ကျားဖြူပါတီ အထွေထွေ ညီလာခံမပြီးပြတ် ဗဟိုကော်မတီ ဆက်လက် ဆွေးနွေး

ကျားဖြူပါတီ အထွေထွေ ညီလာခံမပြီးပြတ် ဗဟိုကော်မတီ ဆက်လက် ဆွေးနွေး
by -
သျှမ်းသံတော်ဆင့်

နိုဝင်ဘာ ရ ရက် ရွေးကောက်ပွဲအပြီး ကျားဖြူပါတီ၏ ပထမဆုံး သင်းလုံးကျွတ် ညီလာခံအဖြစ် တောင်ကြီးမြို့ မြို့နယ် ကော်မတီရုံး ၌ ၃ ရက်ကြာ ကျင်းပခဲ့သည်ဟု သိရှိရပါသည်။...

နိုဝင်ဘာ ရ ရက် ရွေးကောက်ပွဲအပြီး ကျားဖြူပါတီ၏ ပထမဆုံး သင်းလုံးကျွတ် ညီလာခံအဖြစ် တောင်ကြီးမြို့ မြို့နယ် ကော်မတီရုံး ၌ ၃ ရက်ကြာ ကျင်းပခဲ့သည်ဟု သိရှိရပါသည်။

ကျားဖြူပါတီ ဥက္ကဌ စိုင်းအိုက်ပေါင်း ( ဓါတ်ပုံ - AFP)“ဟုတ်တယ် ကျနော်တို့ပါတီ အထွေထွေညီလာခံကို ၁၃ ရက်ကနေ ၁၅ ရက်နေ့အထိကျင်းပ တယ်။ တချို့ဟာ မပြီးပြတ်သေးတော့ ဗဟိုကော်မတီဝင်တွေ ဒီကနေ့ ဆက်လက် ဆွေးနွေး ဆုံးဖြတ်မယ်” -ဟု ဗဟိုကော်မတီ ၀င်တဦးကပြောသည်။

ကျားဖြူပါတီ ခေါ် သျှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီ၏ ဗဟိုကော်မတီ အစည်းအဝေး ကျင်းပရန် ဒီဇင်ဘာ ၁၁ နှင့် ၁၂ ရက် သတ်မှတ်ထားသော်လည်း အစည်းအဝေး ကျင်းပရန် နေရာ အခက်အခဲကြောင့် ဒီဇင်ဘာ ၁၂ ရက်မှ စဖြစ်ကြောင်း၊ ပါတီလုံးကျွတ် ညီလာခံကိုမူ ဒီဇင်ဘာ ၁၃ မှ ၁၅ ရက်နေ့ အထိဖြစ်ကြောင်း၊ ထိုညီလာခံတွင် - ပါတီ တာဝန်ဆိုင်ရာလုပ် ငန်းခွဲဝေခြင်း အပြင် ပါတီဝင်ငွေအတွက် ကျားဖြူကုမ္ပဏီ တည်ထောင်ရန် ဆုံးဖြတ်ကြောင်း၊ မပြီးပြတ်သေးသည့် အသေးစိတ်လုပ်ငန်းအချို့ ယနေ့ ဒီဇင်ဘာ ၁၆ ရက် ၌ ဗဟိုကော်မတီက ဆက်လက်ဆွေး ဆုံးဖြတ်မည်ဖြစ်ကြောင်း - လွတ်တော် အမတ်တဦးက ပြောပါသည်။

“ကျနော်တို့ ကြားသိရတာက အသင်းဝင် ရာထူးအဆင့်အပြောင်းအလဲတော့မရှိဘူး၊ အခု ညီလာခံကနေတော့ ကျားဖြူ ကုမ္ပဏီထောင်မယ်၊ အစုရှယ်ယာ တသန်းကို ရှယ်ယာတခု ကျပ်တသောင်းနှုန်းနဲ့ရောင်းမယ်၊ အမြတ်အစွန်း ရ၅ ရာခိုင်နှုန်းကို ရှယ်ယာဝင်တွေ ရမယ်။ ၂၅ ရာနှုန်းက ပါတီအတွက်ဖြစ်မယ် - လို့ပြောဆို ဆွေးနွေးတယ်” ဟု တက်ရောက်လေ့လာသူ တက္ကသိုလ်ကျောင်းသားတဦးက ပြောပါသည်။

