လတ်တလော လားရှိုးမြို့ အခြေစိုက်အရှေ့မြောက် ပိုင်းတိုင်းစစ်ဋ္ဌာနချုပ် (ရမခ)အတွင်း စစ်အရာရှိ ကြီးများ နေရာပြောင်း ရွှေ့မှုတွင် တန့်ယန်းနှင့် မိုင်းရယ် စစ်ဗျူဟာမှူးနှစ်ဦးလည်း ပါဝင်ကြောင်း စစ်ဘက်အသိုင်းအဝိုင်း အဆိုအရ သိရသည်။
ရမခစစ်တိုင်း စစ်ဦးစီးမှူး ဗိုလ်မှူးကြီးမျိုးချစ် အပါအဝင် တန့်ယန်းမြို့ အခြေချ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး ခိုင်ဇော်နှင့် မိုင်းရယ် မြို့ လှုပ်ရှားစစ်ဗျူဟာမှူး ဗိုလ်မှူးကြီး ကြီးမြင့်တို့ ၃ ဦးအား အဆိုပါနေရာများမှ ပြီးခဲ့သည့် အပတ်သောကြာနေ့က ပြောင်းရွှေ့ လိုက်ခြင်း ဖြစ်သည်။
ပြောင်းရွှေ့သွားသော အဆိုပါ စစ်ဗျူဟာမှူးနှစ်ဦးသည် သျှမ်းပြည်တပ်မတော်နှင့်တိုက်ပွဲဖြစ်နေသည့် နေရာတွင် ကွပ်ကဲမှု တာဝန်ယူထားရသူများ ဖြစ်ကြောင်း သိရသည်။
ယခုအခါ ဗိုလ်မှူးကြီးခိုင်ဇော်သည် ကယားပြည်နယ် ဘော်လခဲဒေသသို့ လည်းကောင်း ဗိုလ်မှူးကြီး ကြီးမြင့်သည် ရန်ကုန် တိုင်း အတွင်းသို့ လည်းကောင်း အသီးသီးပြောင်းရွှေ့သွားကြောင်း သိရသည်။
တန့်ယန်းနှင့်မိုင်းရယ်မြို့နယ်များအတွင်း သျှမ်းတပ်နှင့်မြန်မာတပ်တို့ တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွား နေရာ တန့်ယန်းမြို့ နယ် အတွင်း၌ ယမန်နေ့က နှစ်ဘက်တိုက်ပွဲ ဖြစ်ပွားပြီး မြန်မာစစ်တပ်အရာရှိအကြပ် တပ်သားများ ဆယ်ဂဏန်းနှင့်ချီသေ ဆုံးကြောင်း သိရသည်။