ရွေးကောက်ပွဲ ရလဒ်ကို ၀တပ်ဖွဲ့ အသိအမှတ်မပြု

ရွေးကောက်ပွဲ ရလဒ်ကို ၀တပ်ဖွဲ့ အသိအမှတ်မပြု
by -
သျှမ်းသံတော်ဆင့်

ယခုကျင်းပသည့် ရွေးကောက်ပွဲ ရလဒ်ကို နယ်ခြားစောင့် တပ်ဖွဲ့ရေး လက်မခံသည့် ၀ပြည်သွေးစည်း ညီညွတ်ရေး ပါတီက အသိအမှတ် မပြုကြောင်း ရွေးကောက်ပွဲ မကျင်းပမီ ၁ ရက်အလို ...

ယခုကျင်းပသည့် ရွေးကောက်ပွဲရလဒ်ကို နယ်ခြားစောင့်တပ်ဖွဲ့ရေး လက်မခံသည့် ၀ပြည်သွေးစည်း ညီညွတ်ရေးပါတီက အသိအမှတ်မပြုကြောင်း ရွေးကောက်ပွဲမကျင်းပမီ ၁ ရက်အလို ယမန်နေ့က သဘောထား ကြေငြာချက် တစ်စောင် ထုတ်ပြန်လိုက်ကြောင်း သိရသည်။

အဆိုပါကြေငြာချက်တွင် အဓိကအချက် ၄ ချက် ပါဝင်သည်ဟု တရုတ်နယ်စပ်ရှိ စစ်ရေးနိုင်ငံရေး အကဲခတ် ဦးအောင် ကျော်ဇောက သျှမ်းသံတော်ဆင့်သို့ ပြောသည်။

“၀နယ်မှာ ရွေးကောက်ပွဲ လာမလုပ်ဘူးပေါ့၊ လာမလုပ်တဲ့အတွက် သူတို့ပြည်သူ ၄ သိန်း ၆ သောင်း မဲမပေးရဘူးပေါ့။ ဒါကြောင့် ရွေးကောက်ပွဲ ရလဒ်ကို အသိအမှတ် မပြုနိုင်ဘူးပေါ့။ ဒီဒေသနဲ့ပတ်သက်လို့ ဘယ်သူ့ကိုမှ ကိုယ်စားပြုခွင့် မပေးနိုင်ဘူးတဲ့။ သူတို့နဲ့ နအဖ စစ်အစိုးရကြားမှာ ရှိတဲ့ ပဋိပက္ခတွေကို နောင်တက်လာတဲ့ အစိုးရနဲ့ နိုင်ငံရေးအရ ညှိနှိုင်းဖြေရှင်းသွားဖို့ သဘောထားရှိတယ်ပေါ့” ဟု သူက ပြောသည်။

ဝပြည်သွေးစည်းညီညွတ်ရေးပါတီ (ခေါ်) UWSP ၀တပ်ဖွဲ့သည် သျှမ်းပြည် (မြောက်ပိုင်း) ပန်ဆန်းမြို့၌ ဌာနချုပ် အခြေစိုက် ထား သည့် အဖွဲ့ဖြစ်ပြီး လက်နက်ကိုင်အင်အား ၃ သောင်းဝန်းကျင်ရှိကြောင်း သိရသည်။

Most read this week