တောင်ပိုင်းအရပ်သား ၀ လူထု ထောင်ချီ မဲပေးပိုင်ခွင့် စာရင်းမှ ထုတ်ပယ်ခံရ

တောင်ပိုင်းအရပ်သား ၀ လူထု ထောင်ချီ မဲပေးပိုင်ခွင့် စာရင်းမှ ထုတ်ပယ်ခံရ

ပုံပါကျင်မြို့နယ်ခွဲအတွင်း အသက် ၁၈ အထက်  မဲပေးပိုင်ခွင့်ရှိသူ ၀ ကျေးလက်လူထု ထောင်ချီအား မိုင်းတုံမြို့နယ် ရွေးကောက်ပွဲ ကော်မရှင်က မဲပေးပိုင်ခွင့် စာရင်းမှ ထုတ်ပယ်လိုက်ကြောင်း စုံစမ်းသိရှိရ....

ပုံပါကျင်မြို့နယ်ခွဲအတွင်း အသက် ၁၈ အထက်  မဲပေးပိုင်ခွင့်ရှိသူ ၀ ကျေးလက်လူထု ထောင်ချီအား မိုင်းတုံမြို့နယ် ရွေးကောက်ပွဲ ကော်မရှင်က မဲပေးပိုင်ခွင့် စာရင်းမှ ထုတ်ပယ်လိုက်ကြောင်း စုံစမ်းသိရှိရပါသည်။

uwsa-003ပုံပါကျင်မြို့နယ်ခွဲအတွင်း အသက် ၁၈ အထက်  မဲပေးပိုင်ခွင့်ရှိသူ ၀ ကျေးလက်လူထု ထောင်ချီအား မိုင်းတုံမြို့နယ် ရွေးကောက်ပွဲ ကော်မရှင်က မဲပေးပိုင်ခွင့် စာရင်းမှ ထုတ်ပယ်လိုက်ကြောင်း စုံစမ်းသိရှိရပါသည်။

“မိုင်းတုံမြို့နယ် မဲဆန္ဒနယ်အမှတ် ၂ ထဲ ပါဝင်တဲ့ ဟွေ့အော့ ကျေးရွာအုပ်စု နမ့်ဟူးခွန်ကျေးရွာအုပ်စုက မှတ်ပုံတင်ကိုင် မဲဆန္ဒ ပေးခွင့် ရှိသူ ထောင်ချီ ၀ လူထုကို မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပယ်ထားတာဟာ မတရားဘူး” ဟု ၀ ရွာသူကြီး တဦးက ပြောပါသည်။

သျှမ်းပြည်အရှေ့ပိုင်း မိုင်းတုံမြို့နယ် ရွေးကောက်ပွဲကော်မရှင်က တောင်ပိုင်း ၀ ဌာနချုပ် မိုင်းကျွတ် ဒေသအတွင်း မဲပေးပိုင်ခွင့် ရှိသည့် မူလဇာတိသျှမ်းလူမျိုး ၁၅၀ ကျော်နှင့် ပုံပါကျင်မြို့နယ်ခွဲမှ ဟွေ့အော့ ကျေးရွာအုပ်စု နမ့်ဟူးခွန် ကျေးရွာအုပ်စုမှ ၀ လူဦးရေ ထောင်ချီအား မဲပေးပိုင်ခွင့်စာရင်းမှ ပြီးခဲ့တဲ့ အပတ်က ထုတ်ပယ် လိုက်ပြီဟု ဆိုသည်။

“နမ့်ဟူးခွန်နဲ့ ဟွေ့အော့အုပ်စု ဥက္ကဌက သျှမ်းတွေဆိုတော့ ၀ တပ်ထိန်းချုပ်နယ်မြေအတွင်း မဲပေးခွင့်ရှိသူ ၀ ရွာသားစာရင်း သွားကပ်ဖို့ မြို့နယ် ရွေးကောက်ပွဲကော်မရှင် ပြောတာကို သူတို့ သွားမကပ်ရဲဘူးလို့ တင်ပြတယ်။ နောက်တရက်တော့ အဲဒီစာရင်းတွေ ပယ်ချက် ကြောင်း ရွေးကောက်ပွဲကော်မရှင်ဆီ တင်ပြလိုက်တယ်” ဟု ဆိုသည်။    

စက်တင်ဘာလလယ်ပိုင်း ကျားဖြူပါတီ ဥက္ကဌနှင့် ဒုဥက္ကဌ အဖွဲ့ မိုင်းတုံ ပုံပါကျင် မိုင်းဆတ် မြို့နယ်ဘက် စည်းရုံးရေး ဆင်းစဉ် ကျေးလက် ၀ လူထု အကြီးအကဲ တချို့က သျှမ်းပါတီကိုသာ မဲပေးမည်ဟု မိတ်ဆုံ ညစာစားပွဲ၌ ကတိစကား ပြောထားသောကြောင့် ယခုကဲ့သို့ ပယ်ထုတ်ခြင်း ဖြစ်နိုင်သည်ဟု အဆိုပါ ၀ ရွာသူကြီး တစ်ဦးက ပြောပါသည်။

၁၉၉၉ မှ ၂၀၀၁ အထိ မြောက်ပိုင်း ၀ နယ်မှ တောင်ပိုင်းထိုင်းနယ်စပ် မိုင်းတုံ-မိုင်းဆတ်မြို့နယ်သို့ UWSA ၀ တပ်က ရွေ့ပြောင်း ပေးသည့် ၀ လူဦးရေ ရှစ်သောင်း ရှိသည်ဟု ၀ တပ်ဖွဲ့က ပြောဆိုသော်လည်း LNDO လားဟူအမျိုးသား ဖွံ့ဖြိုးရေးအဖွဲ့  ထုတ်ပြန်သည့် အစီရင်ခံစာတွင် ထိုင်းနယ်စပ်ရောက် ၀ လူဦးရေ ၁၂၆,၀၀၀ ရှိဟု ဖေါ်ပြခဲ့ဖူး၏။