သျှမ်းပြည်မြောက်ပိုင်း သိန္နီရေပူစစ်ဆေးရေးဂိတ်၌ တရုပ်နယ်စပ်ဖက်မှလာသည့် ဆိုင်ကယ်တစီးထံမှ ပစ္စတို သေနတ် အလက်ပေါင်း ၃၀ နီးပါး ဖမ်းဆီး ရမိကြောင်း အာဏာပိုင်များနှင့်နီးစပ်သူ သိန္နီသား တဦးကပြော သည်။
“ဆိုင်ကယ်တစီး က ကွန်ပြူတာ ကြပ်ဖါတခု သယ်လာတယ်။ ဂိတ်စောင့်တွေက တားတယ်။ ဘာတွေလဲ လို့မေးတော့ ကလေးသုံးဖို့ကွန်ပြူတာပါ- စစ်ဆေးမနေနဲ့ဗျာ လို့ပြန်ပြောတယ်။ နောက်ဆုံး ပြောမရ တော့ အစစ်ဆေးခံတယ်။ စစ်ဆေးနေတုန်း ဆိုင်ကယ်မောင်းသူက ဒေါက်ထောက်ရပ်ထားပြီးလစ်ထွက်သွား တာ။ မဖမ်းမိလိုက်ဘူး”
ဂျွန် ၆ ရက်က ဆိုင်ကယ်သမားတဦး ကွန်ပြူတာကြပ်ဖါထဲ၌ ပစ္စတို လက်နက် ငယ် ၂၈ လက် တင်ဆောင် လာသည်ကို ဌာနဆိုင်ရာများက တားဆီးစစ်ရေးရမိသော်လည်း ပိုင်ရှင်မှာမူထွက် ပြေးလွတ်မြောက်သွား ကြောင်း အာဏာပိုင်များနှင့် နီးစပ်သည့်ကုန်သည်တဦးက ပြောပါသည်။
အဆိုပါလက်နက်ငယ်များဖမ်းဆီးရမိသည့်နောက်ပိုင်း ဌာနပေါင်းစုံချထားသည့် ရေပူဂိတ်၌အစစ်အဆေး ပိုထူပြောလာကြောင်း၊ ခရီးသွားများအတွက် နှောင့်နှေးကြန့်ကြာမှု ကြုံတွေ့နေရကြောင်း အဆိုပါ ကုန်သည် ကပြောသည်။
“အဲဒီသေနတ်တွေက ဘယ်အဖွဲ့အစည်းဟာလဲ၊ ဘယ်သူ့ဟာလဲ မသိဘူး။ ထောက်လှမ်းရေးတွေ လိုက်နေ တုန်း။ အဲဒီကိစ္စကြောင့် အခု ဆိုင်ကယ် ကယ်ရီတွေကို ဂိတ်ပေးမဖြတ်တော့ဘူး။ ခရီးသွားတွေ၊ကုန်သည် တွေကိုလဲ အရမ်းစစ်တယ်”
သိန္နီရေပူဂိတ်သည် လွန်ခဲ့သည့် ၁၀ နှစ်ခန့်က လားရှိုး အေတီ ဌာနပေါင်းစုံ စစ်ဆေးရေးဂိတ်မှ သိန္နီမြို့ ရေပူစမ်းကျေးရွာသို့ ပြောင်းရွေ့ချထားသည့်ဂိတ်ဖြစ်သည်။