ရွေးကောက်ပွဲ သတ်မှတ်ရက်ကြောင့် ကိုယ်စားလှယ်လောင်း ရွေးရေး ကျားဖြူ ပါတီလက်မလည်

ရွေးကောက်ပွဲ သတ်မှတ်ရက်ကြောင့် ကိုယ်စားလှယ်လောင်း ရွေးရေး ကျားဖြူ ပါတီလက်မလည်

လာမည့် နိုဝင်ဘာ ၇ ရက် ရွေးကောက်ပွဲ ကျင်းပမည်ဟူသည့် ထုတ်ပြန်ကြေငြာချက်ကြောင့် အချိန် အကြပ် အတည်းနှင့် ရင်ဆိုင်ရပြီး ကျားဖြူပါတီ မြို့နယ်ကော်မတီရုံးခွဲ ဆက်တိုက်ဖွင့်လှစ်ရေးထက် ကိုယ်စားလှယ် လောင်း ရွေးချယ်ရေးအတွက် အလျင်စလို ဦးစားပေးရ.....

လာမည့် နိုဝင်ဘာ ၇ ရက် ရွေးကောက်ပွဲ ကျင်းပမည်ဟူသည့် ထုတ်ပြန်ကြေငြာချက်ကြောင့် အချိန် အကြပ် အတည်းနှင့် ရင်ဆိုင်ရပြီး ကျားဖြူပါတီ မြို့နယ်ကော်မတီရုံးခွဲ ဆက်တိုက်ဖွင့်လှစ်ရေးထက် ကိုယ်စားလှယ် လောင်း ရွေးချယ်ရေးအတွက် အလျင်စလို ဦးစားပေးရကြောင်း   စုံစမ်းသိရှိရပါသည်။

“ကျနော်တို့ ကိုယ်စားလှယ်လောင်း စာရင်းအချိန်မှီ တင်ပြဖို့ဘဲ ဦးစားပေးလုပ်နေတယ်။ ပါတီရုံးခွဲ ဖွင့်ဖို့ သိပ်မလုပ်အားတော့ဘူး။ အခုအခြေအနေက ဘယ်မြို့နယ်တွေမှာ ဘယ်သူက ဘယ်လွှတ်တော် အဆင့်မှာ အမတ်လောင်းအဖြစ် ၀င်ပြင်မယ် ဆိုတာဘဲ” ဟု ပြန်ကြားရေးတာဝန်ခံ စိုင်းထွန်းအေးက ပြောပါသည်။

ယခုလဆန်းပိုင်းအထိ ပါတီရုံးခွဲ ဖွင့်နိုင်ခဲ့သည့် မြို့နယ်များ၌ မည်သူက မည်သည့် လွှတ်တော်အဆင့်တွင် ပါဝင်မည် ဆိုသည်ကို လျာထားပြီး ဖြစ်ကြောင်း၊ ရွေးကောက်ပွဲ ကော်မရှင် သတ်မှတ်ထားသည့် ကိုယ်စားလှယ် လောင်းစာရင်း တင်သွင်းရက် (ယခုလ နောက်ဆုံး) အမှီ တင်ပြရေးအတွက် ဗဟိုကော်မတီမှ မြို့နယ်ရုံးခွဲနှင့် တာဝန်ရှိ ပုဂ္ဂိုလ်များထံ ညွှန်ကြားထားပြီး ဖြစ်ကြောင်း၊ ရုံးခွဲဖွင့်လှစ်ခြင်း မရှိသေးသည့် မြို့နယ်တို့တွင်လည်း ကိုယ်စားလှယ်လောင်းများစာရင်း အမြန်ဆုံး ရရှိရေးကိုသာ ဦးစားပေး လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ပြော၏။
election-day
“ပါတီဝင် ဦးရေစာရင်းက မနေ့တုန်းက နေပြည်တော်ကို တင်ပြလိုက်ပြီ။ ဒီလမကုန်ခင်အထိ ကိုယ်စားလှယ် လောင်း စာရင်း တင်ပြနိုင်ဖို့ လုပ်ရမယ်။ လွှတ်တော် သုံးရပ်မှာ ကျနော်တို့ ဦးစားပေးမှာက ပြည်နယ် လွှတ်တော်ပါ” ဟု သျှမ်းသံတော်ဆင့်သို့ ဆက်၍ ပြောပြ၏။

ကျားဖြူပါတီ (ခေါ်) သျှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ SNDP သည် သျှမ်းပြည်အတွင်း ၃၉ မြို့နယ်အပြင် ကချင်၊ ကယား (ကရင်နီပြည်)၊ ရန်ကုန်၊ စစ်ကိုင်းနှင့် မန္တလေးတိုင်း တို့တွင်လည်း လူနည်းစု လွှတ်တော်အဆင့် ယှဉ်ပြိုင်မည် ဖြစ်သည်။

ကျားဖြူပါတီ အနေဖြင့် လျာထားသည့် သျှမ်းပြည်မြောက်ပိုင်း မြို့နယ်အသီးသီး၌ ရုံးခွဲဖွင့်လှစ်ထားပြီး ဖြစ်ကြောင်း၊ သံလွင်အရှေ့ခြမ်းဘက်တွင်မူ မိုင်းတုံ၊ မိုင်းဆတ်၊ သျှမ်းပြည်တောင်ပိုင်းတွင် အောင်ပန်း၊ ကလောနှင့် အခြား ၃-၄ မြို့နယ်၌ ကော်မတီရုံးခွဲ ဖွင့်လှစ်ရန် ကျန်နေသေးကြောင်း၊ မည်သို့ပင်ဆိုစေ သျှမ်းပြည်လူထု ကောင်းစားရေး ရှေ့တန်း တင်ကာ စေတနာ အပြည့်ဖြင့် လုပ်ဆောင်သွားမည် ဖြစ်သောကြောင့် လူထုထောက်ခံမှု အပြည့်အ၀ ရရှိရန် ရည်ရွယ်ကြောင်း ပြန်ကြားရေး တာဝန်ခံ စိုင်းထွန်းအေးက ပြောပြပါသည်။

3. ရွေးကောက်ပွဲ ကျင်းပမည့် နေ့ရက်

 

 

 

Most read this week