သျှမ်းပြည် တောင်ပိုင်း မိုင်းကိုင်မြို့နယ်တွင် မဲများကို အပြီးသတ်ရေတွက်ပြီး။ ကျားဖြူပါတီက ကြံ့ခိုင်ရေးပါတီအား မဲအပြတ်အသတ် အနိုင်ရ။ ...
မိုင်းကိုင်တွင် ကျားဖြူက ခြင်္သေ့ကို မဲအပြတ်အသတ်နိုင်
သျှမ်းပြည် တောင်ပိုင်း မိုင်းကိုင်မြို့နယ်တွင် မဲများကို အပြီးသတ်ရေတွက်ပြီး။ ကျားဖြူပါတီက ကြံ့ခိုင်ရေးပါတီအား မဲအပြတ်အသတ် အနိုင်ရ။
ပြည်သူ့လွှတ်တော် - စိုင်းထွန်းအေး (ကျားဖြူပါတီ) ၇၂၅၈ မဲ၊ စိုင်းလုံ (ကြံ့ခိုင်ရေး) ၂၁၆၇။
အမျိုးသားလွှတ်တော် - စိုင်းကျော်ဇောသန်း (ကျားဖြူပါတီ) ၇၀၉၁ မဲ၊ ဦးသန်းခိုင် (ကြံ့ခိုင်ရေး) ၁၉၇၉ မဲ၊ အငြိမ်းစား ဒုတိယဗိုလ်မှူးကြီး ကောင်စစ် (တစည) ၃၄၉ မဲ။
ပြည်နယ်လွှတ်တော် (၁) - စိုင်းပန် (ကျားဖြူပါတီ) ၅၀၈၀ မဲ၊ စိုင်းမီ (ကြံ့ခိုင်ရေး) ၁၁၄၀ မဲ။
ပြည်နယ်လွှတ်တော် (၂) -နန်းခမ်းပိုင်း (ကျားဖြူပါတီ) ၂၃၁၈ မဲ၊ စိုင်းသိန်းအောင် (ကြံ့ခိုင်ရေး) ၁၀၄၉ မဲ။
စိုင်းပန် သည် ကျားဖြူပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် တစ်ဦးဖြစ်ပြီး နန်းခမ်းပိုင်း မှာ အသက် ၂၆ နှစ် ။
မိုင်းယောင်းမှာ ကျားဖြူအနိုင်ရ
မိုင်းယောင်းမြို့နယ်မှာလဲ ကျားဖြူပါတီအနိုင်ရ။ ကြံ့ဖွံ့ပါတီထက် တ၀က်သာသာ မဲပိုရ။ စစ်တပ် ၅ တပ်က ကြံ့ဖွတ်ကိုမဲပေး။ ကြိုတင်မဲကောက်သော်လည်း ကြံ့ဖွတ် တ၀က်ရှုံးနေ။ မိုင်းယောင်းမှာ ကြံ့ဖွတ်၊ ကျားဖြူနဲ့ တစညပါတီ။ ကျားဖြူအမှတ်ထက် တ၀က်လျှော့။ မဲရေတွက်ရာမှာ ကျားဖြူပါတီအမတ်လောင်းများ သွားရောက်စောင့်ကြည့်လို့ မဲလိမ် မဲခိုးမှု မလုပ်ရဲကြ။
ကျိုင်းတုံမှာ မဲရေတွက်ရာအနီး မည်သူမျှမ၀င်ရ
ကျိုင်းတုံမြို့နယ် ၁၂၁ ရုံရှိ။ မဲရေတွက်ရာမှာ မည်သူမျှ အနီးကပ် မ၀င်ရလို့ အမိန့်ထုတ်ထား။ ကျားဖြူပါတီ လွှတ်တော်ကိုယ်စားလှယ်တဦး ၀င်ကြည့်ဖို့ အသွား ရုံအပြင်မှ စောင့်နေသော ပုလိပ်များ၏ ဟန့်တားခံရ။
လားရှိုး ၁၂ ရပ်ကွက်နှင့် မယ့်ဟန်တွင် ကြိုပယ်မဲ အများအပြားရှိ
လားရှိုးမြို့ ရပ်ကွက်(၁၂)ရှိ မဲရုံအမှတ်(၅) နှင့် မယ့်ဟန် ကျေးရွာအုပ်စု မဲရုံအမှတ်(၁) တို့တွင် ကြိုတင်မဲ အများအပြားသည် မဲရုံမှူးလက်မှတ် မပါရှိခြင်း၊ ကော်မရှင် တံဆိပ်တုံး မပါရှိခြင်းတို့ကြောင့် ပယ်မဲများ ဖြစ်သွားကြောင်း။ မယ့်ဟန်ရှိ ကြိုပယ်မဲများမှာ မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်ထံမှ ရယက ဥက္ကဌများယူခဲ့ သော ကြိုတင်မဲပြားများ ဖြစ်နေ။ ရပ်ကွက် ၁၂ သျှမ်းစာပေယဉ်ကျေးမှုရုံးရှိ မဲရုံမှ ကြိုပယ်မဲတချို့မှာမူ မဲရုံမှူး လက်မှတ်ရှိ။ ကြိုပယ်ဖြစ်ရတဲ့အကြောင်းရင်းမှာ မယ့်ဟန်နှင့် ရပ်ကွက် ၁၂ တွင် ကျားဖြူပါတီ ထောက်ခံမည့် အင်အားများနေသည်ကို ရယကဥက္ကဌများသိသောကြောင့် ကြိုတင်မဲလုပ်ရခြင်းဖြစ်။
