပြည်တပ်မတော်အသိုင်းအဝိုင်းထံမှ သိရသည်။

ယခုကဲ့သို့ လချီကြာအောင် မြန်မာစစ်တပ်ကသျှမ်းပြည်တပ်မတော်အား ထိုးစစ်ဆင်တိုက်ခိုက်နေသော် လည်း KIA ကချင် တပ်မတော်နှင့် ဖြစ်ပွါးသော တိုက်ပွဲကဲ့သို့ ကမ္ဘာမသိနိုင်သည်မှာ သျှမ်းပြည်တပ်မတော် SSPP/SSA ဌာနချုပ်မှာ နယ်စပ် နှင့် ထိစပ်ခြင်းမရှိသောကြောင့် ဖြစ်ကြောင်း သျှမ်းသံတော်ဆင့်အားရှင်းပြသည်။

“ ကျနော်တို့  SSPP/SSA ရဲ့ဌာနချုပ်က သျှမ်းပြည်အလယ်ပိုင်းမှာရှိနေတော့ မီဒီယာတွေ ဝင်ရခက် တယ်လေ။  နယ်စပ် မဟုတ်တော့ မြန်မာစစ်တပ်က ဘာဘဲလုပ်လုပ် အိမ်နီးချင်း နိုင်ငံကို ထောက်စရာ ငဲ့စရာ အရေးစိုက်စရာ မလိုဘူးလေ။ အဲဒါ ကြောင့် ကျနော်တို့ဟာ ကချင်တိုက်ပွဲလို ကမ္ဘာကမသိနိုင် တာဖြစ်တယ်လို့ ယူဆတယ်” ဟု စဝ်ယွက်စစ်က ပြောကြောင်း ၎င်းကဆိုသည်။

သို့သော် မည်သို့ပင်ဖြစ်စေကာမူ တိုက်ပွဲဖြစ်နေသော ၄ လ နီးပါးကာလအတွင်းSSPP/SSA က ပြောက် ကျားစစ် ဗျူဟာ  ကိုသာ အသုံးပြုရာ သျှမ်းပြည်တောင်ပိုင်း လွယ်တိုင်းလျဲန်းအခြေစိုက် RCSS/SSA တပ်ဖွဲ့ကလည်း တတ်နိုင်သည့်ဖက် ကကူညီ  ပေးခဲ့သည်ဟုလည်း ဒုဗိုလ်ချုပ်ကြီး ယွက်စစ်ကပြော ဆိုခဲ့သည်။

မေလ ၂၁ ရက် ၅၃ နှစ်မြောက် သမိုင်းဝင် သျှမ်းပြည်တော်လှန်ရေးနေ့၌ သျှမ်းပြည်တပ်မတော်  SSA တောင်/ မြောက် တပ်ဖွဲ့မရှိတော့၊ ပူးပေါင်းလိုက်ပြီသဖြင့် SSA  တခုတည်းသာရှိတော့ကြောင်းဗိုလ်ချုပ်ကြီး ယွက်စစ် ကြေငြာခဲ့သည်။