ရွှေလီမြစ်ကူးတို့ဆိပ်၌ စစ်အရာရှိ ငွေတောင်းဟု ဆို

ရွှေလီမြစ်ကူးတို့ဆိပ်၌ စစ်အရာရှိ ငွေတောင်းဟု ဆို
by -
သျှမ်းသံတော်ဆင့်

တရုတ် - မြန်မာနယ်စပ် ရွှေလီမြစ်ကူးတို့ဆိပ် တစ်ခု ဖြစ်သည့် သျှမ်းပြည် (မြောက်ပိုင်း)မူစယ် ခရိုင်မန့်ဟျိုး မြို့ နယ်ခွဲ အ တွင်းရှိ နောင်ခိုရွာ စက်လှေဆိပ်တွင် ဒေသခံမြန်မာစစ်တပ်မှဗိုလ်ကြီး တစ်ဦး ငွေတောင်းခံမှု ယခုလ ၁၁ နေ့က  ပြုလုပ် ခဲ့ကြောင်းကူးတို့ဆိပ်ကန်ထရိုက်ဆွဲထားသူနှင့် နီးစပ်သည့် ဒေသခံတစ်ဦး၏ အဆိုအရသိရ သည်။

Old_shweli_bridge

စစ်တပ်အတွက် နေ့စဉ်ကြေး ကျပ် ၃ သောင်းပေးရမည်ဟု ဗိုလ်ကြီးမျိုးမြင့်အောင် ဆိုသူကစက်လှေမောင်း သမားများအား ၄င်းနေ့ နေ့လည်ပိုင်း၌ ခြိမ်းခြောက် ပြောဆိုခဲ့ကြောင်း သူကဆိုသည်။

“၁၁ ရက်နေ့ နေ့လည် ၂ နာရီခွဲလောက်မှာ မန့်ဟျိုးတပ်စခန်းမှူး ဗိုလ်ကြီးမျိုးမြင့်အောင်က နေ့စဉ် ကျပ်ငွေ ၃ သောင်း ပေးရ မယ်လို့  လှေဆိပ်မှာလာပြောတယ်၊ သေနတ်ထုတ်ပြီး စက်လှေမောင်းတဲ့သူကို ခြိမ်းခြောက်တာ” ဟု ဆိုသည်။

၎င်းလှေဆိပ်မှာ နောင်ခိုရွာသားများစုပေါင်းလုပ်ကိုင်သည့် ကူးတို့ဆိပ်ဖြစ်ပြီး ၀စ်သောက်ကားနှင့်ထော်လာဂျီ များ အဓိက ဖြတ်ကူးကြောင်း ဒေသခံစစ်တပ်အတွက် လစဉ်ကြေး ကျပ် ၃ သောင်းပေးနေသည့်ကြားကနေ့စဉ် ကြေးသွားရောက် တောင်းယူခြင်းနေသေးကြောင်း သူကဆက်ပြောသည်။

အဆိုပါတောင်းခံထားသည့် နေ့စဉ်ကြေး ကျပ် ၃ သောင်းကို ယခုအခါ အပိုဆောင်း ပေးနေရကြောင်းသိရသည်။

ယခုကိစ္စများနှင့် ပတ်သက်၍ အာဏာပိုင်နှင့်နီးစပ်သူတစ်ဦးက ယခုလို မှတ်ချက်ပြု ပြောဆိုသည်။

“တချို့ဟာတွေက တစ်ဦးနဲ့တစ်ဦး တိုက်ခိုက် တာတွေရှိတယ်၊ ၀န်ထမ်းရော ဒေသခံရော အဆင်ပြေတာ အကောင်း ဆုံး ပေါ့ ။ အာဏာပိုင်တွေကတော့ ဘယ်သူမှ ရာထူးအပြုတ်ခံမှာ မဟုတ်ဘူး။ တိတိကျကျလုပ်ရင် အောက်ခြေလက်လုပ် လက် စားနဲ့ ဒေသခံတွေပဲ ထိခိုက်မယ်” ဟု ဆိုသည်။