ထို့အတူ ဗဟိုကော်မတီဝင်တဦးက -လက်ရှိတွင် ဗဟိုကော်မတီဝင် ၁၅ ဦးမှ ၆ ဦးထပ်မံ တိုးမြင့်ဖွဲ့စည်းကြောင်း၊ အခြားပါတီ/ အသင်းများ နှင့် ၀င်ထွက်ဆက်ဆံရန် ဆက်ဆံရေး ဆပ်ကော်မတီ သုံးယောက် (ဥက္ကဌ ဦးစိုင်းအိုက် ပေါ၀်း၊ အတွင်းရေးမှူးစိုင်းလှကျော်၊ မြစ်ကြီးနား  စောသန်းမြင့် တို့ဖြင့်)  ဖွဲ့စည်းထားကြောင်း၊ လဲချားမြို့ အနိုင်ရ လွတ်တော် အမတ် စိုင်းတင်အားလည်း ဒု-အတွင်းရေးမှူးရာထူးတိုးချဲ့ခန့်အပ်ကြောင်း - ပြောပြပါသည်။

ပါတီပြန်ကြားရေးတာဝန်ကိုမူ ပြောရေးဆိုခွင့်အဖြစ် ဥက္ကဌ ဦးစိုင်းအိုက်ပေါ၀်း နှင့် ဒုဥက္ကဌ စိုင်းဆောင်ဆီ နှစ် ယောက်က နှစ်လတာတာဝန်ယူသွားမည်ဖြစ်ကြောင်း၊ မီဒီယာများ၏ မေးမြန်ချက်ကို ကျန်ပုဂ္ဂိုလ်များ တရားဝင်ဖြေကြားတော့ မည်မဟုတ်ကြောင်း  သျှမ်းသံတော်ဆင့်သို့ ဆက်လက် ပြောပြသည်။

“အစတုန်းက ကျနော်တို့ တောင်ကြီး သျှမ်းစာပေယဉ်ကျေးမှုအသင်းရဲ့ဟောခန်းမှာလုပ်ဖို့။ နောက်တော့မေမြို့ ကိုပြောင်းခိုင်းတယ်။ အဲဒီမှာ ဗဟိုပိုကျတယ်ဆိုပြီးတော့။ ဥက္ကဌရဲ့ ကော်ဖီခြံထဲမှာဆိုတော့ နေရာတော့ကောင်း တယ်။  ဒါပေမယ့် မေမြို့မှာ မိုးတအားရွာတယ်။ အဆင်မပြေပြန်ဘူး။ တောင်ကြီးမှာဆို မိမိပိုင်ရုံးခန်းမှာဘဲ လုပ် ရင်  ရတယ် ဆိုတော့ တောင်ကြီးကိုပြန်ပြောင်း ရတယ်၊  ဗဟိုကော်မတီအစည်းအဝေးလဲ တရက်နောက်ကျ သွားတယ်” - ဟု ပါတီဝင်တဦးက ပြန်လည်ပြောပြ ပါသည်။

အထွေထွေညီလာခံတွင် နိုဝင်ဘာ ရ ရက်နေ့က ၀င်ရောက်ယှဉ်ပြိုင်သည့် ကျားဖြူ ကိုယ်စားလှယ်လောင်း ၁၅၇ ဦး တက်ရောက်ကြောင်း၊ မြို့နယ်တခုလျှင် အနည်းဆုံး ၄ - ၅ ဦး တက် ရောက်ကြောင်း၊ မဘိမ်းမြို့နယ်တခုထဲ တက်ရောက်ခြင်း မရှိကြောင်း၊ လေ့လာသူအဖြစ် တက္ကသိုလ်ကျောင်းသားလူငယ် ၁၀ ဂဏန်းအပါအဝင် တက်ရောက်သူ ၂၀၀ ကျော် ၃၀၀ နီးပါး ရှိကြောင်း ကြားသိရပါသည်။