မယ့်ဟန် ကျေးရွာအုပ်စု မဲရုံအမှတ်(၁) တွင် ပယ်မဲဖြစ်သွားသော ကြိုတင်မဲစာရင်း
အမျိုးသားလွှတ်တော် ၁၅၄ မဲ
ပြည်သူ့လွှတ်တော် ၁၁၁ မဲ
ပြည်နယ်လွှတ်တော် ၁၁၃ မဲ
ရပ်ကွက်(၁၂) မဲရုံအမှတ်(၅) တွင် ပယ်မဲဖြစ်သွားသော ကြိုတင်မဲစာရင်း
အမျိုးသားလွှတ်တော် ၁၉၉ မဲ
ပြည်သူ့လွှတ်တော် ၁၄၂ မဲ
ပြည်နယ်လွှတ်တော် ၁၄၇ မဲ
မသမာသည့် ကြိုတင်မဲကြောင့် ပင်လုံ၌ပြည်နယ်လွှတ်တော်ရှုံး
သျှမ်းပြည်တောင်ပိုင်း နှင့် အရှေ့ပိုင်း မြို့နယ်အချို့မှာ ကြိုတင်မဲကြောင့် ပြည်ခိုင်ဖြိုးအနိုင်ရနိုင်ကြောင်း လွိုင်လင် ကျားဖြူ ကိုယ်စား လှယ်လောင်းတစ်ဦးက ပြောပါတယ်။ ပင်လုံမြို့နယ်ခွဲ ရပ်ကွက် ၁ မဲရုံ အမှတ်(၁)မှာ ကြိုတင်မဲက ၁၂၄ မှာ ၉၄၊ ၀န်တင်တပ်ရင်း(၂) ကြိုတင်မဲ ၃၅၀ မှာ ၃၃၀၊ ၀န်တင်တပ်ရင်း အတွင်းရှိ အထကအမှတ်(၂) ကြိုတင်မဲ ၁၆၈ မှာ ၁၆၆၊ နောင်လှိုင်ကျေးရွာအုပ်စုမှာ ကြိုတင်မဲ ၁၁၆၂ မှာ ၁၁၁၄ ၊ ဟိုင်းနန်း အမက(၁)မှာ ကြိုတင်မဲ ၁၄၉၆ မှာ ၁၀၂၅၊ အထကကျောင်းခွဲ(၂) ဆဟောင်း ကြိုတင်မဲ ၂၅၀၀ မှာ ၁၃၀၀ ကို ပြည်ခိုင်ဖြိုးပါတီ ရရှိထားတယ်လို့ ပြောပါတယ်။ ပင်လုံမြို့မှာ ကျားဖြူပါတီက ပြည်နယ်လွှတ်တော်အဆင့်မှာ မနိုင်နိုင်တော့ဘူးလို့ပြောနိုင်ပါတယ်။ မဲပေးတဲ့နေ့က ၈၀%ဟာ ကျားဖြူ အတွက် သေချာပေမဲ့ ကြိုတင်မဲများတာကြောင့်လို့ ပြောပါတယ်။
ကွန်းဟိန်းမြို့နယ်မှာလဲ မဲဆန္ဒနယ်အမှတ်(၂)မှာ ကြိုတင်မဲကြောင့် စိတ်ပူရ
မဲဆန္ဒနယ်အမှတ်(၂)မှာ ကြိုတင်မဲကြောင့် ကျားဖြူပါတီ စိတ်ပူရ။ ဘာကြောင့်လဲဆိုတော့ ကျေးရွာ ရွေး ကောက်ပွဲ ကော်မရှင်က ကြိုတင်မဲတွေယူသွားပေမယ့် ရွာသူရွာသားတွေကိုယ်တိုင် မထည့်ရဘူး။ သိတောင် မသိလိုက်ရ။ ကိန်းလုံးနဲ့ဝမ်ဖိုင်ကျေးရွာအုပ်စု မဲပေးပိုင်ခွင့်ရှိသူ ၂၅၀၀ မှာ ကြိုတင်မဲ ၂၀၀၀၊ ဆိုင်းခေါဝ် - ၀မ့်လောဝ်းမှာ မဲပေးပိုင်ခွင့် ရှိသူ ၅၀၀ အနက် ကြိုတင်မဲ ၄၀၀ ပြည်ခိုင်ဖြိုးပါတီရသွား။ မဲဆန္ဒနယ်အမှတ်(၁)မှာ မဲပေးပိုင်ခွင့် ၁၀၀၀၀ ကျော်ရှိ၊ မဲပေးပိုင်ခွင့်စာရင်းထဲမှာ ၆၀၀၀ ဘဲ ပါ။
ကချင်ပြည်နယ် နမ့်မတီးနှင့် ၀ိုင်းမော်တွင် ကျားဖြူနိုင်
သျှမ်းသံတော်ဆင့် ဆက်သွယ် မေးမြန်းချက်အရ ကချင်ပြည်နယ် မိုးကောင်းမြို့နယ် နမ့်မတီးနှင့် ၀ိုင်းမော်မြို့နယ်များ တွင် ကျားဖြူအနိုင်ရကြောင်း သိရသည်။