သျှမ်းသူပုန်ချေမှုန်းရန် ပြည်သူ့တပ်ဖွဲ့များအား ရမခတိုင်းမှူးဆင့်ခေါ်

သျှမ်းသူပုန်ချေမှုန်းရန် ပြည်သူ့တပ်ဖွဲ့များအား ရမခတိုင်းမှူးဆင့်ခေါ်
by -
သျှမ်းသံတော်ဆင့်

သျှမ်းပြည်မြောက်ပိုင်း ပြည်သူ့စစ်တပ်ဖွဲ့များအား လားရှိုးအခြေစိုက် ရမခ အရှေ့မြောက်ပိုင်းတိုင်း စစ်ဌာန ချုပ်ဗိုလ်ချုပ်အောင်ကျော်ဇောကဆင့်ခေါ် တွေ့ဆုံကြောင်း စုံစမ်းသိရှိရပါသည်။

bo-mon_277_210"သျှမ်းပြည်မြောက်ပိုင်းက ပြည်သူ့စစ်တပ်ဖွဲ့ ခေါင်းဆောင်တွေ ကိုယ်စားလှယ်တွေကို လားရှိုးတိုင်းမှူးက ဆင့်ခေါ်တာ။ အဓိက ကတော့ မန္တလေး - လားရှိုးကားလမ်းမြောက်ဘက်ခြမ်းဘက် သွားလှုပ်ရှားတဲ့ သျှမ်းတပ် နှစ်ဖွဲ့ကို စောင့်ကြည့်ခိုင်းတယ်။ အချိန်မှီ သတင်းပေးပို့ ရမယ်တဲ့" - ဟု နီးစပ်သည့် လားရှိုးမြို့ခံတဦးက ပြောပြပါသည်။

မေ ၁၅ ရက် လားရှိုးအခြေစိုက် ရမခ တိုင်းမှူး ဗိုလ်ချုပ်အောင်ကျော်ဇော နှင့်အတူ စစ်ဦးအရာရှိ ပထမတန်း ဂျီဝမ်း ဒုဗိုလ်မှူးကြီး ထွန်းထွန်းညီတို့က တန့်ယန်းမြို့နယ် မန့်ပန်ဌာနေ ပြည်သူ့စစ်၊ မိုင်းရယ်မြို့နယ် မိုင်းဟ ဌာနေ ပြည်သူ့စစ်အပြင  ကွတ်ခိုင်မြို့နယ် - ကောင်းခါး  ဦးမထုနော် အဖွဲ့၊ ကွတ်ခိုင်ပြည်သူ့စစ်ဦးတီခွန်မြတ် တပ်ဖွဲ့၊ ဦးကိန်မိုင် မူစယ်- မိုင်းပေါ်  ပြည်သူ့စစ် တပ်ဖွဲ့၊ ဦးမြင့်လွင် ခေါင်းဆောင်သော တာမိုးညဲပြည်သူ့စစ် တပ်ဖွဲ့၊ နမ့်ခမ်းမြို့နယ် ပန်းဆေးကျော်မြင့် အဖွဲ့များနှင့်လည်း တွေ့ဆုံခဲ့ကြောင်းပြည်သူ့စစ်ခေါင်းဆောင် ပိုင်းနှင့် နီးစပ်သည့် ပုဂ္ဂိုလ်တဦးက ပြောပါသည်။

"မန့်ပန်၊ မိုင်းဟနဲ့ ကောင်းခါးအဖွဲ့ကို လားရှိုး - မန္တလေး ကားလမ်းမြောက်ဘက်ခြမ်း မိုးမော်၊ မိုင်းယင်၊ မိုးမိတ်၊ နမ့်ဆန်၊ နမ္မတူ ၊ သီပေါ ၊ ကျောက်မဲ (လားရှိုးမြို့နယ် အနောက်မြောက်ဘက်တလွှား)  လျှို့ဝှက်  လှုပ်ရှား စည်းရုံးနေတဲ့ သျှမ်းတပ်တွေကို မျက်ခြေမပျက်စောင့်ကြည့် ထောက်လှမ်း သတင်း ပို့ရမယ်၊ တီခွန်မြတ်တို့ ဦးကိန်မိုင်တို့  ဦးမြင့်လွင်တို့အဖွဲ့ကတော့  (ကွတ်ခိုင်မြို့နယ်အပါအဝင် မူစယ်၊နမ့်ခမ်း/ ရွှေလီလွင်ပြင်ဒေသ) ဘက် စောင့်ကြည့်ရမယ်တဲ့"

သျှမ်းပြည်မြောက်ပိုင်းတွင် ပြည်သူ့စစ်အဖွဲ့ကြီး အဖွဲ့ငယ်ပေါင်း ၅၀၀ ဖွဲ့ထက်မနည်းရှိသည်။

ထိုအဖွဲ့များထဲတွင် လူသူလက်နက်အင်အား ၄၀၀ ကျော်ခန့်ရှိသည့် ဗိုလ်မွန်းခေါင်းဆောင်သည့် မန့်ပန်ဌာနေ ပြည်သူ့စစ်တပ်ဖွဲ့ မှာ အင်အားအတောင့်တင်းဆုံး ဖြစ်သည်။